အသုံးပြုသူ:MM-Swe/အက္ခရာ လူသတ်မှုများ
The Alphabet Killer | |
---|---|
အခြား အမည်များ | The Double Initial Killer |
အသေးစိတ်များ | |
သားကောင်များ | 3 |
မှုခင်းကာလ | November 16, 1971–November 26, 1973 |
နိုင်ငံ | United States |
ပြည်နယ် (များ) | New York, California (possible) |
အက္ခရာလူသတ်မှုများသည် (အစ နှစ်ထပ်ကွမ်း လူသတ်မှုများဟုလည်း လူသိများ) နျူးယော့ခ် ရိုချက်စတာ နှင့် ကယ်လီဖိုးနီးယား လော့စ်အန်ဂျလိစ် (ဖြစ်နိုင်ဖွယ်) တို့၌ ၁၉၇၀ နှစ်များအတွင်းဖြစ်ပွါးခဲ့သည်။
နျူးယော့ခ် အက္ခရာ လူသတ်မှု
[ပြင်ဆင်ရန်]နျူးယော့ခ် ရိုချက်စတာဧရိယာတဝိုက်တွင် အမျိုးသမီးငယ် ၃ ဦး အဓမ္မကျင့် ၊ လည်ညှစ်အသတ်ခံရသည်။
မိန်းခလေးများ၏ ပထမ နှင့် နောက်ဆုံး အမည်များ၏ ရှေ့စာလုံးများ တူညီနေရုံသာမက ယင်းစာလုံးများဖြင့်ပင် အစပြုသည့် မြို့များ၌ အလောင်းများကို တွေ့ရှိရသဖြင့် ဤအမှုမှာ အက္ခရာလူသတ်မှုဟု အမည်ရခဲ့ခြင်း ဖြစ်သည်။
- ချာ့ချ်ဗီးလ် မှ ခါမန်း ခိုလွန်
- မာစီဒွန်မှ မီရှဲလ် Maenza
- ဝက်ဘ်စတာ မှ ဝမ်ဒါ ဝေါ့ခိုဝစ်(ဇ်)
၁၉၇၀ နှောင်းပိုင်းနှစ်များအတွင်း ကယ်လီဖိုးနီးယားပြည်နယ်၌ အလားတူအခြေအနေများအတိုင်း ဖြစ်ပွါးခဲ့သော ကွင်းဆက်လူသတ်မှုများမှာ ဤအမှု ၃ ခုနှင့် ဆက်စပ်မှုရှိမည်ဟု အမှုလိုက်များက သီအိုရီထုတ်ခဲ့သည်။
လူရာနှင့်ချီ၍ မေးမြန်းခဲ့သော်လည်း လူသတ်သမားကို အမိမဖမ်းနိုင်ခဲ့ပါ။ အာရုံထားခံရသည့်လူတဦး (နောက်ဆုံး လူသတ်မှုအပြီး ၆ ပတ်အကြာ၌ မိမိကိုယ်ကို သတ်သေခဲ့သည်) အား ဒီအဲန်အေကောက်ကြောင်းဖော်မှု ဖြင့် ၂၀၀၇ ခုနှစ်တွင် သံသယရှင်းစေခဲ့သည်။
ခါမန်းခိုလွန်၏ အမှုတွင် သူမ၏ ဦးလေးတော်စပ်သူအားလည်း ၁၉၉၁ ခုနှစ်၌ မိမိကိုယ်ကိုသေကြောင်းကြံသည့် အချိန်တိုင်အောင် သံသယရှိသူအဖြစ် ထည့်သွင်းစဉ်းစားခဲ့သည်။
နောက်ထပ်သံသယရှိခံရသူတဦးမှာ နျူးယော့ခ် ရိုချက်စတာရှိ ပထမလူသတ်မှု ၂ ခု၏ မှုခင်းဖြစ်ပွါးရာအနီးတွင် ရောင်းချလျက်ရှိသော လမ်းဘေး ရေခဲမုန့်သည် ကဲနတ်သ်ဘီယန်ခီဖြစ်သည်။ သူသည် လော့စ်အန်းဂျလိစ်သို့ ပြောင်းရွှေ့ သွားခဲ့သော ရိုချက်စတာနယ်ခံတဦးဖြစ်ပြီး ၁၉၇၇ နှင့် ၁၉၇၈ အကြား ဟေးလ်ဆိုဒ် လည်ညှစ်သတ်မှုများကို ကျူးလွန်ခဲ့သည့် အန်ဂျလိုဘျူနို ဂျူနီယာနှင့် ဝမ်းကွဲညီအကို တော်စပ်သည်။
ဘီယန်ခီအား အက္ခရာလူသတ်မှုများနှင့် စွဲချက်တင်နိုင်ခြင်းမရှိခဲ့ပေ။ သံသယတရားခံအဖြစ်မှ တရားဝင်ဖယ်ရှားပေးရန် အမှုလိုက်များထံ အကြိမ်ကြိမ်ကြိုးစားခဲ့သော်လည်း မှုခင်းဖြစ်ပွါးရာနေရာများအနက် ၂ ခုတွင် သူ၏ ကားကို တွေ့ခဲ့သည် ဟူသည့် ခိုင်မာမှုမရှိသော သက်သေများရှိသည်။
