အသုံးပြုသူ:Thant Sin Thu/sandbox

ဝီကီပီးဒီးယား မှ

ရှောင်းမီ တည်ထောင်သူ လေကျွင်း (သို့) စမတ်ဖုန်း မုန်တိုင်းသစ် တိုက်ခတ်စေခဲ့သူ


ဒီနာမည်ကို လွန်ခဲ့တဲ့ ခြောက်နှစ်က ဘယ်သူမှ မကြားဖူးနိုင်ဘူး။ ဘာလို ့လဲဆိုတော့ ရှောင်းမီ တည်ထောင်တာ လာမယ့် ၄ လပိုင်း ၆ ရက်နေ ့မှ ၆ နှစ် ပြည့်မယ်။ ဒီလောက် အချိန်တို အတွင်းမှာ ရှောင်းမီဟာ ဧရာမ မိုဘိုင်းဖုန်း ကုမ္ပဏီကြီး တွေကို နောက်ကောက်ချပြီး တရုတ်ရဲ ့ နံပါတ် ၁ ဖြစ်လာတယ်။ ကမ္ဘာမှာ Apple နဲ ့ Samsung နောက်က တတိယ အကြီးဆုံး မိုဘိုင်းဖုန်း ကုမ္ပဏီ ဖြစ်လာပါတယ်။

တရုတ်တို ့ရဲ ့ နည်းပညာခေတ်မှာ ရှောင်းမီ နဲ ့အလီဘာဘာက အံ့ဩဖွယ်ရာ နှစ်ခု ဖြစ်တယ်။ အလီဘာဘာကို တည်ထောင်သူ ဂျက်မား အကြောင်းကို လူသိ ပိုများပါတယ်။ ရှောင်းမီကို တည်ထောင်သူ လေကျွင်းကို သိပ်မသိကြဘူး။ ဂျက်မားနဲ ့ လေကျွင်းဟာ တရုတ်လူငယ်တွေရဲ ့ အိမ်မက်ထဲက စီးပွားရေး အိုင်ကွန် နှစ်ယောက် ဖြစ်ပါတယ်။

၁၉၉၁ တရုတ်ပြည် ဝူဟန် တက္ကသိုလ်မှာ ကွန်ပြူတာ သိပ္ပံ တက် နေတဲ့ အသက် ၂၂ နှစ် အရွယ် လေကျွင်း ဆိုတဲ့ လူငယ် တစ်ယောက် ရှိပါတယ်။ သူ ့သူငယ်ချင်း နှစ်ယောက်နဲ ့ အတူ ကျောင်းတက်ရင်း Software ကုမ္ပဏီ အသေးလေး စတည်ထောင်တယ်။ မကြာပါဘူး။ တရုတ်တို ့ရဲ ့ ထုံးစံအတိုင်း သူ အိုင်ဒီယာကို ကုမ္ပဏီကြီး တစ်ခု ဆင်တူ ရေးဆွဲပြီး စျေးပေါပေါနဲ ့ ချရောင်း လိုက်တယ်။ ဒါကြောင့် သူတို ့ကုမ္ပဏီ အသေးလေး မလည်ပတ်တော့ဘဲ ၆ လနဲ ့ ပိတ်လိုက်ရတယ်။ သုံးယောက်လုံး ရှိစုမဲ့စုတွေ ကုန်ပြီး အရင်းပြုတ် သွားတယ်။ လက်ကျန်ပစ္စည်းတွေ ခွဲတော့ ကွန်ပြူတာနှစ်လုံးနဲ့ ပရင်တာ တစ်လုံး ကျန်တယ်။ ဒါကို သုံးယောက် မျှပြီး ခွဲယူလိုက်ကြတယ်။

အဲဒီ အရင်းပြုတ်သွားတဲ့ သုံးယောက်ထဲက လေကျွင်း ဆိုတဲ့ ကောင်လေးဟာ က နောင် ၁၉ နှစ်အကြာမှာတော့ ကမ္ဘာ ့ တတိယ အကြီးဆုံး စမတ်ဖုန်း ကုမ္ပဏီ ဖန်တီးမယ့်သူ ဆိုတာကို ဘယ်သူမှ မခန် ့မှန်း နိုင်ခဲ့ပါဘူး။

လေကျွင်းကို ၁၉၆၉ ဒီဇင်ဘာ ၁၆၊ ဟူပေ ပြည်နယ် မှာမွေးပါတယ်။ ၁၉၈ရ မှာ အထက်တန်းပြီးတယ်။ ဝူဟန် ကွန်ပြူတာ တက္ကသိုလ်တက်တယ်။ ၁၉၉၁ မှာ ကိုယ်ပိုင် ကုမ္ပဏီ စတည်ထောင်ရာမှ အရင်းပြုတ် ဆုံးရှုံးခဲ့ပါတယ်။

ဒါနဲ ့၁၉၉၂ မှာ လေကျွင်းဟာ King Soft အမည်ရှိ Anti Virus ရေးတဲ့ ဆော့ဝဲလ် ကုမ္ပဏီမှာ အစမ်းခန် ့ အောက်ခြေ ဝန်ထမ်း စလုပ်ပါတယ်။ သူဟာ အလုပ်ကြိုးစားပြီး သင်ယူမှု အလွန်မြန်တယ် ဆိုတယ်။ တပတ်ကို နာရီ ၁၀၀ အထက် အလုပ် လုပ်တယ်။ ထူးခြားတဲ့ အရည်အသွေးကြောင့် ၂ နှစ် အကြာမှာ ကုမ္ပဏီရဲ ့ အထွေထွေ မန်နေဂျာ ဖြစ်လာတယ်။ နောင် ၄ နှစ်အကြာ ၁၉၉၈ မှာ ကုမ္ပဏီရဲ ့စီအီးအို အဖြစ် ခန့်အပ်ခြင်း ခံရတယ်။ ၆ နှစ်အတွင်း အောက်ဆုံး ဝန်ထမ်းကနေ စီအီးအို ဖြစ်ခဲ့တာက အံ့ဩဖွယ် သူရဲ ့ အရည်အသွေးပါပဲ။

၂၀၀၀ ခုနှစ် မတ်လမှာ King Soft ရဲ ့ စီအီးအို တာဝန် ယူထားရင်း Joyo.com ဆိုတဲ့ အင်တာနက် စာအုပ်ဆိုင်ကို ကိုယ်ပိုင်လုပ်ငန်း အဖြစ် ပြန် တည်ထောင်ပါတယ်။ လုပ်ငန်း အောင်မြင်သွားပြီး ၄ နှစ်အကြာမှာ Joyo ကို Amazon ကုမ္ပဏီသို ့ ဒေါ်လာ ရ၅ သန်းနဲ ့ရောင်းချလိုက်တယ်။ ဒီကစပြီး လေကျွင်းဟာ တရုတ် မီလီယံနာ တစ်ဦး ဖြစ်လာပါတယ်။

King Soft ကုမ္ပဏီဟာ လေကျွင်းကို ဆက်လက် ထိန်းသိမ်းထားဖို ့၁၉၉၈ ထဲက စီအီးအို ရာထူးပေးခဲ့သလို ၂၀၀၁ မှာ ဥက္ကဌ ရာထူးပါ ပူးတွဲခန် ့အပ် ခဲ့ပါတယ်။ ဒါပေမယ့် Joyo ကိုရောင်းချပြီး ကိုယ်ပိုင် လုပ်ငန်း တစ်ခု ထပ်တည်ထောင်ဖို ့ဆန္ဒ ပြင်းပြနေတဲ့ လေကျွင်းကို သူတို ့ ထိန်းသိမ်းလို ့ မရတော့ပါဘူး။ ၂၀၀ရ ဒီဇင်ဘာ ၂၀ မှာ လေကျွင်းဟာ ကျန်းမာရေး မကောင်းလို ့ ဆိုတဲ့ အကြောင်းပြချက် နဲ ့ ဆယ်နှစ်နီးပါး လုပ်ခဲ့တဲ့ စီအီးအိုနဲ ့ဥက္ကဌ ရာထူးက နှုတ်ထွက်ပါတယ်။ လေကျွင်းဟာ ဒီနေ့ထိ King Soft ကုမ္ပဏီရဲ ့ ရှယ်ယာ ၁၂ ရာခိုင်နှုန်း ပိုင်ပါသေးတယ်။

