အသုံးပြုသူ:Oakkarkoko

ဝီကီပီးဒီးယား မှ

အားလုံးသောမိတ်ဆွေများဖတ်ဖို့နဲ့

တခြားသော ခင်ဗျားတို့မှတ်သားနိုင်ဖို့ ဒီအရာကို တင်ပေးလိုက်ပါရဲ့။

အမည်ရင်း— ဥက္ကာကိုကို ကလောင်အမည်—ဥက္ကာကိုကို(သံတွဲ) ၊ သဗ္ဗေသတ္တာ မောင်ဥက္ကာ(သံတွဲ)

မွေးသက္ကရာဇ်— 13 ,8, 1988 .

အဖ–(ဦးကိုကိုသော်) ၊ အမိ–ဒေါ်ထက်ထက်ဝင်း ၊ မွေးချင်းသုံးယောက်တွင် အကြီးဆုံး။

မွေးဇာတိ— သံတွဲမြို့ ၊ ရခိုင်ပြည်နယ် ။

ဆယ်တန်းကို—ဘိုင်အိုတွဲဖြင့် သံတွဲမြို့ အ.ထ.က-၁ မှ 2004 ခုနှစ်တွင် အောင်မြင်သည်။

တက္ကသိုလ်််—စစ်တွေတွင် ဒဿနိကအထူးပြုဖြင့် တက်ရောက်သင်ကြားနေဆဲ။

စာပေလောကထဲတွင်—2005 . ဇန်နဝါရီ . ရတီမဂ္ဂဇင်းတွင် “ဂြိုဟ်သားတစ်ချို့နှင့်စကားပြောခြင်း” ကဗျာဖြင့် စတင်ခြေချသည်။

ရန်ကုန်မြေသို့-– 2007 ဇူလိုင်တွင် ရောက်ရှိခဲ့သည်။ 2007 . အောက်တိုဘာ 11 –တွင် 7 Day New ဂျာနယ်၌ သတင်းထောက်တာဝန်ထမ်းဆောင်သည်။

လက်ရှိ မဂ္ဂဇင်းများတွင် ကဗျာနှင့် ဝတ္ထုတိုများ ၊ အက်ဆေးများ ၊ ဟာသနှင့် သရော်စာများ ကြိုကြားကြိုကြားရေးသား။

အွန်လိုင်းပေါ်မှစာမျက်နှာများ- http://oakkarkoko.wordpress.com , www.mgoakkarkoko.co.cc , http://www.facebook.com/profile.php?id=1038332401

နိုင်ငံရေးနှင့်ပတ်သက်၍ – ကြောက်တတ်သည်။ ဘာမှမလုပ်ရဲ။ အဖမ်းခံရမှာ၊ အနှိပ်စက်ခံရမှာအလွန်ကြောက်သည်။ နိုင်ငံရေးကို စိတ်ဝင််စားသော်လည်း ဘာမှမလုပ်။ သူများလုပ်ပြီးသားတွေကို နောက်မှလိုက်ပြီး ဖျာဝင်ခင်းသောစောက်ကျင့်ရှိသည်။ အထူးသဖြင့် ထောက်လှမ်းရေးရဲတွေရှေ့ရောက်လျှင် ကြောက်ဒူးတဆတ်ဆတ်တုန်နေတတ်၏။

ဒီမိုကရေစီရလျှင် - ပစ္စတိုသေနတ်ကောင်းကောင်း တစ်လက်လောက်ဝယ်ကိုင်ချင်သည်။

ကျန်းမာရေး- အဆုတ်မကောင်း၊ အသည်းကြီးနေသည်၊ အဆီဖုံးပြီးခြောက်စပြုနေသောကြောင့်ဆေးတွေသောက်နေရသည်။

ကြိုက်တတ်သောအရာ — အရက်၊ မိန်းမ အစရှိသဖြင့်မကောင်းတာမှန်သမျှစပ်ဖြီးဖြီးနှင့် နည်းနည်းနည်းနည်း စမ်းစမ်းကြည့်တတ်သည်။

ကဗျာပုဒ်ရေ(၅၀)ကျော်ကို မဂ္ဂဇင်းစာမျက်နှာများပေါ်တွင်ပုံနှိပ်ဖော်ပြခံရပြီးဖြစ်ကာ ဝတ္ထုတိုဆယ်ပုဒ်ခန့်ဖော်ပြခံရပြီးဖြစ်သည်။ ဆက်မရေးဖြစ်။

ချစ်တတ်သောနှလုံးသားပိုင်ရှင်ဖြစ်သည်။ နောက်တတ်ပြောင်တတ်ပြီးပျော်တတ်သည်။ အပျော်လွန်သွားရင်ရပ်ကွက်ရုံးရောက်လေ့ရှိသည်။ အရမ်းမူးသွားပါက သွေးဆိုးတတ်ပြီး ကြီးကျယ်စွာပြဿနာရှာလေ့ရှိသည်။ မနက်အမူးပြေလျှင် ဘာကိုမှမမှတ်မိယောင်ဆောင်တတ်သည်ဟု သူငယ်ချင်းအားလုံးက တညီတညွှတ်တည်းပြောကြလေသည်။