အသုံးပြုသူ:Maung Kote/sandbox

ဝီကီပီးဒီးယား မှ
၁၇:၀၀၊ ၂၁ ဇွန် ၂၀၁၆ (UTC)~ မြန်မာ့သတင်း ၂၀၁၆ ဇွန်လ Maung Kote (ဆွေးနွေး)  ၁၇:၀၀၊ ၂၁ ဇွန် ၂၀၁၆ (UTC)

Maung Kote (ဆွေးနွေး)၂၁ဇွန်၂၀၁၆Maung Kote (ဆွေးနွေး)

ရန်ကုန်မြို့တွင်းပြေးဆွဲလျက်ရှိသည့် ခရီးသည်တင်ယာဉ်လိုင်း ၃၀၀ ကျော်အား ၅၀ သာစုစည်းပြေးဆွဲမည့် အစီအစဉ်ကို စက်တင်ဘာတွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း သတင်းရရှိသည်။

မြို့တွင်းခရီးသည်တင်ယာဉ် လိုင်း ၃၀၀ ကျော်ကို၅၀ ထိ စုစည်းပြေးဆွဲမည့်အစီအစဉ်တွင် အများပိုင်ကုမ္ပဏီများဖွဲ့စည်း၍ ယခုနှစ်

စက်တင်ဘာ၌ စတင်အကောင်အထည်ဖော်လုပ်ဆောင်မည်ဟု ဇွန်လ ၁၉ ရက်က ပြုလုပ်သည့် ခရီးသည်တင်ယာဉ်များဖြင့် ပိုမိုကောင်းမွန်သော အများပြည်သူ သယ်ယူပို့ဆောင်မှုစနစ်ဖြစ်ပေါ်လာရေး အလုပ်ရုံဆွေးနွေးပွဲမှ သိရသည်။

‘‘JICA ရဲ့ လေ့လာဆန်းသစ် ချက်အရ ယာဉ်လိုင်း ၁၁ လိုင်းပဲ လိုတယ်။ လမ်းမကြီး၊ လမ်းအတို လေးတွေ ပေါင်းစပ်မယ်ဆိုရင် လိုင်း ၅၀ ထက်ပိုစရာမရှိဘူး။ ကုမ္ပဏီ ငါးခုလောက်က ထူထောင်ပြီး အားလုံးပေါင်းစပ်ညှိနှိုင်းလုပ်ပေးမယ်ဆိုရင်၊ အများပိုင်ကုမ္ပဏီဟာ ဒီမှာရှိတဲ့ သေးသေးကြီးကြီးအားလုံးကို စုစည်းပြီး ထူထောင်ရပ်တည်ခွင့်ရမယ်ဆိုရင် ယာဉ်လိုင်း ၅၀ လောက်ကို၀င်ပြီး အော်ပရေတာလုပ်လို့ရနိုင်မယ်။ စက်တင်ဘာလောက်မှာ စတင်ချင်ပါတယ်’’ဟု ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြောကြားသည်။

အဆိုပါစနစ်ကို စတင်အ ကောင်အထည်ဖော်ရန် ဩဂုတ် တွင်မြို့တွင်းရှိ မီးပွိုင့်စနစ်များ ပြောင်းလဲပြင်ဆင်မည်ဖြစ်ပြီး တစ်ပြိုင်တည်းမှာပင် ကားမှတ်တိုင်များအားလုံးကို ပြင်ဆင်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

အများပိုင် ကုမ္ပဏီများဖြင့် ယာဉ်လိုင်း ၅၀ ထားရှိမည့် ဘတ်စ်ကားစနစ်တွင် လက်မှတ်ဖြတ်ပိုင်း ကို အသုံးပြုမည်ဖြစ်ပြီး ကားမှတ်တိုင်၌ လက်မှတ်ဖြတ်ရမည်ဖြစ်ကာယာဉ်ပေါ်သို့ တက်ရမည်ဖြစ်ပြီး ယာဉ်နောက်လိုက်ထားရှိမည်မဟုတ်ကြောင်း သိရသည်။

အဆိုပါယာဉ်လိုင်း ၅၀ စုစည်းထားရှိရာတွင် ယာဉ်လိုင်းများလျော့နည်းသွားသော်လည်း ယာဉ်စီးရေ လျော့နည်းမည် မဟုတ်သဖြင့် ခရီးသည်များအခက်အခဲမရှိနိုင်ကြောင်း မထသ (ဗဟို)ဥက္ကဋ္ဌ ဦးလှအောင်က ပြောကြားသည်။

လက်ရှိတွင် မထသ လက် အောက်ရှိ ခရီးသည်တင်ယာဉ် လိုင်း ၃၅၇ လိုင်းမှ ယာဉ်စီးရေ ၇,၀၀၀ ကျော်အနက် ၄,၇၀၀ ကျော်သာ ခရီးသည် ၂ ဒသမ ၆ သန်းကျော်အား နေ့စဉ်ပို့ဆောင်ပေးနေကြောင်း သိရသည်။

Maung Kote (ဆွေးနွေး) မြန်မာ့သတင်း ၂၀၁၆ ဇွန်လ Maung Kote (ဆွေးနွေး) ရန်ကုန်၊ ဇွန် ၂၁ ရက် (ဆင်ဟွာ)

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ဗလမင်းထင်တံတားအနီး၌ တံတားလုံခြုံရေးယူထားသော လုံခြုံရေးတပ်ဖွဲ့ဝင်များထံမှ သေနတ် လုယူခဲ့ရာမှ ကျည်ပေါက်ထွက်ပြီး လူငယ်တစ်ဦးသေဆုံးမှု ဇွန်လ ၂၀ ရက် ည ၉ နာရီ ၄၅ မိနစ်ခန့်တွင် ဖြစ်ပွားခဲ့ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး သတင်းထုတ်ပြန်ရေးအဖွဲ့မှ ယနေ့ သတင်းထုတ်ပြန်သည်။

အဆိုပါ သေဆုံးမှုဖြစ်စဉ်တွင် ထိုနေ့ညက ထိုနေ့ညက မြစ်ကြီးနားမြို့နေ မောင်စီစာရပ်၊ မောင်ဝင်းမျိုးသန့်၊ မနွေးနွေး၊ မနန်းလေးတို့ ၄ ဦးသည် ဝိုင်းမော်မြို့နယ်၊ မိုင်းနားဘက်ခြမ်း မှ ဆိုင်ကယ်စီး၍ ဗလမင်းထင်တံတားအားဖြတ်သန်းပြီး မြစ်ကြီးနားဘက်သို့ ပြန်လည် မောင်းနှင်လာခဲ့ရာ စီတာပူရပ်ကွက်သို့ ရောက်ရှိစဉ် အမည်(စိစစ်ဆဲ) လူ ၈ ဦးက ၎င်းတို့ စီး နင်းလာသည့် ဆိုင်ကယ်အားလုယူရန် နှောင့်ယှက်ခဲ့သောကြောင့် အနှောင့် အယှက်ခံရသူ ၄ ဦးက နယ်မြေခံတပ်မှ လုံခြုံရေးရယူထားသည့် ဗလမင်းထင် တံတားလုံခြုံရေးဂိတ်(စီတာပူ)ဘက်ခြမ်းသို့ ရောက်ရှိလာကာ အကူအညီတောင်းခံခဲ့သဖြင့် လုံခြုံရေးစစ်သည် ၂ ဦးမှ လိုက်ပါကူညီပြီး စိတ်ချရသည့်နေရာအထိ ပို့ဆောင်ပေးခဲ့သည်။

ယင်း လုံခြုံရေးစစ်သည် ၂ ဦး တာဝန်ကျဂိတ်သို့ပြန်လာစဉ် လူငယ် ၄ ဦးအား နှောင့်ယှက်ခဲ့သည့် အမည်စီစစ်ဆဲလူ ၈ ဦးက စစ်သည် ၂ ဦးအား လုံးထွေးထိုးကြိတ်ခဲ့ပြီး သေနတ်အား လုယက်ခဲ့၍ စစ်သည်တစ်ဦးကိုင်ဆောင်သော သေနတ်မှ ကျည်ပေါက်ထွက်မှု ဖြစ်ပွားကာ လူတစ်ဦးကျည်ထိမှန်သေဆုံးခဲ့ပြီး ကျန်လူများထွက်ပြေးတိမ်းရှောင် လျက်ရှိကြောင်း သိရသည်။

ထိုဖြစ်စဉ်ကြောင့် စစ်သည် ၂ ဦးသည် ဖူးရောင်ဒဏ်ရာများ ရရှိခဲ့ပြီး နယ်မြေခံတပ်၌ ဆေးကုသမှု ခံယူလျက်ရှိကာ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ထားသည်။

အဆိုပါ သေနတ်ကျည်ပေါက်ထွက်ခဲ့သည့် တပ်သားမောင်မောင်သည် ထောက်ပ့ံရေးနှင့် ပို့ဆောင်ရေးတပ် တပ်ရင်း ၇၂၇ မှ ဖြစ်ပြီး ၎င်းကို မြစ်ကြီးနား အမှတ် ၁ ရဲစခန်းက လူသေစေမှု ပုဒ်မ ၃၀၄ ဖြင့် အမှုဖွင့်ထားကြောင်း မြစ်ကြီးနားရဲစခန်းမှ အရာရှိတစ်ဦးက ဆင်ဟွာသို့ ပြောသည်။

အဆိုပါ ဖြစ်စဉ်တွင် အမှတ် ၁၀၇၊ နယ်မြေ ၁၊ ကျွန်းပင်သာရပ်ကွက်တွင် နေထိုင်သူ မောင်ဂွမ်ဆိုင်းအောင်မှာ သေနတ်ကျည်ဆံ ထိမှန်ကာ သေဆုံးခဲ့သည်။ (Xinhua)