အသေးစိတ်အချက်အလက်များ
[ပြင်ဆင်ရန်]- ခါမန်းခိုလွန် ၊ ၁၀ နှစ် ၊ ၁၉၇၁ နိုဝင်ဘာ ၁၆ တွင် ပျောက်ဆုံး။ သူမအား နောက်ဆုံးတွေ့မြင်ခဲ့ရသော နေရာမှ ၁၂ မိုင် အကွာ ချာ့ချ်ဗီးလ်အနီး နျူးယော့ခ် ရီဂါတွင် ၂ ရက်အကြာ တွေ့ရှိ။
- မီရှဲလ် မန်ဇာ ၊ ၁၁ နှစ် ၊ ၁၉၇၃ နိုဝင်ဘာ ၂၆ တွင် ပျောက်ဆုံး။ ရိုချက်စတာနှင့် ၁၅ မိုင်အကွာ နျူးယော့ခ် မက်စီဒွန်တွင် ၂ ရက်အကြာ တွေ့ရှိ။
- ဝမ်ဒါဝေါ့ခိုဝစ်ဇ် ၊ ၁၁ နှစ် ၊ ၁၉၇၃ ဧပြီ ၂ တွင် ပျောက်ဆုံး။ ရိုချက်စတာမှ ၇ မိုင်အကွာ နျူးယော့ခ် ဝက်ဘ်စတာရှိ ပြည်နယ်လမ်းအမှတ် ၁၀၄ အလွန် အပန်းဖြေဧရိယာတွင် နောက်ရက်တွင် တွေ့ရှိ။
ကယ်လီဖိုးနီးယားအက္ခရာလူသတ်မှု
[ပြင်ဆင်ရန်]၁၉၇၀ ခုနှစ်များအတွင်းက နျူးယော့ခ် ရိုချက်စတာတွင် နေထိုင်ခဲ့သော နျူးယော့ခ်ဇာတိသား အသက် ၇၇ နှစ်အရွယ်ရှိ ဂျိုးဆက်ဖ် နာဆိုကို ကယ်လီဖိုးနီးယားပြည်နယ်၌ (၁၉၇၇ ၊ ၁၉၇၈ ၊ ၁၉၉၃ နှင့် ၁၉၉၄ နှစ်များ) ကျူးလွန်ခဲ့သည့် လူသတ်မှု ၄ မှုအတွက် နဗားဒါးပြည်နယ် ရီနိုမြို့တွင် ၂၀၁၁ ဧပြီ ၁၁ ရက်၌ ဖမ်းဆီးခဲ့သည်။ ဆယ်စုနှစ်များစွာတိုင်အောင် နျူးယော့ခ် နှင့် ကယ်လီဖိုးနီးယားအကြား ခရီးလှည့်လည်သွားရောက်ခဲ့သည့် ပရော်ဖက်ရှင်နယ် ဓါတ်ပုံဆရာ တဦး ဖြစ်သည်။
အသတ်ခံရသည့် အမျိုးသမီး ၄ ဦးစလုံးမှာ ပြည့်တန်ဆာများဖြစ်ကြသည်ဟု တာဝန်ရှိသူများက ဖော်ပြခဲ့သည်။
နာဆိုမှာ နျူးယော့ခ် ရိုချက်စကာ၌ ဖြစ်ပွါးခဲ့သော အက္ခရာ လူသတ်မှုများအတွက် အာရုံထားခံရသူဖြစ်ခဲ့သော်လည်း သားကောင်များထံမှ ရရှိခဲ့သည့် နမူနာနှင့် သူ၏ ဒီအဲန်အေ (မျိုးရိုးဗီဇ) မှာ ကိုက်ညီမှုမရှိခဲ့ပေ။
စုံစမ်းစစ်ဆေးမှုအတွင်း သားကောင်များ၏ ကိုယ်ခန္တာများကို နာဆိုက မြုပ်နှံထားခဲ့သည်ဟု ယူဆရသော နေရာများ (ကယ်လီဖိုးနီးယားပြည်နယ်တွင် ၉ ခု ၊ ဖလော်ရီဒါပြည်နယ်တွင် ၁ ခု) ဖြစ်သည့် "၁၀ ခု စာရင်း" ကို တာဝန်ရှိသူများက ဖော်ထုတ်နိုင်ခဲ့သည်။
၂၀၁၂ ဇန်နဝါရီတွင် ပြုလုပ်သော ကယ်လီဖိုးနီးယားပြည်နယ် မရင်းကောင်တီ သူ၏ ကနဦးတရားခွင်၌ "မုဒိမ်းဒိုင်ယာရီ" အား သက်သေခံအဖြစ် တင်သွင်းလာခဲ့သည်။ နျူးယော့ခ်အထက်ပိုင်းအား စောင်းပါးရိပ်ခြည်ဖော်ညွှန်းသည့်"ဘတ်ဖလိုး တောအုပ်" ၌ မိန်းကလေးတဦးသေဆုံးမှုကို ယင်းစာအုပ်၌ ဖော်ပြထားသည်။
၂၀၁၃ ဇွန် ၁၈ တွင် ကယ်လီဖိုးနီးယားပြည်နယ် အက္ခရာ လူသတ်မှု ၄ ခု၏ သားကောင်များနှင့် ပတ်သက်ပြီး နာဆိုကို ရုံးထုတ်စစ်ဆေးသည်။ ၂၀၁၃ ