အသုံးပြုသူ:Patric thein
ငါးရာငါးဆယ်ဇာတ်တော်များစားရင်း
[ပြင်ဆင်ရန်]၁ ဧကကနိပါတ် - အပဏ္ဏကဇာတ်အစ သဉ္စီဝဇာတ်အဆုံး ဇာတ်ဝတ္ထုပေါင်း ၁၅၀-ပါဝင်သည်။
၂ ဒုကနိပါတ် - ရာဇောဝါဒဇာတ်အစ ကပိဇာတ်အဆုံး ဇာတ်ဝတ္ထုပေါင်း ၁၀ဝ-ပါဝင်သည်။
၃ တိကနိပါတ်-သင်္ကပ္ပရာဂဇာတ်အစ ဝကဇာတ်အဆုံး ဇာတ်ဝတ္ထုပေါင်း ၅၀-ပါဝင်သည်။
၄ စတုကနိပါတ်- စူဠကလိင်္ဂဇာတ်အစ ဒေဝတာပဉှဇာတ်အဆုံး ဇာတ်ဝတ္ထုပေါင်း ၅၀-ပါဝင်သည်။
၅ ပဉ္စကနိပါတ်- မဏိကုဏ္ဏလဇာတ်အစ ကပေါတဇာတ်အဆုံး ဇာတ်ဝတ္ထုပေါင်း ၂၅-ပါဝင်သည်။
၆ ဆက္ကနိပါတ်- အဝါရိယဇာတ်အစ ပါရာဝတဇာတ်အဆုံး ဇာတ်ဝတ္ထုပေါင်း ၂၀-ပါဝင်သည်။
၇ သတ္တကနိပါတ်- ကုက္ကုဇာတ်အစ ပရ န္တပဇာတ်အဆုံး ဇာတ်ဝတ္ထုပေါင်း ၂၀-ပါဝင်သည်။
၈ အဋ္ဌကနိပါတ်- ကစ္စာနိဇာတ်အစ ဒီပိဇာတ်အဆုံး ဇာတ်ဝတ္ထုပေါင်း ၁၀-ပါဝင်သည်။
၉ နဝကနိပါတ်- ဂိဇ္ဈဇာတ်အစ တိတ္တိရဇာတ်အဆုံး ဇာတ်ဝတ္ထုပေါင်း ၁၂-ပါဝင်သည်။
၁၀ ဒသကနိပါတ်-စတုဒွါရဇာတ်အစ ဃဋပဏ္ဍိတဇာတ်အဆုံး ဇာတ်ဝတ္ထုပေါင်း ၁၆-ပါဝင်သည်။
၁၁ ဧကာဒသကနိပါတ်- မာတုပေါသကဇာတ်အစ သုပ္ပါရကဇာတ်အဆုံး ဇာတ်ဝတ္ထုပေါင်း ၉-ပါဝင်သည်။
၁၂ ဒွါဒသကနိပါတ်- စူဠကုဏာလဇာတ်အစ မိတ္တာမိတ္တဇာတ်အဆုံး ဇာတ်ဝတ္ထုပေါင်း ၁၀-ပါဝင်သည်။
၁၃ တေရသကနိပါတ်- အမ္ဗဇာတ်အစ သရဘမိဂဇာတ်အဆုံး ဇာတ်ဝတ္ထုပေါင်း ၁၀-ပါဝင်သည်။
၁၄ ပကိဏ္ဏကနိပါတ်- သာလိကေဒါရဇာတ်အစ ဘိက္ခာပရမ္ပရဇာတ်အဆုံး ဇာတ်ဝတ္ထုပေါင်း ၁၃-ပါဝင်သည်။
၁၅ ဝီသတိနိပါတ်- မာတင်္ဂဇာတ်အစ အယောဃရဇာတ်အဆုံး ဇာတ်ဝတ္ထုပေါင်း ၁၄-ပါဝင်သည်။
၁၆ တိံသနိပါတ်- ကိံဆန္ဒဇာတ်အစ ဂန္ဓတိန္ဒုကဇာတ်အဆုံး ဇာတ်ဝတ္ထုပေါင်း ၁၀-ပါဝင်သည်။
၁၇ စတ္တာလီသနိပါတ်- တေသကုဏဇာတ်အစ စူဠသုတသောမဇာတ်အဆုံး ဇာတ်ဝတ္ထုပေါင်း၅-ပါဝင်သည်။
၁၈ ပဏ္ဏာသနိပါတ်- နိဠိနိကာဇာတ်အစ မဟာဗောဓိဇာတ်အဆုံး ဇာတ်ဝတ္ထုပေါင်း ၃-ပါဝင်သည်။
၁၉ သဋ္ဌိနိပါတ်- သောဏကဇာတ်အစ သံကိစ္စဇာတ်အဆုံး ဇာတ်ဝတ္ထု ၂-ခုပါဝင်သည်။
၂၀ သတ္တတိနိပါတ်- ကုသဇာတ်အစ သောဏနန္ဒဇာတ်အဆုံး ဇာတ်ဝတ္ထု ၂-ခုပါဝင်သည်။
၂၁- အသီတိနိပါတ်- စူဠဟံသဇာတ်အစ မဟာသုတသောမဇာတ်အဆုံး ဇာတ်ဝတ္ထုပေါင်း ၅-ပါဝင်သည်။
၂၂- မဟာနိပါတ် -တေမိဇာတ်အစ ဝေဿန္တရာဇာတ်အဆုံး ဇာတ်ဝတ္ထု ၁၀-ပါဝင်သည်။
မှတ်ချက်။။ ဤ၌ ဇာတ်ဝတ္ထု အရေအတွက်အားဖြင့်၅၄၇-ဇာတ်သာရှိသည်ကို အဓိကသင်္ချာခေါ် သင်္ချာပိုအားဖြင့် ၅၅၀ (ငါးရာ့ငါးဆယ်) ဟုခေါ်သည်။
၁ ဧကကနိပါတ်
[ပြင်ဆင်ရန်]| ဇာတ်တော်အမည် | အလောင်းတော်ဘဝ | အကြောင်းအရာအနှစ်ချုပ် |
| ၁. အပဏ္ဏကဇာတ် | လှည်းကုန်သည် | ကျိန်းသေမှလုပ်သင့်ကြောင်း |
| ၂. ဝဏ္ဏပထဇာတ် | လှည်းကုန်သည် | ယောက်ျားလုံ့လသေမှလျှော့ရန် |
| ၃. သေရိဝဝါဏိဇဇာတ် | ရွဲကုန်သည် | ကောက်ကျစ်လို့ ရွှေခွက်နဲ့လွဲရပုံ |
| ၄. စူဠသေဌိဇာတ် | သူဌေး | ကြွက်သေတစ်ခုအရင်းပြု |
| ၅. တဏ္ဍုလနာဠိဇာတ် | ရာဖြတ်အမတ် | လောဘကြီးသော ဘုရင်နှင့် ရာဖြတ်အမတ် |
| ၆. ဒေဝဓမ္မဇာတ် | မင်းသား | လောကပါလတရားနှစ်ပါး |
| ၇.ကဋ္ဌဝါဟနဇာတ် | မင်းသား | သားအရင်းကို မစွန့် သင့် |
| ၈. ဂါမဏိဇာတ် | အမတ် | |
| ၉. မဃဒေဝဇာတ် | မဃဒေဝမင်း | ဆံတစ်ပင်ဖြူလို့ တော ထွက်ခြင်း |
| ၁၀. သုခဝိဟာရီဇာတ် | ရသေ့ | ရဟန်းဘဝချမ်းသာမင်းစည်းစိမ်ထက်သာ |
| ၁၁. လက္ခဏဇာတ် | သမင် | မလိမ္မာ၍ အခြွေအရံမဲ့ |
| ၁၂. နိဂြောဓဇာတ် | သမင် | အသက်ပေး၍ကယ်ဆယ်ခြင်း |
| ၁၃. ကဏ္ဍိဇာတ် | ရုက္ခစိုး | မိန်းမအုပ်စိုးတဲ့မြို့ရွာ ရှက်ဖွယ်ရာ |
| ၁၄ ဝါတမိဂဇာတ် | မင်း | ရသာတဏှာစွဲ၍ လူထွက်ခြင်း |
| ၁၅ ခရာဒိယဇာတ် | သမင် | အဆုံးအမကို မခံ၍ အသက်ဆုံးရခြင်း |
| ၁၆ တိပလ္လတ္ထဇာတ် | သမင် | ဆုံးမ၍ လွယ်ကူ ခြင်း |
| ၁၇ မာလုထဇာတ် | ရသေ့ | လေတိုက်လျင်ချမ်းအေးသည် |
| ၁၈ မတကဘတ္တဇာတ် | ရုက္ခစိုး | ဆိတ်ကိုသတ်၍ သေသူအတွက်လှူဒါန်းခြင်း |
| ၁၉ အာယာစိတဘတ္ထဇာတ် | ရုက္ခစိုး | သတ္တဝါကို သတ်၍ ယစ်ပူဇော်လဲ အကျိုးမရှိပုံ |
| ၂၀ နာဠပါနဇာတ် | မျောက် | ကျူရိုးများ အဆစ်မရှိခြင်း |
| ၂၁ ကုရုင်္ဂမိဂဇာတ် | ဆတ် | အောက်တည့်တည့်မ ကြွေသည့် ယမနေသီးမစားလို |
| ၂၂ ကုက္ကုရဇာတ် | ခွေး | ခွေးမင်း၏အဆုံးအမ အနှစ် ၁၂၀၀၀ တည် |
| ၂၃ ဂေါဇာနိယသိန္ဓိဝဇာတ် | မြင်း | သေလုနီးပါးဒဏ်ရာရလဲ ဝီရိယမလျှော့ |
| ၂၄ အာဇညဇာတ် | မြင်း | ဒဏ်ရာပြင်းလျက် ဝီရိယမ လျှော့သော သိန္ဓောမြင်း |
| ၂၅ တိတ္ထဇာတ် | အမတ် | သူတစ်ပါးစိတ်ကိုသိ၍ မိမိအလိုသို့ပါလွယ်စေခြင်း |
| ၂၆ မဏိဠာမုခဇာတ် | အမတ် | တံငါနားနီးတံငါ မုဆိုးနားနီးမုဆိုး |
| ၂၇ အဘိဏှဇာတ် | အမတ် | အလွန်အကြွမ်းဝင်တဲ့ ဆင်နဲ့ခွေး |
| ၂၈ နန္ဒိဝိသာလဇာတ် | နွား | နှုတ်ချိုသျှိုတစ်ပါး |
| ၂၉ ကဏှဇာတ် | နွား | လှည်းငါးရာ ဆွဲနိုင်သောနွားလား |
| ၃၀ မုနိကဇာတ် | နွား | ဝက်အစာကို နွားမစား |
| ၃၁ ကုလာဝကဇာတ် | သိကြားမင်း | အများအတွက် အသေခံ |
| ၃၂ နစ္စဇာတ် | ဟင်္သာ | တစ်သက်လုံးဖုံးခဲ့သမျှ ကုန်းခါမှပေါ် |
| ၃၃ သမ္မောဒမာနဇာတ် | ငုံး | စည်းလုံးခြင်းသည် အင်အား |
| ၃၄ မစ္ဆဇာတ် | ပုရောဟိတ် | မယားအပူက မီးအပူထက်ပို |
| ၃၅ ဝဋ္ဋကဇာတ် | ငုံး | ဝဋ္ဋသုတ်တော် မီးကွင်းပရိတ် |
| ၃၆ သကုဏဇာတ် | ငှက် | သင့်တော်ရာအရပ်ကို သိသင့် |
| ၃၇ တိတ္တိရဇာတ် | ခါ | ဆင် မျောက် ခါ |
| ၃၈ ဗကဇာတ် | ရုက္ခစိုး | ပုစွန်ကြံတတ် ဗျိုင်းလည်ပြတ် |
| ၃၉ နန္ဒဇာတ် | သူကြွယ် | ဥစ္စာဓနမာန် ငယ်ကျွန်ကာပြန် |
| ၄၀ ခဒိရင်္ဂါဇာတ် | သူဌေး | နောက်မတွန့်တဲ့ သဒ္ဓါတရား |
| ၄၁ လောသကဇာတ် | ဒိသာပါမောက္ခ | ငတ်သေရတဲ့ လောသကတိဿ |
| ၄၂ ကပေါတဇာတ် | ခို | အစားတစ်လုတ်ကြောင့်ဒုက္ခရောက်ရ |
| ၄၃ ဝေလုကဇာတ် | ရသေ့ | ငါမွေးတဲ့မျောက်ငါ့ပြန်ခြောက် |
| ၄၄ မကသဇာတ် | ကုန်သည် | ဘနဖူးခြင်ကို ရဲတင်းနဲ့ခုတ် |
| ၄၅ ရောဟိဏီဇာတ် | သူဌေး | မိခင် ယင်အုံသည်ကို ကျည်ပွေ့နဲ့ရိုက်တဲ့သမီး |
| ၄၆ အာရာမဒူသကဇာတ် | ပညာရှိ | မျောက်ကို ဥယျာဥ်မှူး ခန့် |
| ၄၇ ပါရုဏိဒူသကဇာတ် | သူဌေး | အများယောင်လို့ယောင် |
| ၄၈ ဝေဒဗ္ဗဇာတ် | ပုဏ္ဏား | ကိုယ့်သေတွင်းကိုယ်တူး လူမိုက်နှင့်ငွေတူမနေ |
| ၄၉ နက္ခတ္တဇာတ် | ပညာရှိ | မင်းတို့ထွက် ရက်ရာဇာ/နက္ခတ်ကလူကိုဘာမှမလုပ်နိုင် |
| ၅၀ ဒုမ္မေဓဇာတ် | မင်း | သီလမရှိသူကိုသတ်၍ ယစ်ပူဇော် |
| ၅၁ မဟာသီလဝဇာတ် | ဘုရင်မင်း | ယောက်ျားတို့လုံ့လသေခါမှလျှော့မည် |
| ၅၂ စူဠဇနကဇာတ် | မင်း | ဝီရိယ အကျိုးကျေးဇူး |
| ၅၃ ပဏ္ဏပါတိဇာတ် | သူဌေး | အကြံကုန်ဂဠုန်ဆားချက် |
| ၅၄ ကိံဖလဇာတ် | ကုန်သည် | ဘာသီးလဲ အဆိပ်သီး |
| ၅၅ ပဥ္စာဝုဓဇာတ် | မင်းသား | အနိုင်မခံ အရှုံးမပေး |
| ၅၆ ကဥ္စနက္ခန္ဓဇာတ် | လယ်သမား | စိတ်သာရှင်စော ဘုရားဟော |
| ၅၇ ဝါနရိန္ဒဇာတ် | မျောက် | ရန်အောင်မြင်ကြောင်းတရား လေးပါး |
| ၅၈ ပယောဓမ္မဇာတ် | မျောက် | သူတစ်ပါးမကောင်းကြံ ကိုယ်ဘေးဒါဏ်ထိ |
| ၅၉ ဘေရီဝါဒကဇာတ် | စည်တီးသမား | ဆုံံးမခက်တဲ့ စည်တီးသမား |
| ၆၀ သင်္ခဓမဇာတ် | ခရုသင်းမှုတ်သမား | ပြောရခက်တဲ့ ခရုသင်းမှုတ်သမား |
| ၆၁ အသာတမန္တဇာတ် | ဒိသာပါမောက္ခ | လူသာအို၍ ကိလေသာမအို |
| ၆၂ အဏ္ဍဘူတဇာတ် | မင်း | မိန်းမဟူသည် လုံအောင်အမြဲစောင့်နိုင်ခဲ၏ |
| ၆၃ တက္ကပဏ္ဍိတဇာတ် | ရသေ့ | လင်ငယ်ချဥ်းကပ် လင်ကြီးသတ်၊ သာပေါင်းညာစားမိန်းမ |
| ၆၄ ဒုရာဇာနဇာတ် | ဒိသာပါမောက္ခ | မိန်းမအလို သိနိုင်ခဲစွ |
| ၆၅ အနဘိရတိဇာတ် | ဒိသာပါမောက္ခ | မိန်းမကို ဘုံဆိုင်ဟုသဘောထားသူ |
| ၆၆ မုဒုလက္ခဏဇာတ် | ရသေ့ | တံလျှပ်ကိုရေထင် ရွှေသမင် အလိုက်မှား |
| ၆၇ ဥစ္ဆင်္ဂဇာတ် | မင်း | တစ်ချက်ခုတ် သုံးချက်ပြတ်၊ လင်မရှိ မတင့်တယ် |
| ၆၈ သာကေတဇာတ် | ပုဏ္ဏား | ဘဝအဆက်ဆက်မှ မိဘဟောင်းများ |
| ၆၉ ဝိသဝန္တဇာတ် | ဆေးဆရာ | ထွေးပီးတံတွေး ပြန်ပီးမမျို |
| ၇၀ ကုဒါလပဏ္ဍိတဇာတ် | လယ်သမား | ၆ ကြိမ် ရဟန််းပြုလိုက် လူထွက်လိုက် |
| ၇၁ ဝရုဏဇာတ် | ဒိသာပါမောက္ခ | အချိန်ဆွဲ အကျိုးနည်း |
| ၇၂ သီလဝဟတ္ထိဇာတ် | ဆင်ဖြူ | ကျေးဇူးရှိမှ ကျေးစွပ်သည် |
| ၇၃ သစ္စံကိရဇာတ် | မင်း | ခြေနှစ်ချောင်း မကယ်ကောင်း |
| ၇၄ ရုက္ခဓမ္မဇာတ် | ရုက္ခစိုး | ညီညွတ်ခြင်းသည် အင်အား |
| ၇၅ မစ္ဆဇာတ် | ရသေ့ | ငါးရံ့မင်းပရိတ် |
| ၇၆ အသင်္ကိယဇာတ် | ရသေ့ | သစ်တစ်ပင်ကောင်း ငှက်တစ်သောင်းနားနိုင် |
| ၇၇ မဟာသုပိနဇာတ် | ရသေ့ | ကောသလအိပ်မက် ၁၆ ချက် |
| ၇၈ ဣလ္လိသဇာတ် | ဆေတ္တာသည် | မစားရက် လောက်တက် |
| ၇၉ ခရဿရဇာတ် | ကုန်သည် | သူခိုးလက်က သူဝှက်လု |
| ၈၀ ဘီမသေနဇာတ် | လေးသမား | အပြောတစ်မျိုး အလုပ်တစ်မျိုး |
| ၈၁ သုရာပါနဇာတ် | ရသေ့ | လူကိုဖျက် အရက် |
| ၈၂ မိတ္တဝိန္ဒကဇာတ် | နတ်မင်း | ငရဲပန်း ရွှေပန်းထင် |
| ၈၃ ကာဠကဏ္ဏီဇာတ် | သူဌေး | မိတ်ဆွေအစစ် ရွေးနည်း |
| ၈၄ အတ္ထဿဒွါရဇာတ် | သူဌေး | ကောင်းကျိုးချမ်းသာတိုးပွားကြောင်း |
| ၈၅ ကိံပက္ကဇာတ် | လှည်းကုန်သည် | အဆိပ်သီးနှင့်တူသော ကာမရုဏ် |
| ၈၆ သီလဝီမံသဇာတ် | ပုဏ္ဏား | သီလကို စုံစမ်းခြင်း |
| ၈၇ မင်္ဂလဇာတ် | ရသေ့ | လောကီအတိတ်နိမိတ်ကို မယုံအပ် |
| ၈၈ သာရမ္ဘဇာတ် | နွား | နှုုတ်ချိုသျှိုတစ်ပါး |
| ၈၉ ကုဟကဇာတ် | လူပညာရှိ | သီလကြောင်ရသေ့ အပြောတစ်မျိုးအလုပ်တစ်မျိုး |
| ၉၀ အကတညူဇာတ် | သူဌေး | ဗုံလုံတစ်လှည့် ငါးပျံတစ်လှည့်၊ ထင်းခွေမကြုံ ရေခပ်ကြုံ |
| ၉၁ လိတ္တဇာတ် | ကြွေအန်ကြူး | ပစ္စဝေက္ခဏာမဆင်ခြင်ပါက အဆိပ်စားရတာနဲ့တူ |
| ၉၂ မဟာသာရဇာတ် | အမတ် | ပစ္စည်းပျောက်ရှာနည်း |
| ၉၃ ဝိဿာသဘောဇနဇာတ် | မြင်း | ချစ်လို့ကြွေးလည်း အဆိပ်ဆို သေမှာပဲ |
| ၉၄ လောမဟံသဇာတ် | အာဇီဝကတက္ကတွန်း | ပျက်အစဥ် ပြင်ခဏ |
| ၉၅ မဟာသုဒဿနဇာတ် | စကြာမင်း | ကုသိနာရုံနှင့် ကုသဝတီပြည်အကြောင်း |
| ၉၆ တေလပတ္တဇာတ် | မင်းသး | အလှကြိုက်၍ ဘီလူးအစားခံရခြင်း |
| ၉၇ နာမသိဒ္ဓိဇာတ် | ဒိသာပါမောက္ခ | ပညာတ်သွားရာ ဓါတ်သက်မပါ |
| ၉၈ ကူဋဝါဏိဇဇာတ် | ကုန်သည် | ငရုပ်သီးနဲ့ပေါင်းလို့ ကြက်သွန်ပါအထောင်းခံရ |
| ၉၉ ပရောသဟဿဇာတ် | မဟာဗြဟ္မာ | ပညာရှိစကား သာမန်လူ နားမလည် |
| ၁၀၀ အသာတရူပဇာတ် | မင်း | ခုနှစ်ရက်သားက စကားပြောခြင်း |
| ၁၀၁ ပရောသတဇာတ် | မဟာဗြဟ္မာ | လူတစ်ရာအဖြေရှာလဲ တစ်ယောက်သာ အဖြေသိ |
| ၁၀၂ ပဏ္ဏိကဇာတ် | ရုက္ခစိုး | ကိုယ်တွေ့ကြုံမှ ယုံရာသည် |
| ၁၀၃ ဝေရိဇာတ် | သူဌေး | အရိပ်ပြအကောင်ထင်၊ လာမဲ့ဘေး အဝေးကရှောင် |
| ၁၀၄ မိတ္တဝိန္ဒကဇာတ် | နတ်သား | ကိုယ့်အပြစ်ဒါဏ် ကိုယ်သာခံ၊ ငရဲပန်း ရွှေပန်းထင် |
| ၁၀၅ ဒုဗ္ဗလကဋ္ဌဇာတ် | ရုက္ခစိုး | အကြောက်ကြီးသူ၊ လှံဖျားပုဇင်းနား ကျီးကန်းချီးပါ |
| ၁၀၆ ဥဒဥ္ဇနီဇာတ် | ရသေ့ | မစွမ်းရင်းကလည်းရှိ ကန်စွန်းခင်းကလည်း ငြိ၊ ကြုံမှယုံ |
| ၁၀၇ သာလိတ္တကဇာတ် | အမတ် | စကားများ၍ ဆိတ်ချေးတစ်စလယ်မျိုချရ |
| ၁၀၈ ဗာဟိယဇာတ် | အမတ် | အန္တရာယ် လွယ်မထားနိုင်၊ တောသူမ၏သေသပ်လျင်မြန်မူ |
| ၁၀၉ ကုဏ္ဍပူဝဇာတ် | ရုက္ခစိုး | မဟာဒုတ် ဆန်ကွဲမုန့်အလှူ၊ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ |
| ၁၁၀ သဗ္ဗသံဟာရကဇာတ် | မဟောသဓ | လည်ရွဲတရား စီရင်ခန်း |
| ၁၁၁ ဂဒြဘပဥှဇာတ် | အမတ် | မြည်းပြဿနာ၊ အဖထက် သားကမြတ် |
| ၁၁၂ အမရာဒေဝီပဥှဇာတ် | မဟောသဓ | အမရာဒေဝီနှင့် ပညာစမ်းခန်း |
| ၁၁၃ သိင်္ဂါလဇာတ် | ရုက္ခစိုး | လောဘကြီးသူ အလိမ်ခံရ၊ |
| ၁၁၄ မိတစိန္တိဇာတ် | ငါး | မိတ်ဆွေအစစ် အပျင်းထူ ရန်သူ့လက်ရောက် |
| ၁၁၅ အနုဿသိကဇာတ် | ငှက်မင်း | သူများကိုဆုံးမ ကိုယ်တိုင်မကျင့် |
| ၁၁၆ ဒုဗ္ဗစဇာတ် | လှံခုန်တတ်သူ | စကားကျွန်နှုတ်မရ၊ တရားလွန်လုပ် ဘေးတွေ့ |
| ၁၁၇ တိတ္တိရဇာတ် | ရသေ့ | စကားနောက်တရားပါ၊ အသံကြောင့်ဖားသေ၊ ဝစီဘေဒထိတိုင်းရှ |
| ၁၁၈ ဝဋ္ဋကဇာတ် | ငုံးမင်း | အကြံကောင်းလျင် တစ်ချက် |
| ၁၁၉ အကာလရာဝိဇာတ် | ဒိသာပါမောက္ခ | မိမဆုံးမ ဖမဆုံးမ ပေါက်လွှတ်ပဲစား ကြက်ငယ်ကိုရိုက်သတ်ခြင်း |
| ၁၂၀ ဗန္ဓနမောက္ခဇာတ် | ပုရောဟိတ် | အရေးကြုံသက်လုံကောင်းစေ၊ လူမိုက်စကြားကြောင့် ဖမ်းခံရ |
| ၁၂၁ ကုသနာဠိဇာတ် | ရုက္ခစိုး | အယုတ်အလတ်မရွေး မိတ်ဖွဲ့ရမည် |
| ၁၂၂ ဒုမ္မေဓဇာတ် | ဆင်ဖြူ | သူယုတ်မာအား ရတနာနှင့်မထိုက်တန် |
| ၁၂၃ နင်္ဂလီသဇာတ် | ဒိသာပါမောက္ခ | လှေနံဓားထစ် တစ်ထစ်ချ မှတ်ယူသူ၊ ဖင်မှန်းခေါင်းမှန်းမသိသူ |
| ၁၂၄ အမ္ဗဇာတ် | ရသေ့ | စေတနာ ရောင်ပြန်ဟပ်ခြင်း |
| ၁၂၅ ကဋာဟကဇာတ် | သူဌေး | ငယ်ကြောက်ကို မလှန်ရဲ ဟန်ကိုယ့်ဖို့ မာန်သူ့ဖို့ |
| ၁၂၆ အသိလက္ခဏဇာတ် | မင်း | ချေဆတ်သူ တစ်ဦး နှာခေါင်းပြတ် တစ်ဦး မင်းသမီးရ |
| ၁၂၇ ကလဏ္ဍုကဇာတ် | သူဌေး | တန်ခိုးနုပ်သူထမင်းဝတော့ မာန်တက်သည် |
| ၁၂၈ ဗိဠာရဝတဇာတ် | ကြွက် | ကြောင်သူတော်အကျင့်ကို ကျင့်သည့် မြေခွေး |
| ၁၂၉ အဂ္ဂိကဘာရဒွာရဇာတ် | ကြွက်မင်း | ဦးစွန်းဖုတ်နှင့်မြေခွေးသူတော်ကောင်းဟန်ဆောင်ခြင်း |
| ၁၃၀ ကောသိယဇာတ် | ဒိသာပါမောက္ခ | လှေကြီးပေါ်လှေငယ်တင်၊ လင်ငယ်နေသောမိန်းမ |
| ၁၃၁ အသမ္ပဒါနဇာတ် | သူဌေး | ကုဋေလေးဆယ်ကျေးဇူးရှင်အား ဖွဲတစ်ပြည် ပြန်ပေး၍ကျေးဇူးဆပ်ခြင်း |
| ၁၃၂ ဘီရုကဇာတ် | မင်းသား | ဖြားယောင်းသည်ကိုစောင်းမကြည့်၍မင်းဖြစ်သွားခြင်း |
| ၁၃၃ ဃတာသနဇာတ် | ငှက်မင်း | မသင့်တဲ့နေရာကို စွန့်ခွာပါ |
| ၁၃၄ ဇာနသောဓနဇာတ် | ရသေ့ | နေဝသညီ နာသညီဘဝ |
| ၁၃၅ စန္ဒာဘဇာတ် | ရသေ့ | ဒုတိယဈန်ဘုံအကြောင်း |
| ၁၃၆ သုဝဏ္ဏဟံသဇာတ် | ဟင်္သာ | ဟင်္သာမင်းကို အတောင်နှုတ်ခြင်း |
| ၁၃၇ ဗဗ္ဗုဇာတ် | ကျောက်ဆစ်သမား | ကိုယ်ဖို့သာ သိသောသူ |
| ၁၃၈ ဂေါဓဇာတ် | ဖွတ်မင်း | သီလကြောင်ရသေ့ ဖွတ်ပညာရှိ |
| ၁၃၉ ဥတတောဘဋ္ဌဇာတ် | ရုက္ခစိုး | ဝေစုမပေးရဖို့ အိမ်နီးချင်းနှင့် ရန်ဖြစ်ခြင်း |
| ၁၄၀ ကာကဇာတ် | ကျီးကန်း | ကျီးမှာ အဆီမရှိ |
| ၁၄၁ ဂေါဓဇာတ် | ဖွတ်မင်း | ဆန့်ကျင်ဖက်အဆွေခင်ပွန်းကို မပေါင်းအပ် |
| ၁၄၂ သိင်္ဂါလဇာတ် | မြေခွေး | လူသေဟန်ဆောင်၍ မြေခွေးကို ရိုက်ဖမ်း |
| ၁၄၃ ဝိရောစနဇာတ် | ခြင်္သေ့ | စိတ်ကြီးဝင်၍ခြင်္သေ့ကိုတုတဲ့မြေခွေး ဆင်နင်းခံရ |
| ၁၄၄ နင်္ဂုဋ္ဌဇာတ် | ရသေ့ | နွားကို မစောင့်ရှောက်နိုင်သောယစ်နတ်အား နွားမြီးသာကြွေးခြင်း |
| ၁၄၅ ရာဓဇာတ် | ကျေးသား | မိန်းမဟူသည် လုံအောင်အမြဲစောင့်နိုင်ခဲ၏ |
| ၁၄၆ သမုဒ္ဒကာကဇာတ် | သမုဒ္ဒရာစောင့်နတ် | ဟင်းချက်ကောင်းသောဒကာမ သေ၍ ငိုကြသောရဟန်းများ |
| ၁၄၇ ပုပ္ဖရတ္တဇာတ် | အာကာသစိုးနတ် | မိန်းမအတွက် ဝတ်ပန်းပုဆိုးခိုးသူ တံကျင်လျှိုအသတ်ခံရ |
| ၁၄၈ သိင်္ဂါလဇာတ် | မြေခွေး | ဆင်သေကောင်အတွင်း ပိတ်မိနေတဲ့မြေခွေး |
| ၁၄၉ ဧကပဏ္ဏဇာတ် | ရသေ့ | အမျက်ဖြေဆေး၊ ဒေါသ၏အပြစ်များ |
| ၁၅၀ သဥ္ဇီဝဇာတ် | ဒိသာပါမောက္ခ | ကျားသေကို အသက်သွင်းသူ |
၂ ဒုကနိပါတ်
[ပြင်ဆင်ရန်]| ၁၅၁ ရာဇောဝါဒဇာတ် | မင်း | မင်းကျင့်တရား ၁၀ ပါး |
| ၁၅၂ သိင်္ဂါလဇာတ် | ခြင်္သေ့ | အရာမဟုတ်ကြိုးအားထုတ် ဆုတ်ယုတ်ပျက်စီးမူ |
| ၁၅၃ သူကရဇာတ် | ခြင်္သေ့ | ဝက်နှင့်ခြင်္သေ့ မတူလျှင်မတုရ |
| ၁၅၄ ဥရဂဇာတ် | ရသေ့ | မေတ္တာသက်ဝင်ပြစ်ချက်စင် ခင်မင်ပေါင်းသင်းပြု |
| ၁၅၅ ဘဂ္ဂဇာတ် | ပုဏ္ဏား | ချေဆတ်မန္တန် |
| ၁၅၆ အလီနစိတ္တဇာတ် | မင်း | ဆင်ဖြူတော်အစွမ်၊း လုံ့လတန်ခိုး ပြည်လုံးစို အကျိုးကြီးလှဘိ |
| ၁၅၇ ဂုဏဇာတ် | ခြင်္သေ့ | မြေခွေးနှင့်ခြင်္သေ့၊ ကျေးဇူးပြုမှ ကျေးဇူးရ |
| ၁၅၈ သုဟနဇာတ် | အမတ် | မြင်းစဥ်းလဲနှစ်ကောင်၊ မသူတော်ချင်း ပေါင်းဖက်လျင်းချဥ်ပြင်းဆားနှယ်တွေ့ |
| ၁၅၉ မောရဇာတ် | ဥဒေါင်းမင်း | မောရသုတ္တန်အကြောင်း |
| ၁၆၀ ဝိနီလဇာတ် | မင်း | ဟင်္သာနဲ့ကျီး၊ မတူပဲတု ပျက်စီးမူ |
| ၁၆၁ ဣန္ဒသမာနဂေါတ္တဇာတ် | ရသေ့ | ရသေ့နဲ့ဆင်၊ ဆုံးမခက်ခဲ ပျက်စီးမြဲ သေပွဲနောက်ဆုံးတွေ့ |
| ၁၆၂ သန္ထဝဇာတ် | ရသေ့ | သူတော်တရားမပျော်ငြား အကျင့်ကျိုးပျက် ဆိုးချက်နာလှသည် |
| ၁၆၃ သုသီမဇာတ် | ပုဏ္ဏား | တစ်ညဥ့်တည်းဖြင့် ဗေဒင်သုံးပုံသင်၊ ပညာရှာခြင်း |
| ၁၆၄ ဂိဇ္ဈဇာတ် | လင်းတ | မိဘလုပ်ကျွေးသော လင်းတ |
| ၁၆၅ နကုလဇာတ် | ရသေ့ | ရန်ဘက်စစ်သူကြီးနှစ်ဦး |
| ၁၆၆ ဥပသာဠကဇာတ် | ရသေ့ | သင်္ချိုင်းမဖြစ်ဖူးတဲ့ မြေမရှိ |
| ၁၆၇ သမိဒ္ဓိဇာတ် | ရသေ့ | ရသေ့နဲ့နတ်သမီး၊ ရုပ်သွင်နုနယ်၊ကာမနယ်၊ မြှူဆွယ်မှားတတ်လှ |
| ၁၆၈ သကုဏဂ္ဂိဇာတ် | ဘီလုံးငှက် | အနေကောင်းလျင် တစ်သက်။ ကိုယ့်နေရာကိုယ်နေ |
| ၁၆၉ အရကဇာတ် | ရသေ့ | မေတ္တာအကျိုး ဆယ့်တစ်မျိုး |
| ၁၇၀ ကကဏကဇာတ် | မဟောသဓ | ပညာရှိ |
| ၁၇၁ ကလျာဏဓမ္မဇာတ် | သူဌေး | ပညတ်သွားရား ဓါတ်သက်ပါ၊ နိမိတ်ကောင်းမှ ကောင်းကျိုးရ |
| ၁၇၂ ဒဒ္ဒရဇာတ် | ခြင်္သေ့ | မြေခွေးနှင့်အပြိုင် ခြင်္သေ့ မဟောက်ပေ |
| ၁၇၃ မက္ကဋဇာတ် | ရသေ့ | ရသေ့ယောင်ဆောင်သော မျောက် |
| ၁၇၄ ဒုဗ္ဘိယမက္ကဋဇာတ် | ပုဏ္ဏား | ကျေးဇူးကန်းသော မျောက်ရဲ့ အကျင့် |
| ၁၇၅ အာဒိစ္စုပဋ္ဌာနဇာတ် | ရသေ့ | သူတော်ကောင်းဟန်ဆောင်သော မျောက် |
| ၁၇၆ ကာဠာယမုဋ္ဌိဇာတ် | အမတ် | လက်ထဲကငှက်တစ်ကောင်က ခြုံထဲကငှက်နှစ်ကောင်ထက်မြတ် |
| ၁၇၇ တိန္ဒုကဇာတ် | မျောက် | တစ်ယောက်ကောင်းက လူအပေါင်းချမ်းသာရ |
| ၁၇၈ ကစ္ဆပဇာတ် | အိုးထိမ်းသည် | လာမည့်ဘေး အဝေးကရှောင်၊ ဒေသစွဲအားကြီးသောလိပ် |
| ၁၇၉ သတဓမ္မဇာတ် | ဒွန်းစဏ္ဍား | ဒွန်းစဏ္ဍားစားကြွင်းကို စားမိ၍ သွေးအန်ရသူ |
| ၁၈၀ ဒုဒ္ဒဒဇာတ် | ရသေ့ | နည်းရောင်း များရောင်း တောင်းပြည့် |
| ၁၈၁ အသဒိသဇာတ် | မင်းသား | စစ်ရေးကြုံတော့ သူရဲကောင်းကို သတိရသည် |
| ၁၈၂ သင်္ဂါမဝစရဇာတ် | ဆင်ဆရာ | မင်းနန်ချွတ်ခန်းနှင့် ရဲရင့်သောစစ်ဆင် |
| ၁၈၃ ဝါလောဒကဇာတ် | အမတ် | မပြည့်တဲ့အိုး ဘောင်ဘင်ခတ်၊ အရက်ပြတ် ခွက်ကပ်နဲ့မူး |
| ၁၈၄ ဂိရိဒတ္တဇာတ် | အမတ် | အတုမြင်အတတ်သင် တံငါနားနီးတံငါ |
| ၁၈၅ အနဘိရတိဇာတ် | ဒိသာပါမောက္ခ | စိတ်ကြည်မှ ဉာဏ်ရွှင်မည် |
| ၁၈၆ ဒဓိဝါဟနဇာတ် | အမတ် | ခွေးတောက် သရက် ရောယှက်က သရက်ချိုပျက် |
| ၁၈၇ စတုမဋ္ဌဇာတ် | ရုက္ခစိုး | လူပြောမသန် လူသန်မပြော |
| ၁၈၈ ၁၈၈ သီဟကောတ္ထုဇာတ် | ခြင်္သေ့ | တိတ်တိတ်နေ ထောင်တန်၊ အသွင်တူကာမျှ မတုပသင့် |
| ၁၈၉ သီဟစမ္မဇာတ် | သူကြွယ် | ခြင်္သေ့အရေခြုံ မြည်း၊ အရေခြုံတူရုံမျှနှင့် သံဟစ်ပြ ဒုက္ခကြီးစွာ၏ |
| ၁၉၀ သီလာနိသံသဇာတ် | နတ် | ဘုရားဂုဏ်အာရုံပြုလျက် ရေပြင်ပေါ်လမ်းလျှောက် |
| ၁၉၁ ရူဟကဇာတ် | မင်း | ဖက်ရှင်အဆန်းဆင်မြန်း၍ အရှက်ကွဲသောပုဏ္ဏား |
| ၁၉၂ သိရီကာဠကဏ္ဏိဇာတ် | မဟောသဓ | ပညာရှိ |
| ၁၉၃ စူဠပဒုမဇာတ် | မင်း | ပဒုမမင်းသားနှင့် မောင်ပေါင်တို |
| ၁၉၄ မဏိစောရဇာတ် | မင်း | ပတ္တမြားဦးသျှောင်ကျင်သူခိုး |
| ၁၉၅ ပဗ္ဗတပတ္ထရဇာတ် | အမတ် | ခြင်္သေ့စောင့်သည့် တောင်ထိပ်ရေကန် မြေခွေးမသောက်သင့် |
| ၁၉၆ ဝလာဟကဇာတ် | မြင်း | ဘီလူးမြို့မှ နတ်မြင်းပျံ |
| ၁၉၇ မိတ္တာမိတ္တဇာတ် | ရသေ့ | မိတ်ဆွေရန်သူခွဲခြားနည်း |
| ၁၉၈ ရာဓဇာတ် | ကျေးသား | မှန်တာပြော အသတ်ခံရ၊ မှန်လဲ အကျိုးမရှိရင် မပြောရာ |
| ၁၉၉ ဂဟပတိဇာတ် | မင်း | ကြာကူလီရွာသူကြီး လင်ကြီးနှင့်တွေ့၍ အထောင်းခံရ |
| ၂၀၀ သာဓုသီလဇာတ် | ဒိသာပါမောက္ခ | ကိုယ်ကျင့်တရားရှိသူကို သမီးနဲ့ပေးစား |
| ၂၀၁ ဗန္ဓနာဂါရဇာတ် | ရသေ့ | ၁၅၀၀ ကိလေသာ ကြီးစွာနှောင်အိမ်မှတ် |
| ၂၀၂ ကေဠိသီလဇာတ် | သိကြား | ကစားသန်သောမင်း |
| ၂၀၃ ခဏ္ဍဇာတ် | ရသေ့ | မေတ္တာခြုံမှလုံသည် |
| ၂၀၄ ဝီရကဇာတ် | တင်ကျီးငှက် | တင်ကျီးနှင့်ကျီးကန်း၊ ဖားတုလို့ ခရုခုန် အိုင်ပျက်ရုံသာ |
| ၂၀၅ ဂင်္ဂေယျဇာတ် | ရုက္ခစိုး | ကိုယ့်ဗိုက်အောက် ကိုယ်ယက်တတ်သည့်လိပ်၊ ငါးနဲ့လိပ် |
| ၂၀၆ ကုရုင်္ဂမိဂဇာတ် | ဆတ် | မိတ်ဆွေသုံးဦး၊ စုပေါင်းညီညာအောင်ကြောင်းဖြာ |
| ၂၀၇ အဿကဇာတ် | ရသေ့ | နွားချေးထိုးပိုး၊ စွဲလမ်းကြီးက ဆင်းရဲရ |
| ၂၀၈ သုသုမာရဇာတ် | မျောက် | မျောက်နှင့်မိကျောင်း။ အပင်ကြီး အသီးသေးတဲ့ညောင် |
| ၂၀၉ ကုက္ကုဋဇာတ် | ရုက္ခစိုး | မုဆိုးနှင့်တောကြက်၊ တစ်ခါသေဖူး ပျဥ်ဖိုးနားလည် |
| ၂၁၀ ကလန္ဒကဇာတ် | သစ်တောက်ငှက် | အထင်ကြီးက ပျက်စီးရ ဒုက္ခကိုယ်ပင်တွေ့ |
| ၂၁၁ သောမဒတ္တဇာတ် | ပုဏ္ဏား | ကြောက်တတ်များက မှားတတ်လှ သူရနေ့စဥ်လေ့ |
| ၂၁၂ ဥစ္ဆိဋ္ဌဘတ္တဇာတ် | သူဆင်းရဲ | နောက်မှပေါ်လွင်ရွှေကြာပင်။ စားကြွင်းစားပုဏ္ဏား |
| ၂၁၃ ဘရုဇာတ် | ရသေ့ | လာဘ်စားသောမင်း။ ငါးခုံးမတစ်ကောင်ကြောင့်တစ်လှေလုံးပုပ် |
| ၂၁၄ ပုဏ္ဏနဒီဇာတ် | ပုဏ္ဏား | အမှားသိလျင် အမှန်ပြင် |
| ၂၁၅ ကစ္ဆပဇာတ် | အမတ် | ဟင်္သာနဲ့လိပ်၊ နှုတ်မစောင့်လို့ သေသည့်လိပ် |
| ၂၁၆ မစ္ဆဇာတ် | ပုဏ္ဏား | မယားအပူ မီးထက်ပူ |
| ၂၁၇ သေဂ္ဂုဇာတ် | ရုက္ခစိုး | ငှက်မသိ ဆက်ရက်ချိုးထင်၊ သီလရှိသောသမီး |
| ၂၁၈ ကူဋဝါဏိဇာတ် | အမတ် | ကိုယ်ကစဉ်းလဲလျင် စဥ်းလဲသူပေါ်တတ်၏၊ လိမ်တတ်လျင်ပေါ် |
| ၂၁၉ ဂရဟိတဗ္ဗဇာတ် | မျောက် | ကိစ္စများမြောင်လူတို့ဘောင် မျောက်တောင်မကြားဝံ့ |
| ၂၂၀ ဓမ္မဓဇဇာတ် | အမတ် | ကိုယ့်စေတနာကိုယ့်အကျိုးပေး၊ အများမကောင်းကြံ ကိုယ့်ပြန်ထိ |
| ၂၂၁ ကာသာဝဇာတ် | ဆင် | ဆင်နှင့်မုဆိုး၊ မတန်မရာ မမှန်းရာ |
| ၂၂၂ စူဠနန္ဒိယဇာတ် | မျောက် | မိခင်အတွက်အသက်စွန့်သည့် မျောက်ညီနောင် |
| ၂၂၃ ပုဋဘတ္တဇာတ် | အမတ် | ချင်းစိမ်းနဲ့မိတ်သလင် သူကြင်မှကိုယ်ကြင် |
| ၂၂၄ ကုမ္ဘိလဇာတ် | မျောက် | ရန်အောင်ကြောင်းတရား |
| ၂၂၅ ခန္တိဝဏ္ဏဇာတ် | မင်း | နာတာကို သာတာနဲ့ဖြေ |
| ၂၂၆ ကောသိယဇာတ် | အမတ် | အခါမဟုတ် စွမ်းအားထုတ် ခင်ပုပ်ငှက်နှယ်ပ |
| ၂၂၇ ဂူထပါဏဇာတ် | နတ် | မတုပသင့် ဖက်ပြိုင်လင့် ဘေးနှင့်လက်ငင်းတွေ့ |
| ၂၂၈ ကာမနီတဇာတ် | သိကြား | ကာမရောဂါကိုယ်တွင်းနာ ကုရာနတ္ထိဆေးမရှိ |
| ၂၂၉ ပလာယိတဇာတ် | မင်း | အပြောက မိုးလားကဲလား |
| ၂၃၀ ဒုတိယပလာယိတဇာတ် | မင်း | ငါလိုလူ ဇမ္ဗူရှိမည်မထင် |
| ၂၃၁ ဥပါဟနဇာတ် | ဆင်ဆရာ | သက်သာရန်ဖိနပ်စီး၊ ဖိနပ်ကိုက်ခံရ |
| ၂၃၂ ဝီဏာဂုဏဇာတ် | သူဌေး | ဘို့ရှိလျင် ဥသဘလော |
| ၂၃၃ ဝိကဏ္ဏကဇာတ် | မင်း | အရွက်မဲ့မြားပမာ ကိလေသာ |
| ၂၃၄ အသိတာဘူဇာတ် | ရသေ့ | ငါးစိမ်းမြင်ငါးကင်ပစ်၊ မြွေပါလည်းဆုံး သားလည်းဆုံး |
| ၂၃၅ ဝစ္ဆနခဇာတ် | ရသေ့ | ကိစ္စများမြောင်လူတို့ဘောင် |
| ၂၃၆ ဗကဇာတ် | ငါး | အကျင့်ရှိယောင်သီလကြောင် ဗျိုင်းကောင်ပုံပမာ |
| ၂၃၇ သာကေတဇာတ် | ပုဏ္ဏား | အတူနေဖူး ကျေးဇူးဆောင်သင့် ရေနှင့်ကြာပမာ |
| ၂၃၈ ဧကပဒဇာတ် | သူဌေေး | အဖေထက်သားတစ်လကြီး |
| ၂၃၉ ဟရိတမဏ္ဍူကဇာတ် | မြွေနဲ့ဖား | စည်းလုံးရင် ရန်နိုင်သည်။ |
| ၂၄၀ မဟာပိင်္ဂလဇာတ် | မင်း | နိုင်ထက်ကလူ ပြုတတ်သူ ဗိုလ်လူမတောင့်တ |
| ၂၄၁ သဗ္ဗဒါဋ္ဌိကဇာတ် | ပုဏ္ဏား | ပထဝီဇယ မန္တန် နှင့် မြေခွေး |
| ၂၄၂ သုနခဇာတ် | သူဌေး | ကိုယ်ရေးကိုယ်တာလွတ်ကြောင်းရှာ မျက်နှာရွှင်ရွှင်သုံး |
| ၂၄၃ ဂုတ္တိလဇာတ် | စောင်းသမား | ဆရာ့အံတု ပြိုင်ဘက်ပြု လူထုရွံကာမုန်း |
| ၂၄၄ ဝိဂတိစ္ဆဇာတ် | ရသေ့ | ပရိဗိုဇ်ပြေး |
| ၂၄၅ မူလပရိယာယဇာတ် | ဒိသာပါမောက္ခ | ပညာမတောက်တခေါက် မာနရောက် |
| ၂၄၆ ဗာလောဝါဒဇာတ် | ရသေ့ | သက်သတ်လွတ်စားခြင်း |
| ၂၄၇ ပါဒဥ္ဇလိဇာတ် | မင်း | မသိလျင်တွေး၊ မတတ်လျင်ငေး |
| ၂၄၈ ကိံသုကောပမဇာတ် | မင်း | ကိုယ့်ဘက်ကတော့ ကိုယ်မှန်နေသည် |
| ၂၄၉ သာလကဇာတ် | သူဌေး | ရှင်ကြီးနှိပ်စက် ရှင်ငယ်ထွက်၊ မရခင်ဖျာလိုလိပ် |
| ၂၅၀ ကပိဇာတ် | ရသေ့ | ရသေ့အသွင့်မျောက် |
၃ တိကနိပါတ်
[ပြင်ဆင်ရန်]| ၂၅၁ သင်္ကပ္ပရာဂဇာတ် | ရသေ့ | ဝတ်လဲလျှော့ပြေ ဈန်ယျာဥ်ကြွေ |
| ၂၅၂ တိလမုဋ္ဌိဇာတ် | ဒိသာပါမောက္ခ | နှမ်းတစ်ဆုပ် တုတ်သုံးချက် |
| ၂၅၃ မဏိကဏ္ဍဇာတ် | ရသေ့ | တောင်းလွန်းလျင် အမုန်းခံရ |
| ၂၅၄ ကုဏ္ဍကကုစ္ဆိသိန္ဓဝဇာတ် | အမတ် | သိန္ဓောမြင်းစွမ်းရည် |
| ၂၅၅ သုကဇာတ် | ကျေးသား | တန်ဆေးလွန်ဘေး၊ စားပိုးနင့်သော ကျေး |
| ၂၅၆ ဇရူဒပါနဇာတ် | လှည်းကုန်သည် | လူ့လောဘ အတောမသတ်၊ ရလေလိုလေ |
| ၂၅၇ ဂါမဏိစန္ဒဇာတ် | မင်း | အမေး ၁၀ ထွေ အဖြေ ၁၀ လွှာ |
| ၂၅၈ မန္ဓာတုဇာတ် | မင်း | ကာမတဏှာ သမုဒ္ဒရာကို မပြည့်နိုင် |
| ၂၅၉ တိရီဋဝစ္ဆဇာတ် | ရသေ့ | အသက်သခင်ကျေးဇူးရှင် |
| ၂၆၀ ဒူတဇာတ် | မင်း | ဝမ်းဗိုက်တမာန်တော် |
| ၃၆၁ ပဒုမဇာတ် | သူဌေးသား | အပြောမတတ်တော့ ဆဲသလို |
| ၂၆၂ မုဒုပါဏိဇာတ် | မင်း | သမီးတစ်ယောက် နွားတစ်ထောင် |
| ၂၆၃ စူဠပလောဘနဇာတ် | မင်းသား | မိန်းမမာယာ သဲကိုးဖြာ |
| ၂၆၄ မဟာပနာဒဇာတ် | သိကြား | ကျောင်းလှူရကျိုး |
| ၂၆၅ ခုရပ္ပဇာတ် | တောစောင့် | သေရဲမှ သူရဲကောင်း၊ သူ့ဆန်စားရဲမှ |
| ၂၆၆ ဝါတဂ္ဂသိန္ဓဝဇာတ် | မိန်းမ | အမူလွန်သောမိန်းမ |
| ၂၆၇ ကက္ကဋကဇာတ် | ဆင် | မ-သံကြားလျင် မေ့လျော့ချင် |
| ၂၆၈ အာရမဒူသကဇာတ် | ပညာရှိ | ဥယျာဥ်ဖျက်မျောက် |
| ၂၆၉ သုဇာတဇာတ် | မင်း | နှုတ်ချို သျှိုတစ်ပါး |
| ၂၇၀ ဥလူကဇာတ် | မင်း | ကျီးနှင့် ခင်ပုတ်ငှက် ရန်သူ |
| ၂၇၁ ဥဒပါနဒူသကဇာတ် | ရသေ့ | ခွေးတို့ရိုးရာအစဥ်လာ စားခွက်သေးနဲ့ပန်း |
| ၂၇၂ ဗျဂ္ဃဇာတ် | နတ် | အတူလဲမနေနိုင် ခွဲလဲမနေနိုင် |
| ၂၇၃ ကစ္ဆပဇာတ် | ရသေ့ | ကာမသော့သွမ်း ထင်တိုင်းရမ်း သေပန်းရှာ၏သို့ |
| ၂၇၄ လောလဇာတ် | ခို | အစာမက် အသက်သေ |
| ၂၇၅ ရုစိရဇာတ် | ခို | အစားတစ်လုတ်အတွက် အမွေးနုတ်ခံရ |
| ၂၇၆ ဂရုဓမ္မဇာတ် | မင်း | သီလစောင့်မှ အူမတောင့် |
| ၂၇၇ ရောမကဇာတ် | ခို | ခိုသားစားလိုသော ရသေ့ပျက် |
| ၂၇၈ မဟိံသရာဇဇာတ် | ကျွဲ | မျိုးဇာတ်နွယ်မှာတူကုန်ပါလည်းမှတ်ရာတူဖြင့်မူမကျင့်လင့် |
| ၂၇၉ သတပတ္တဇာတ် | သူခိုး | ရန်သူကိုမိတ်ဆွေထင် |
| ၂၈၀ ပုဋဒူသကဇာတ် | ပုဏ္ဏား | မျောက်သူသည် အဖျက်သက်သက် |
| ၂၈၁ အဗ္ဘန္တရဇာတ် | ရသေ့ | ကျေးစေတမန် |
| ၂၈၂ သေယျဇာတ် | မင်း | နှောင်အိမ်တွင်းမှမေတ္တာဈာန် |
| ၂၈၃ ဝဍ္ဎကီသူကရဇာတ် | ရုက္ခစိုး | စစ်ပညာနည်ပြမဟာဗျူဟာစစ်ခင်းခြင်း |
| ၂၈၄ သိရိဇာတ် | ရသေ့ | ကျက်သရေမင်္ဂလာ |
| ၂၈၅ မဏိသုကရဇာတ် | ရသေ့ | ပတ္တမြားမှန်ရင်နွံမနစ် |
| ၂၈၆ သာလူကဇာတ် | နွား | အစားကောင်းကျွေးသော်လည်းအရေးထောက်ချင့်ဝမ်းမမြောက်လင့် |
| ၂၈၇ လာဘဂရဟဇာတ် | ဒိသာပါမောက္ခ | လာဘ်လာဘများပြားရန် |
| ၂၈၈ မစ္ဆုဒ္ဒါန | သူကြွယ် | အမျှဝေခြင်း၏အကျိုး/ဥစ္စာမှန်ပြန်ရမည် |
| ၂၈၉ နာနာဆန္ဒဇာတ် | မင်း | လူတစ်ကိုယ်အကြိုက်တစ်မျိုး |
| ၂၉၀ သီလဝီမံကသဇာတ် | သီလ၏အကျိုးအာနိသင်ကိုစုံစမ်း | |
| ၂၉၁ သုရာဃဋဇာတ် | သိကြားမင်း | လူမိုက်ကိုသိကြားမင်းမကယ်နိုင် |
| ၂၉၂ သုပတ္တဇာတ် | ကျီး | အရှင့်အတွက်အသက်စွန့်ရဲသောကျီး |
| ၂၉၃ ကာယနိဗ္ဗိန္ဒဇာတ် | ရသေ့ | အကာထဲမှာအနှစ်ရှာ |
| ၂၉၄ ဇမ္ဗုခါဒကဇာတ် | ရက္ခစိုး | ကျီးနဲ့မြေခွေး |
| ၂၉၅ အန္တဇာတ် | ရုက္ခစိုး | ဂုဏ်မဲ့သူချင်းဂုဏ်တင် |
| ၂၉၆ သမုဒ္ဒဇာတ် | နတ် | သမုဒ္ဒရာရေ ချွေတာသုံး |
| ၂၉၇ ကာမဝိလာပဇာတ် | နတ် | မယားအတွက်ရတက်မအေးနိုင် |
| ၂၉၈ ဥဒုမ္ဗရဇာတ် | ရုက္ခစိုး | နေရာလုသောမျောက် |
| ၂၉၉ ကောမာရပုတ္တဇာတ် | ရသေ့ | သူတော်ကောင်းနဲ့ပေါင်းဖက်သင့်ကိုယ်ကျင့်ကောင်းမွန်လာ |
| ၃၀၀ ဝကဇာတ် | သိကြား | စားစရာမရှိမှဥပုသ်စောင့် |
၄ စတုကနိပါတ်
[ပြင်ဆင်ရန်]| ၃၀၁ စူဠကာလိင်္ဂဇာတ် | ရသေ့ | နိုင်မည်ဆိုတိုင်းမပေါ့ရရှုံးမည်ဆိုတိုင်းမလျှော့ရ |
| ၃၀၂ မဟာအဿာရောဟဇာတ် | မင်း | တစ်လုတ်စားဖူးသူ့ကျေးဇူး |
| ၃၀၃ ဧကရာဇဇာတ် | ရသေ့ | တရားစောင့်သောမင်း |
| ၃၀၄ ဒဒ္ဒရဇာတ် | နဂါး | ဒေါသထွက်၍နှင်ထုတ်ခံရ |
| ၃၀၅ သီလဝိမံသနဇာတ် | ပုဏ္ဏား | မကောင်းမှုသည်ဆိတ်ကွယ်ရာမရှိ |
| ၃၀၆ သုဇာတာဇာတ် | အမတ် | ဇီးသီးသည်မဗျိုင်း |
| ၃၀၇ ပလာသဇာတ် | ရုက္ခစိုး | စေတနာသည်ရောင်ပြန်ဟပ်စမြဲ |
| ၃၀၈ သကုဏဇာတ် | ခေါက်ရှာငှက် | ကျေးဇူးရှိမှကျေးစွပ်တပ် |
| ၃၀၉ ဆဝကဇာတ် | ဒွန်းစဏ္ဍား | ဒူးနေရာဒူးတော်နေရာတော် |
| ၃၁၀ သေယျဇာတ် | ရသေ့ | ရဟန်းချမ်းသာသည်မင်းစည်းစိမ်ထက်သာလွန် |
| ၃၁၁ ပုစိမန္ဒဇာတ် | နတ် | ပညာရှိသည်လူမိုက်ကိုရွံရှာသည် |
| ၃၁၂ ကဿပမန္ဒိယဇာတ် | ရသေ့ | သက်ကြီးသူကခွင့်လွှတ်ရ၏ |
| ၃၁၃ ခန္တီဝါဒီဇာတ် | ရသေ့ | မတုပနိုင်သောခန္တီ |
| ၃၁၄ လောဟကုမ္ဘီဇာတ် | ရသေ့ | ဒုသနသော |
| ၃၁၅ သဗ္ဗမံသလာဘဇာတ် | သဌေးသား | စကား၌လိမ္မာများစွာအကျိုးရှိ |
| ၃၁၆ သသပဏ္ဍိတဇာတ် | ယုန် | လမျက်နှာပေါ်ကယုန်တံဆိပ် |
| ၃၁၇ မတရောဒနဇာတ် | ရသေ့ | ငိုနေ၍အကျိုးမရှိ |
| ၃၁၈ ကဏဝေရဇာတ် | သူခိုး | အသက်ကိုဉာဏ်စောင့်/အန္တရာယ်ကိုကြိုမြင်ပါ |
| ၃၁၉ တိတ္တိရဇာတ် | ရသေ့ | တည်-ခါ/ကိုယ်ကောင်းလျှင်ခေါင်းမရွေ့ |
| ၃၂၀ သုစ္စဇဇာတ် | အမတ် | အေးအတူပူအမျှ/ကောင်းတူဆိုးဖက် |
| ၃၂၁ ကုဋိဒူသကဇာတ် | သိင်္ဂိလငှက် | စကားများ အသိုက်ဖျက်ခံရ |
| ၃၂၂ ဒုဒ္ဒုဘဇာတ် | ခြင်္သေ့ | မစူးမစမ်း/ကောလာဟလယုံသူများ |
| ၃၂၃ ဗြဟ္မဒတ္တဇာတ် | ရသေ့ | ခဏခဏတောင်းလျှင်မုန်းသည် |
| ၃၂၄ စမ္မသာဋကဇာတ် | ကုန်သည် | လူမိုက်နောင်တ နောင်မှရ |
| ၃၂၅ ဂေါဓရာဇဇာတ် | ဖွတ် | ဖွတ်မရဓားမဆုံး |
| ၃၂၆ ကက္ကာရုဇာတ် | နတ် | နတ်ပန်းခိုင်ကိုပန်လိုမှု |
| ၃၂၇ ကာကဝတီဇာတ် | မင်း | ကတုံးပေါ်ထိပ်ကွက် သူခိုးလက်သူဝှက်လု |
| ၃၂၈ အနနုသောစိယဇာတ် | ရသေ့ | မယားသေစိတ်ထွေ၊ သေသူကို ရှင်သူက တ |
| ၃၂၉ ကာဠဗာဟုဇာတ် | ကျေးသား | ကိုယ့်ထမင်းအိုးကိုယ်ရိုက်ခွဲ |
| ၃၃၀ သီလဝီမံသဇာတ် | ပုဏ္ဏား | မရှိတောင့်တရှိကြောင့်ကြ |
| ၃၃၁ ကောကာလိကဇာတ် | အမတ် | အသံကြောင့်ဖားသေ |
| ၃၃၂ ရထလဋ္ဌိဇာတ် | တရားသူကြီး | ကိုယ့်အပြစ် သူများပုံချ |
| ၃၃၃ ပက္ကဂေါဓဇာတ် | အမတ် | ဖွတ်ကင်ကထွက်ပြေးသတဲ့ |
| ၃၃၄ ရာဇောဝါဒဇာတ် | ရသေ့ | မင်းကျင့်တရားဆယ်ပါး |
| ၃၃၅ ဇမ္ဗုကဇာတ် | ခြင်္သေ့ | ခွေးအလုပ်မြင်းဝင်ရှုပ်၊ ဝါးရင်းဒုတ်နဲ့ရိုက်ခံရ |
| ၃၃၆ ဗြဟ္မဆတ္တာဇာတ် | အမတ် | ပညာေဆာင်ငြားစီးပွားပြန်ရ |
| ၃၃၇ ပီဋ္ဌဇာတ် | ရသေ့ | ကိုယ့်အလွဲ သူ့ကိုစွဲ |
| ၃၃၈ ထုသဇာတ် | ဒိသာပါမောက္ခ | အသက်ပေးဂါထာ |
| ၃၃၉ ဗာဝေရုဇာတ် | ဥဒေါင်း | နေမထွက်ခင် လဘုရင် |
| ၃၄၀ ဝိသယှဇာတ် | သူဌေး | အချိန်ရှိခိုက်လုံ့လစိုက် |
| ၃၄၁ ကိန္နရီဇာတ် | ပရောဟိတ် | ကဏ္ဍာရီဇာတ်၎င်း |
| ၃၄၂ ဝါနရဇာတ် | မျောက် | အသက်ဘေးလွတ်ရန်ဥပါယ်တံမျဥ်သုံးရသည် |
| ၃၄၃ ကုန္တိနီဇာတ် | မင်း | ရန်ကိုရန်ချင်းတုံ့ပြန်တတ်သူ |
| ၃၄၄ အမ္ဗဇာတ် | သိကြားမင်း | မိန်းမပျို၏ကြောက်မက်ဖွယ်ရာကျိန်စာများ |
| ၃၄၅ ရာဇကုမ္ဘဇာတ် | အမတ် | အပျင်းထူသူ |
| ၃၄၆ ကေသဝဇာတ် | ရသေ့ | အကျွမ်းဝင်သူပေး ရောဂါဝေး |
| ၃၄၇ အယကူဋဇာတ် | မင်း | လူမင်းဘုန်းကြီးနတ်မင်းမနေနိုင် |
| ၃၄၈ အရညဇာတ် | ရသေ့ | မိတ်ဆွေအစစ် |
| ၃၄၉ သန္ဓိဘေဒဇာတ် | မင်း | ကုန်းေချာသောမြေခွေး |
| ၃၅၀ ဒေဝတာပဉှဇာတ် | မဟောသဓာ | နတ်နှင့်ပါတ်သက်သောအမေး |
၅ ပဉ္စကနိပါတ်
[ပြင်ဆင်ရန်]| ၃၅၁ မဏိကုဏ္ဍလဇာတ် | မင်း | ပတ္တမြား နားတောင်း |
| ၃၅၂ သုဇာတဇာတ် | သူကြွယ် | စိုးရိမ်ပူပန်မရှိရန်ပညာလိုအပ်သည် |
| ၃၅၃ ဝေနသာခဇာတ် | ဒီသာပါမောက္ခ | သရက်ပင်စိုက်ကသရက်သီးစားရမည် |
| ၃၅၄ ဥရဂဇာတ် | ပုဏ္ဏား | သေသူကိုတ၍ငိုကြသူများ |
| ၃၅၅ ဃဋဇာတ် | မင်းသား | ရန်သူဝမ်းသာအောင်ငိုမပြရ |
| ၃၅၆ ကောရဏ္ဍိယဇာတ် | ပုဏ္ဏား | မတောင်းပဲပေးလျှင်တန်ဖိုးမရှိ |
| ၃၅၇ လဋုကိကဇာတ် | ဆင် | ကျီး၊နှံပြည်စုတ်၊ယင်ကောင်၊ဖား |
| ၃၅၈ စူဠဓမ္မပါလဇာတ် | မင်းသား | သားကိုသတ်၍ အဖေမြေမျို |
| ၃၅၉ သုဝဏ္ဏမိဂဇာတ် | ရွှေသမင် | လိမ္မာ မယားရတုံငြားလင်အားချမ်းသာရာ |
| ၃၆၀ သုယောနန္ဒီဇာတ် | ဂဠုန် | အမျိုးယုတ်အဆင်းလှရာဂထန်တတ်သည် |
| ၃၆၁ ဝဏ္ဏာရောဟဇာတ် | ရုက္ခစိုး | ကုန်းတိုက်စကားမယံုငြားရှည်လျားမိတ်သဟာ |
| ၃၆၂ သီလဝီမံသဇာတ် | ပုဏ္ဏား | သီလသည်သာအမြတ်ဆုံး |
| ၃၆၃ ဟိရီဇာတ် | သူဌေး | တစ်နပ်စားအကြံ |
| ၃၆၄ ခဇ္ဇောယနကဇာတ် | -- | --- |
| ၃၆၅ အဟိတုဏ္ဍိကဇာတ် | ကုန်သည် | မြှောက်စား ခြောက်စား ဝေးစွားရှား |
| ၃၆၆ ဂုမ္ဘိယဇာတ် | လည်းကုန်သည် | အဆိပ်ခတ်သောဘီလူး |
| ၃၆၇ သာလိယဇာတ် | ပညာရှိ | သူများမနာလိုကိုယ်အကျိုးယုတ် |
| ၃၆၈ ကစသာရဇာတ် | ပညာရှိ | ဘေးတွေ့သော်လည်းတည်ကြည်ပါ |
| ၃၆၉ မိတ္တဝိန္ဒကဇာတ် | နတ်သား | ငရဲပန်းရွှေပန်းတင် |
| ၃၇၀ ဖနုလာသဇာတ် | ရွှေဟင်္သာ | ညောင်ပင်ကိုငယ်စဉ်ကသတ်ပါ |
| ၃၇၁ ဂီဂီတိကောသလဇာတ် | မင်းသား | ဒီဃာဝုမင်းသား |
| ၃၇၂ မိဂပေါတကဇာတ် | သကြားမင်း | သေခြင်းတရားကိုအောက်မေ့သင့် |
| ၃၇၃ မူသိကဇာတ် | ဒိသာပါမောက္ခ | ဆရာ့စကားကြောင့်သေပေးလွတ် |
| ၃၇၄ စူဠဓနုဂ္ဂဟဇာတ် | သကြားမင်း | သူခိုးဓါးရိုးကမ်း |
| ၃၇၅ ကပေါတဇာတ် | ခို | အစားမတော်တလုတ် |
၆ ဆက္ကနိပါတ်
[ပြင်ဆင်ရန်]| ၃၇၆ အဝါရိယဇာတ် | ရသေ့ | လူမိုက်သည်ဆုံးမစကားကိုလိုမရှိ |
| ၃၇၇ သေတကေတုဇာတ် | ဒိသာပါမောက္ခ | သိတာထက်မသိတာကပိုများ |
| ၃၇၈ ဒရီမုခဇာတ် | မင်း | သူတော်ကောင်း၏အဆုံးမနာယူခြင်း |
| ၃၇၉ နေရုဇာတ် | ဟင်္သာ | နွားထီး၅ကျပ်နွားမ၅ကျပ် |
| ၃၈၀ အာသင်္ကဇာတ် | ရသေ့ | သုံးနှစ်သုံးမိုးချစ်ဒုက္ခခံရ |
| ၃၈၁ မိဂါလောပဇာတ် | လင်းတငှက် | ပညာရှိစကားမနာ၍ပျက်စီးခြင်း |
| ၃၈၂ သိရိကာဠကဏ္ဏီဇာတ် | သူဌေး | အကျင့်သိက္ခာရှိသူသာသင့်ရာမြတ်နေရာ |
| ၃၈၃ ကက္ကုဋဇာတ် | ကြက်မင်း | မြှောက်တိုင်းမမြောက်၊ချော့တိုင်းမပျော့ |
| ၃၈၄ ဓမ္မဓဇဇာတ် | ငှက်မင်း | အပြောတစ်မျိုးအလုပ်တမျိုး သူခိုးမာယာ |
| ၃၈၅ နန္ဒိယမိဂဇာတ် | သမင် | တိရစ္ဆာန်လျှက် မိဘတွက် အသက်စွန့်ဖူးရှာ |
| ၃၈၆ ခရပုတ္တဇာတ် | သိကြားမင်း | မိန်းမအလိုသို့ မလိုက်သင့် |
| ၃၈၇ သူစိဇာတ် | ပန်းပဲသမား | ပညာအစွမ်းဖြင့် အလိုပြည့်ဝခြင်း |
| ၃၈၈ တုဏ္ဍိလဇာတ် | ဝက်ညီနောင် | သေမှာကြောက်လည်းသေမှာပဲ |
| ၃၈၉ သုဝဏ္ဏကဋကဇာတ် | ရွှေပုဇွန် | ကျေးဇူးသိေသာေရွှပုဇွန် |
| ၃၉၀ မယှကဇာတ် | သဌေးသား | မစားရက် လောက်တက် |
| ၃၉၁ ဝိဇ္ဇာဓရဇာတ် | သိကြားမင်း | ဝိဇ္ဇာဓိုရ်များ ကြာခိုခြင်း |
| ၃၉၂ သိင်္ဂပုပ္ဖဇာတ် | ရသေ့ | ကြီးငယ်မဟူ အပြစ်မြူ ဖြူအောင်ဆေးကြောကြ |
| ၃၉၃ ဝိဃာသတာဇာတ် | သိကြား | လှူပြီးစားတော့ နတ်ရွာရောက် |
| ၃၉၄ ဝဋ္ဋကဇာတ် | ငုံး | ကျီးလန့် အစာစား |
| ၃၉၅ ပါရာဝတဇာတ် | ခို | အစားတလုပ်တွက်ဒုက္ခရောက် |
၇ သတ္တကနိပါတ်
[ပြင်ဆင်ရန်]| ၃၉၆ ကုက္ကုဇာတ် | အမတ် | အဂတိတရားမလိုက်စားမင်းအားကျင့်အပ်စွာ |
| ၃၉၇ မနောဇဇာတ် | ခြင်္သေ့ | ယုတ်မာသူကိုမပေါင်းရ |
| ၃၉၈ သုတနုဇာတ် | ဆင်းရဲသာလုလင် | မိဘရိုသေအသက်ရှည် |
| ၃၉၉ မာတုပေါသကဂိဇ္ဈဇာတ် | လင်းတ | မိဘကျေးဇူးကြောင့်သေဘေးမှလွတ် |
| ၄၀၀ ဒဗ္ဗပုပ္ဖဇာတ် | ရုက္ခစိုး | ငါးကြင်းသားအတွက်ငြင်းခုံသောဖျံနှစ်ကောင် |
| ၄၀၁ ပဏ္ဏကဇာတ် | ပညာရှိ | ရောဂါကိုပညာဖြင့်ကုစားခြင်း |
| ၄၀၂ သတ္တုဘသ္တဇာတ် | ပညာရှိ | ပညာရှိအတွေးပြေးကြည့်တာထက်မှန် |
| ၄၀၃ အဌိသေနဇာတ် | ရသေ့ | တောင်းသူမုန်းမြဲ မပေးလဲ မုန်းမြဲဓမ္မတာ |
| ၄၀၄ ကပိဇာတ် | မျောက် | ပညာရှိစကားနားမထောင်၍ပျက်စီးရခြင်း |
| ၄၀၅ ဗကဇာတ် | ရသေ့ | ဗကဗြဟ္မာ အတိတ်ဝတ္ထု |
| ၄၀၆ ဂန္ဓာရဇာတ် | မင်း | ရသေ့ရဟန်း ပစ္စည်း မသိမ်းအပ် |
| ၄၀၇ မဟာကပိဇာတ် | မျောက် | အများတွက်အသက်ကိုမငဲ့ |
| ၄၀၈ ကုမ္ဘကာရဇာတ် | အိုးထိန်းသည် | ကိလေသာ၏အလိုသို့မလိုက်သင့် |
| ၄၀၉ ဒဠှဓမ္မဇာတ် | အမတ် | တလုတ်စားဖူးသူ့ကျေးဇူး |
| ၄၁၀ သောမဒတ္တဇာတ် | သိကြားမင်း | သေသူတမ်းတ ငိုကြွေးကျ သောကဖြစ်ရုံသာ |
| ၄၁၁ သုသိမဇာတ် | သုသိမမင်း | ဆံပင်ဖြူ၍တောထွက် |
| ၄၁၂ ကောဋသိမ္ဗလိဇာတ် | ရုက္ခစိုး | လာမယ့်အန္တရာယ်ကြိုတင်ကာကွယ် |
| ၄၁၃ ဓူမကာရိဇာတ် | ပညာရှိ | မိတ်ဟောင်းကိုပစ် မိတ်အသစ် မချီးမမြှောက်ရာ |
| ၄၁၄ ဇာဂရဇာတ် | ရသေ့ | ထကြွနိုးကြား ရှိသူအား ကင်းပရန်ဘယာ |
| ၄၁၅ ကုမ္မာသပိဏ္ဍိဇာတ် | မင်း | ညောင်စေ့လောက်လှူ ညောင်ပင်လောက်ရ |
| ၄၁၆ ပရန္တပဇာတ် | မင်းသား | မကောင်းမှုသည်မကောင်းကျိုးကိုပေးတတ်သည် |
၈ အဋ္ဌကနိပါတ်
[ပြင်ဆင်ရန်]| ၄၁၇ ကစ္စာနိဇာတ် | သိကြား | ကျေးဇူးသိငြားသမီးသားကြီးပွားချမ်းသာရာ |
| ၄၁၈ အဋ္ဌသတ္တဇာတ် | ရသေ့ | အသက်သတ်၍ ယစ်ပူဇော် |
| ၄၁၉ သုလသာဇာတ် | တောစောင့်နတ် | မိန်းမပညာရှိ |
| ၄၂၀ သုမင်္ဂလဇာတ် | မင်း | အဂတိမလိုက်စားနဲ့ |
| ၄၂၁ ဂင်္ဂမာလဇာတ် | ရေသည်သမား | ရေသည်ပြဇာတ် |
| ၄၂၂ စေတိယဇာတ် | ပုဏ္ဏား | မုသားပြော၍မြေမျိုခြင်း |
| ၄၂၃ ဣန္ဒြိယဇာတ် | ရသေ့ | မဘက်လိုက်မိုက်ဖက်ပါ |
| ၄၂၄ အာဒိတ္တဇာတ် | မင်း | နှိုင်းနှိုင်းချိန်ချိန်သုခမိန် |
| ၄၂၅ အဋ္ဌာနဇာတ် | ရသေ့ | ကြမ်းကြုတ်ပြစ်မှားသူ့ထံပါးစကားမဆိုရာ |
| ၄၂၆ ဒီပိဇာတ် | အပြစ်မရှိအပြစ်ရှာ |
၉ နဝကနိပါတ်
[ပြင်ဆင်ရန်]| ၄၂၇ ဂိဇ္ဈဇာတ် | လင်းတ | အကျိုးလိုလားဆုံးမငြားမှတ်သားလိုက်နာပါ |
| ၄၂၈ ကောသမ္ဗိယဇာတ် | မင်းသား | အငြင်းအခုန်မပြုသင့် |
| ၄၂၉ မဟာသုဝဇာတ် | ကျေးမင်း | ရောင့်ရဲခြင်းသည်ချမ်းသာ၏ |
| ၄၃၀ စူဠသုဝဇာတ် | ကျေးမင်း | ကျေးဇူးကြီးမားနေရာများရှောင်ရှားမပြုရာ |
| ၄၃၁ ဟရိတစဇာတ် | ရသေ့ | အငွေ့သာေရှာင် အတွေ့မရှောင် |
| ၄၃၂ ပဒကုသလမာဏဝဇာတ် | လုလင် | ကိုးကွယ်ရာမှဘေးဖြစ်က မုချေကြာက်ဖွယ်ရာ |
| ၄၃၃ ဘောမသကဿပဇာတ် | ရသေ့ | ဘုရားအလောင်းမိန်းမကြောင့်မေ့လျော့ခြင်း |
| ၄၃၄ စက္ကာဝါကဇာတ် | ငှက် | အဆီစားတိုင်း အသားမဖြစ် |
| ၄၃၅ ဟလဒ္ဒိရာဂဇာတ် | ရသေ့ | ချစ်လွယ်မုန်းလွယ်သူကို ရှောင်ကြဉ်ပါ |
| ၄၃၆ သမုဂ္ဂဇာတ် | ရသေ့ | မိန်းမကိုရွှေခွက်ထဲ ထည့်ကမျို |
| ၄၃၇ ပူတိမံသဇာတ် | ရုက္ခစိုး | မကြည့်သင့်ပဲကြည့်၍ဆုံးရှုံးခြင်း |
| ၄၃၈ ဒဒ္ဒရဇာတ် | ခါ | ကရုဏာကင်းသောရသေ့စဉ်းလဲ |
၁၀ ဒသကနိပါတ်
[ပြင်ဆင်ရန်]| ၄၃၉ စတုဒွါရဇာတ် | နတ်မင်း | ငရဲပန်းကိုရွှေပန်းထင် |
| ၄၄၀ ကဏှဇာတ် | ရသေ့ | အကျင့်ကောင်းခြင်းသည် အဆင်းလှသည်မည်၏ |
| ၄၄၁ စတုပေါသထိယဇာတ် | ဥပုသ်သည်လေးဦး | |
| ၄၄၂ သင်္ခဇာတ် | ပုဏ္ဏား | ဖိနပ်လှူရသည့်အကျိုး |
| ၄၄၃ စူဠဗောဓိဇာတ် | ရသေ့ | ပညာရှိအမျက်အပြင်မထွက် |
| ၄၄၄ ကဏှဒီပါယနဇာတ် | ရသေ့ | မှန်သောစကားသည်သစ္စာ |
| ၄၄၅ နိဂြောဓဇာတ် | မင်း | လူမိုက်ဆည်းက ပြစ်ဒဏ်ရ |
| ၄၄၆ တက္ကလဇာတ် | ပညာရှိ | မိခင်ဖခင်ကျေးဇူးရှင်အစဥ်လုပ်ကြွေးရာ |
| ၄၄၇ မဟာဓမ္မပါလဇာတ် | သတို့သား | ငါးပါးသီလစောင့်သုံးက ငယ်ကမသေရာ |
| ၄၄၈ ကုက္ကုဋဇာတ် | ကြက်မင်း | မိတ်ဆွေဟန်ဆောင်သူကိုသတိပြု |
| ၄၄၉ မဋ္ဌကုဏ္ဍလီဇာတ် | နတ်သား | နေနှင့်လကို လည်းတွင်တပ်၍စီးချင် |
| ၄၅၀ ဗိဠာရကောသိယဇာတ် | သိကြားမင်း | သူဌေး ကပ်စေးနှဲ |
| ၄၅၁ စက္ကဝါကဇာတ် | စက္ကဝါငှက် | သက်သတ်ရှောင်ရှားမေတ္တာပွား လှငြားဆင်းရူပါ |
| ၄၅၂ ဘူရိပဉှဇာတ် | ပညာရှိ | မဟော်သဓာဇာတ် |
| ၄၅၃ မဟာမင်္ဂလဇာတ် | ရသေ့ | မင်္ဂလာတရား ၈ ပါး |
| ၄၅၄ ဃဋပဏ္ဍိတဇာတ် | မင်းသား | သေသူကို အမျှပေးပါ/ မငိုကြွေးပါနှင့် |
၁၁ ဧကာဒသကနိပါတ်
[ပြင်ဆင်ရန်]| ၄၅၅ မာတုပေါသကဇာတ် | ဆင်ဖြူ | တိရစ္ဆာန်ဖြစ်သော်လည်း မိဘကိုလုပ်ကျွေး |
| ၄၅၆ ဇှဏှဇာတ် | မင်း | နည်းငယ်ပေးဖူး သူ့ကျေးဇူး အထူးသိအပ်စွာ |
| ၄၅၇ ဓမ္မဒေဝပုတ္တဇာတ် | ဓမ္မနတ်သား | မတရားကျင့်သူကို တရားကျင့်၍အောင်နိုင်ခြင်း |
| ၄၅၈ ဥဒယဘဒ္ဒဇာတ် | သိကြားမင်း | အလှတန်ဖိုးကြာလေလျော့လေ |
| ၄၅၉ ပါနီယဇာတ် | မင်း | ကိုယ့်အပြစ်ကိုမြင်သူငါးယောက် |
| ၄၆၀ ယုဓဉ္ဇယဇာတ် | မင်းသား | ဆီးနှင်းပျောက်သည်ကိုမြင်၍ ရဟန်းပြု |
| ၄၆၁ ဒသရထဇာတ် | ရာမမင်းသား | ရာမလက္ခဏသီတာ |
| ၄၆၂ သံဝရဇာတ် | သံဝရမင်းသား | ဆရာ့စကားနားထောင်၍ မင်းဖြစ်ခြင်း |
| ၄၆၃ သုပ္ပါရကဇာတ် | မာလိန်မှူး | မျက်မမြင် မာလိန်မှူး၏သီလ |
၁၂ ဒွါဒသကနိပါတ်
[ပြင်ဆင်ရန်]| ၄၆၄ စူဠကုဏာလဇာတ် | ||
| ၄၆၅ ဘဒ္ဒသာလဇာတ် | ||
| ၄၆၆ သမုဒ္ဒဝါဏိဇဇာတ် | ||
| ၄၆၇ ကာမဇာတ် | ပညာရှိ | လောဘဝေဒနာ ပညာဖြင့်ကု |