၂၀၀၈ မှာ လေကျွင်းဟာ သူရဲ ့ငွေတွေနဲ ့ တရုတ် နာမည်ကျော် (UC Browser) ကို ဖန်တီးခဲ့တဲ့ မိုဘိုင်း အင်တာနက် ကုမ္ပဏီ UCWeb နဲ ့Vancl.com မှာ စတင် ရင်းနှီးမြုပ်နှံတယ်။ မကြာခင် UCWeb ရဲ ့ ဥက္ကဌ တာဝန် ယူတယ်။ လေကျွင်းရဲ ့ အိမ်မက်တွေဟာ ဒီလောက်နဲ ့ မရပ်တန် ့ သွားသေးပါဘူး။ King Soft မှာ အလုပ်လုပ်စဉ် ထဲက နိုကီရာ၊ မိုတိုရိုလာ ကုမ္ပဏီတွေနဲ ့ လုပ်ငန်းအရ ပတ်သတ် ခဲ့ပြီး စမတ်ဖုန်း စျေးကွက်ကို စိတ်ကူးယဉ် ခဲ့ပါတယ်။ အလျင်အမြန် ကြီးထွားလာတဲ့ ဒီစျေးကွက်ကို ရယူဖို ့ ဆုံးဖြတ်ပြီး နည်းဗျူဟာတွေ ချမှတ်ပါတယ်။

၂၀၁၀ လေးလပိုင်း မှာတော့ သူငယ်ချင်း ၈ ယောက်နဲ ့ ရှယ်ယာစုပြီး ရှောင်းမီကို စတင် တည်ထောင်တယ်။ ဒီတည်ထောင်ခြင်းဟာ အာရှရဲ ့ စမတ်ဖုန်း၊ တက်ဘလက်နဲ ့နည်းပညာ လောက ထဲကို မုန်တိုင်း တစ်ခု စတင် ဝင်ရောက်လာ ခြင်း လို ့ ဆိုနိုင်ပါတယ်။

ရှောင်းမီတည်ထောင်ပြီး တစ်နှစ်နဲ ့ ငါးလ အကြာ မှာ သူတို ့ရဲ ့ပထမဆုံး စမတ်ဖုန်း ဖြစ်တဲ့ Mi1 ကို စထုတ်ပါတယ်။ ပန်းသီးဘုရင် စတိပ်ဂျော့ရဲ ့ နောက်ဆုံး လက်ရာ iphone 4S နဲ ့ အပြိုင် တရုတ် စျေးကွက်ထဲ စပို ့တယ်။ 4S က ဒေါ်လာ ရ၉၀ ရောင်းတဲ့ အချိန်မှာ Mi1 ကို ဒေါ်လာ ၃၂၀ နဲ ရောင်းပါတယ်။ အိုင်ဖုန်း နဲ ့အရည်အသွေး တူတဲ့ ဖုန်းကို စျေးတဝက်ပဲပေးပါ ဆိုပြီး နည်းပညာ ဘီလူးကြီးကို နားရွက် တံတွေး စစွတ်ပါတယ်။ ဒီကနေ စပြီး ရှောင်းမီ ဟာ ကမ္ဘာမှာ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး စမတ်ဖုန်း စျေးကွက်ထဲကို ခုန်ဝင် လာပါတယ်။ စတိပ်ဂျော့ ကွယ်လွန် သွားတဲ့အခါ လေကျွင်းကို ဒုတိယ စတိပ်ဂျော့ အဖြစ် တင်စားကြပါတယ်။

ရှောင်းမီဟာ အလွန်လျင်မြန်စွာ အောင်မြင်လာပြီး ၂၀၁၄ ဒီဇင်ဘာမှာ ကုမ္ပဏီ တစ်ခုလုံးရဲ ့တန်ဖိုး ဒေါ်လာ ၄၅ ဘီလီယံ ရှိလာပါတယ်။ လေကျွင်းလည်း တရုတ်ရဲ ့ ထိပ်သီး စီးပွားရေး မီးငှက်တွေကို ကျော်တက်ပြီး

- ၂၀၁၁ မှာ တရုတ်ရဲ ့ ၂၀၁ ယောက်မြောက် အချမ်းသာဆုံး ပုဂ္ဂိုလ် ဖြစ်လာတယ်။ - ၂၀၁၂ မှာ တရုတ် ထိပ်တန်း လုပ်ငန်းရှင် ၁၀ ယောက်ထဲ ပါလာတယ်။ - ၂၀၁၃ မှာ ဖော်ကျွန်း မဂ္ဂဇင်းရဲ ့ ဂုဏ်ယူ အထိုက်ဆုံး လုပ်ငန်းရှင် အဖြစ် ရွေးချယ်ခံရတယ်။ - ၂၀၁၃ မှာ အာရှကို ချုပ်ကိုင်မယ့် လုပ်ငန်းရှင် ၁၁ ယောက် စာရင်းမှာပါလာတယ်။ - ၂၀၁၄ မှာ ပိုင်ဆိုင်မှု ၉.၉ ဘီလီယံနဲ ့ တရုတ် နံပတ် ၈ ဘီလီနာ ဖြစ်လာတယ်။ - ၂၀၁၄ မှာ ဖို့ဒ် မဂ္ဂဇင်းရဲ ့ တနှစ်တာ စွန် ့ဦး လုပ်ငန်းရှင် အဖြစ် ရွေးချယ်ခံ ခဲ့ရတယ်။ - ၂၀၁၅ ဇူလိုင်မှာ ပိုင်ဆိုင်မှု ခန် ့မှန်း ၁၃.၃ ဘီလီယံနဲ ့ တရုတ် နံပါတ် လေး၊ ကမ္ဘာ ့ နံပါတ် ၈ရ ယောက် မြောက် အချမ်းသာဆုံး ပုဂ္ဂိုလ် ဖြစ်လာပါတယ်။

(*အတည်မပြုနိုင်တဲ့ စာရင်းအရ လေကျွင်းဟာ ဒေါ်လာ ၄၅ ဘီလီယံတန်တဲ့ ရှောင်းမီရဲ ့ ရှယ်ယာ ရ၇.၈ ရာခိုင်နှုန်း ပိုင်ဆိုင်တဲ့ အတွက် ၃၅ ဘီလီယံ ထိ ကြွယ်ဝနေပြီလည်း ဆိုပါတယ်။ ဒါသာ မှန်ခဲ့ရင်တော့ လေကျွင်းဟာ အလီဘာဘာရဲ ့ ဂျက်မားနဲ ့ ဝမ်ဒါအုပ်စု သူဌေး ဝမ်ကျန်လင် ကို ကျော်တက်ပြီး တရုတ် နံပါတ်တစ် ဘီလီနာ ဖြစ်နေပါပြီ*)

လေကျွင်းဟာ ရှောင်းမီကို ဆက်တိုက် အရှိန် မြင့်တင်နေရင်း အခြား ရင်းနှီးမြုပ်နှံမှု တွေကိုပါ တောက်လျှောက် ပြုလုပ်နေပါတယ်။ ၂၀၁၁ အတွင်း တရုတ် နည်းပညာ ကုမ္ပဏီ ၂၀ ကျော်မှာ ရင်းနှီး မြုပ်နှံခဲ့တယ် ဆိုတယ်။ တရုတ်နာမည်ကျော် e commerce ကုမ္ပဏီ Lakala နဲ ့ လူမှုကွန်ယက် YY မှာလည်း လေကျွင်း ရှယ်ယာ အများစုပါတယ်။ ၂၀၁၅ မတ်လမှာ ယုကျားဟွေလို ့ ခေါ်တဲ့ အလှကုန် ကုမ္ပဏီမှာပါ ထပ်မံ ရင်းနှီးမြုပ်နှံ ခဲ့တယ်။ ၂၀၁၅ ကစပြီး နည်းပညာ ကုမ္ပဏီ အသေး တစ်ရာကျော်မှာ ရင်းနှီးမြုပ်နှံပြီး ရှောင်းမီကို ပိုမို ကြီးထွားအောင် ဘေးကနေ ပံ့ပိုးပေးဖို ့ စီစဉ် နေပါတယ်။