| ၄၆၈ ဇနသန္ဓဇာတ် | စကြာမင်း | ဇနသန္ဓစကြားမင်းအကြောင်း |
| ၄၆၉ မဟာကဏှဇာတ် | သိကြား | ခွေးနက်အဟန် ချောက်လှန့်၍ တရားပေး |
| ၄၇၀ သောသိယဇာတ် | သုဓါဘောဇနဇာတ်နှင့်တူ | |
| ၄၇၁ မေဏ္ဍကပဉှာဇာတ် | မဟောသဓါ | မဟာဥမင်္ဂဇာတ်နှင့်တူသည် |
| ၄၇၂ မဟာပဒုမဇာတ် | ပဒုမမင်းသား | ကာမအမိုက်မိဖုရားမှ ပဒုမမင်းသားကို သတ်စေခြင်း |
| ၄၇၃ မိတ္တာမိတ္တဇာတ် | ပညာရှိ | မိတ်ဆွေရန်သူ ပေါင်းအပ်မပေါင်းအပ်တရား |
၁၃ တေရသကနိပါတ်
[ပြင်ဆင်ရန်]| ၄၇၄ အမ္ဗဇာတ် | ဒိသာပါမောက္ခ | ဒွန်းစဏ္ဍားထံတပြည့်ခံ၍ သရက်သီးမန္တန်သင်ခြင်း |
| ၄၇၅ ဖန္ဒနဇာတ် | ရုက္ခစိုး | ကျို့ပင်စောင့်နတ်နဲ့ ဝက်ဝံ ရန်ငြှိုး |
| ၄၇၆ ဇဝနဟံသဇာတ် | ||
| ၄၇၇ စူဠနာရဒဇာတ် | ||
| ၄၇၈ ဒူတဇာတ် | ||
| ၄၇၉ ကာလိင်္ဂဗောဓိဇာတ် | ||
| ၄၈၀ အကိတ္တိဇာတ် | ရသေ့ | ခြိုးခြံစွာကျင့်ခြင်း |
| ၄၈၁ တက္ကာရိယဇာတ် | ပုဏ္ဏား | |
| ၄၈၂ ရုရုမိဂဇာတ် | ||
| ၄၈၃ သရဘမိဂဇာတ် | ရွှေသမင်ဘယ်ကထွက် မင်းကြီးတာကထွက် |
၁၄ ပကိဏ္ဏကနိပါတ်
[ပြင်ဆင်ရန်]| ၄၈၄ ကေဒါရဇာတ် | ကျေးမင်း | ကြွေးသစ်ချ ကြွေးဟောင်းဆပ် ရွှေအိုးမြှုပ် |
| ၄၈၅ စန္ဒကိန္နရီဇာတ် | ကိန္နရာ | ကန္နရာဖို ကန္နရီမတို့၏ လွမ်းခန်း(တော်လေးဝဝင် ကိန္နရီမ) |
| ၄၈၆ မဟာဥက္ကုသဇာတ် | စွန် | ဝန်လို လိပ် ခြင်္သေ့ ပေါင်း၍ ရန်အောင် |
| ၄၈၇ ဥဒ္ဒါလကဇာတ် | ပုရောဟိတ် | အံ့ဖွယ်ထင်အောင်အကျင့်ဆောင် ကြည်ညိုရန်မသင့် |
| ၄၈၈ ဘိသဇာတ် | ရသေ့ | ရသေ့မောင်နှမ၏သစ်သီးဝေစုဖြင့်သီလကိုစမ်း |
| ၄၈၉ သုရုစိဇာတ် | သုရုစိမင်း | သီလအစွမ်းဖြင့် သားဆုပန် |
| ၄၉၀ ပဉ္စုပေါသကဇာတ် | ရသေ့ | ခို/မြွေ/မြေခွေး/ဝံ/ရသေ့ အတူဥပုသ်ပြု |
| ၄၉၁ မဟာမောရဇာတ် | ဥဒေါင်းမင်း | မောရပရိတ်တော် |
| ၄၉၂ တစ္ဆကသူကရဇာတ် | ဝက်မင်း | ရသေ့နှင့်ကျားရန်မှ ဝက်တို့ကိုကယ်ခြင်း |
| ၄၉၃ မဟာဝါဏိဇဇာတ် | လှည်းကုန်သည် | ညောင်ပင်မှ ရတနာတို့ရသော ကုည်သည်များ |
| ၄၉၄ သာဓိနဇာတ် | သာဓိနမင်း | သီလအစွမ်းေကြာင့် သိကြားမှနတ်ပြည်သို့ပင့် |
| ၄၉၅ ဒသဗြာဟ္မဏဇာတ် | ကောရဗျမင်း | အဓိဌာန်ဖြင့် ပစ္စေကဗုဒ္ဓတို့အားပင့်ဆောင် |
| ၄၉၆ ဘိက္ခာပရမ္ပရဇာတ် | သူကြွယ် | ဝမ်းပမြာက်ဖွယ် အလှူဒါန |
၁၅ ဝီသတိနိပါတ်
[ပြင်ဆင်ရန်]| ၄၉၇ မာတင်္ဂဇာတ် | ဒွန်းစဏ္ဍား | ဒွန်းစဏ္ဍားနဲ့သူဌေးသမီး |
| ၄၉၈ စိတ္တသမ္ဘူတဇာတ် | အသိဓါတ်ခံတူသူနှစ်ဦး | |
| ၄၉၉ သိဝိဇာတ် | သိဝိမင်း | မျက်လုံးကိုပင် လှူရဲသူ |
| ၅၀၀ သိရိမန္တဇာတ် | မဟောသဓါ | မဟော်သဓါသုခမိန် |
| ၅၀၁ ရောဟဏမိဂဇာတ် | ||
| ၅၀၂ စူဠဟံသဇာတ် | ||
| ၅၀၃ သတ္တိဂုမ္ဗဇာတ် | ||
| ၅၀၄ဘလ္လာတိယဇာတ် | ||
| ၅၀၅ သောမနဿဇာတ် | ||
| ၅၀၆ စမ္ပေယျဇာတ် | နဂါးမင်း | ခန္တီပါရမီဖြည့်တဲ့နဂါးမင်း |
| ၅၀၇ မဟာပလောဘနဇာတ် | မိန်းမအနံမခံနိုင်သည့်မင်းသား | |
| ၅၀၈ ပဉ္စပဏ္ဍိတဇာတ် | မဟော်သဓါ | ပညာရှိ ငါးပါး |
| ၅၀၉ ဟတ္ထိပါလဇာတ် | ကာမညွန်မှရုန်းထွက်သူများ | |
| ၅၁၀ အယောဃရဇာတ် | သံလှောင်အိမ်၌နေရသူ |
၁၆ တိ ံသနိပါတ်
[ပြင်ဆင်ရန်]| ၅၁၁ ကိံဆန္ဒဇတ် | လာဘ်စားခြင်း၏ဆိုးကျိုး | |
| ၅၁၂ ကုမ္ဘဇာတ် | သေရည်သေရက်/အရက်သမားအလို နတ်မနိုင် | |
| ၅၁၃ ဇယဒိသာဇာတ် | မင်း | လူသားစားသော ပေါဒိသာရ |
| ၅၁၄ ဆဒ္ဒန္တဇာတ် | ဆင်ဖြူတော် | ဆဒ္ဒန်ဆင်မင်း |
| ၅၁၅ သမ္ဘဝဇာတ် | တရားရှင်များ | |
| ၅၁၆ မဟာကပိဇာတ် | မျောက် | အသက်ပေး၍ ကယ်တင်သည် |
| ၅၁၇ ဒကရက္ခသဇာတ် | ပညာရှိ | မဟော်သဓာဇာတ် |
| ၅၁၈ ပဏ္ဍရကနာဂရာဇာဇာတ် | နဂါး | ကိုယ့်ရှူးကိုယ်ပတ် |
| ၅၁၉ သမ္ဗုလာဇာတ် | တော်လေးဝဝင် သမ္ဗုလာ မိဖုရား | |
| ၅၂၀ ဂဏ္ဍတိန္ဒုကဇာတ် | တည်ပင်စောင့်နတ် | ပြည်သူများ၏ကျိန်ဆဲခံရ၍တရားကိုစောင့်သောမင်း |
၁၇ စတ္တာလီသနိပါတ်
[ပြင်ဆင်ရန်]| ၅၂၁ တေသကုဏဇာတ် | ဇမ္ဗုကေျးသား | ပညာရှိသော ငှက်သုံးကောင် |
| ၅၂၂ သရဘင်္ဂဇာတ် | ရသေ့ | သူတော်ကောင်းပြစ်မှား၍ တိုင်းပြည်နှင့်တကွပျက်စီရးသောဒဏ္ဍကီမင်း |
| ၅၂၃ အလမ္ဗုသာဇာတ် | ရသေ့ | သားရသေ့ငယ် မိန်းမကိုစွဲလမ်းသွားခြင်း |
| ၅၂၄ သင်္ခပါလဇာတ် | နဂါးမင်း | ဥပုသ်စောင့်တဲ့နဂါးမင်း၊ သီလပရမတ္ထပါရမီ |
| ၅၂၅ စူဠသုတသောမဇာတ် | ဆံတစ်ပင်ဖြူသောကြောင့် တောထွက်သောမင်း |
၁၈ ပဏ္ဏာသနိပါတ်
[ပြင်ဆင်ရန်]| ၅၂၆ နိလိနိကာဇာတ် | ရသေ့ | ရသေ့ငယ်ကို ဖျက်ဆီးရန်လာသော နိလိနိကာမင်းသမီး |
| ၅၂၇ ဥမ္မာဒန္တီဇာတ် | အလှဖြင့် ရူးမူးစေသူ | |
| ၅၂၈ မဟာဗောရိပရိဗ္ဗာဇကဇာတ် | ကုန်းတိုက်သူ၏ သွားရာလမ်း |
၁၉ သဋ္ဌိနိပါတ်
[ပြင်ဆင်ရန်]| ၅၂၉ သောဏကဇာတ် | စံနမူနာပြ ကောင်းသူ | |
| ၅၃၀ သံကိစ္စဇာတ် | တရားရှင်၏အကူအညီ |
၂၀ သတ္တတိနိပါတ်
[ပြင်ဆင်ရန်]| ၅၃၁ ကုသဇာတ် | ကုသမင်း | ကုသမင်းနှင့်ပဘာဝတီ |
| ၅၃၂ သောဏနန္ဒဇာတ် | ညီနောင်နှစ်ဖော် |
၂၁- အသီတိနိပါတ်
[ပြင်ဆင်ရန်]| ၅၃၃ စူဠဟံသဇာတ် | မိမိအသက်နှင့်ထပ်တူလေးစားသူ | |
| ၅၃၄ မဟာဟံသဇာတ် | ဟင်္သာမင်း | မိတ်ဆွေကောင်းတို့၏စိတ်ထား |
| ၅၃၅ သုဓာဘောဇနဇာတ် | သိကြား | ငါးဆက်မြောက်သူဌေးကို အလှူပြန်ပြုစေခြင်း |
| ၅၃၆ မဟာကုဏလဇာတ် | မဟာသမယသုတ် | ငြင်းခုံခိုက်ရန်မဖြစ်ရန်/ မဟာသမယသုတ်တော် |
| ၅၃၇ မဟာသုတသောမဇာတ် | သုတသောမမင်း | အင်္ဂုလိမာလ၊ပေါရိသာဒ |
၂၂- မဟာနိပါတ်
[ပြင်ဆင်ရန်]| ၅၃၈ တေမိဇာတ် | တေ | |
| ၅၃၉ မဟာဇနကဇာတ် | ဇ | |
| ၅၄၀ သုဝဏ္ဏသာမဇာတ် | သု | |
| ၅၄၁ နေမိဇာတ် | နေ | |
| ၅၄၂ မဟောသဓါဇာတ် | မ | မဟာဥမင်္ဂဇာတ် |
| ၅၄၃ ဘူရိဒတ္တဇာတ် | ဘူ | |
| ၅၄၄ စန္ဒကုမာရဇာတ် | စန် | |
| ၅၄၅ နာရဒဇာတ် | နာ | |
| ၅၄၆ ဝိဓူရဇာတ် | ဝိ | |
| ၅၄၇ ဝေဿန္တရာဇာတ် | ဝေ |