ရှောင်းမီရဲ့ စျေးကွက် ထိုးဖောက်မှု နည်းဗျူဟာ


  • ဧရာမ ဖုန်းကုမ္ပဏီတွေကို ယှဉ်ပြိုင်ဖို ့ ကုန်ကျစရိတ် လျော့တဲ့ အနေနဲ ့ နေရာကောင်းမှာ ဆိုင်ခန်းဖွင့်ခြင်းကို ရှောင်ကျဉ်ပြီး Online ကသာ တဆင့်ရောင်းချခဲ့တယ်။ ဆိုင်ခန်းစရိတ် လွန်စွာ သက်သာခဲ့ပါတယ်။
  • ပစ္စည်းကို စျေးကွက်မှာ အမြဲ လိုအပ်ချက် ဖြစ်နေစေရန် အရေအတွက် ထိန်းချုပ်ပြီး ထုတ်ခဲ့တယ်။
  • သုံးစွဲသူရဲ ့တုံ ့ပြန်မှုကို အပတ်စဉ် (Update) ပေးပြီး အမြန်ဆုံး ပြင်ဆင်ပေးတယ်။
  • အရည်အသွေးကောင်း ကို စျေး သက်သက် သာသာနဲ ့ ရောင်းတယ်။
  • ကြေငြာကို ရုပ်သံမီဒီယာက မကြေငြာဘဲ Online ကသာ ကြေငြာပြီး စရိတ်ကို ပြိုင်ဘက် ကုမ္ပဏီ တွေထက် အဆပေါင်းများစွာ ချုံ ့ခဲ့တယ်။
  • ဥရောပ၊ အမေရိကန် နဲ့ ဂျပန်လို စျေးကွက်တွေကို မရွေးချယ်ဘဲ စျေးပေါပြီး အရည်အသွေးကောင်း လိုအပ်နေတဲ့ တရုတ်၊ အိန္ဒိယနဲ ့ အရှေ ့တောင် အာရှ စျေးကွက်ကိုသာ ရွေးချယ် ခဲ့ပါတယ်။

စမတ်ဖုန်း သုံးစွဲမှု ပေါက်ကွဲချိန်မှာ စျေးကွက် လိုအပ်ချက် ကွက်လပ် တစ်ခု ပေါ်လာခဲ့တယ်။ အနောက်နိုင်ငံနဲ ့ဂျပန် ဖုန်းတွေဟာ အရည်အသွေး ကောင်းပေမယ့် စျေးများတယ်။ တရုတ်ဖုန်း ကျတော့ စျေးပေါပြီး အရည်အသွေး ညံ့တယ်။ ဒီနှစ်ခုကြားထဲက "အရည်အသွေးကောင်း စျေးသက်သာ" ဆိုတဲ့ ကွက်လပ်ကို ရှောင်းမီက ဖြည့်နိုင်ခဲ့တာကြောင့် တဟုန်ထိုး အောင်မြင်ခဲ့ပါတယ်။

လေကျွင်းရဲ ့ကျော်ကြားတဲ့စကားတစ်ခုကတော့ မိုဘိုင်းဖုန်းက နိုင်ငံသားဖြစ်ခွင့် လျှောက်စရာ မလိုဘူး ဆိုတာပါပဲ။ သူ့ဖုန်းကို တကမ္ဘာလုံး လက်ခံ နိုင်အောင်လုပ်ပြီး နိုင်ငံတိုင်းမှာ ဝင်နေမယ်လို ့ ဆိုပါတယ်။

သူဟာ ၂၀၀၄ ခုနှစ်ထဲက ကြွယ်ဝတဲ့ မီလီယံနာ ဖြစ်နေပေမယ့် ၂၀၀ရ ထိ လူထုရှေ ့ ထွက်မလာခဲ့ပါဘူး။ (Very Low Profile) မထင်မရှား နေထိုင်ခဲ့ပါတယ်။ ၂၀၀ရ နောက်ပိုင်းမှ CEO Branding လုပ်ဖို ့မီဒီယာတွေနဲ ့ အင်တာဗျူး ခံပြီး လူထုရှေ ့ထွက်လာပါတယ်။

အသက် ၄၆ နှစ် ရှိပြီဖြစ်တဲ့ လေကျွင်းကို မီဒီယာက မေးပါတယ်။ ဇီးရိုး ဘဝကနေ ကမ္ဘာ ့တန်ဖိုး အကြီးဆုံး ကုမ္ပဏီတစ်ခု ဖြစ်အောင် ဖန်တီးခဲ့တဲ့ ခင်ဗျားရဲ ့ လှို ့ဝှက်ချက်က ဘာလဲတဲ့။

လေကျွင်းက သူ့ရဲ ့ ကြိုးစားမှု၊ ထူးချွန်မှုတွေကို အမွှန်းမတင်ဘဲ ဒီလို ရိုးရိုးလေး ဖြေခဲ့ပါတယ်။

"ကျနော်က အချိန်မှန် နေရာမှန် ယူမိလို ့ပါ။ မုန်တိုင်း အလယ်ထဲ ဝင်သွားမှတော့ ဝက်တောင် ပျံလို ့ ရပါတယ်" တဲ့။

လေကျွင်းနဲ ့ယှဉ်ရင် ဘာမှမဟုတ်သေးတဲ့ ကျနော်တို ့ အတုယူဖို ့ ကောင်းလွန်းပါတယ်။

Credit - Facebook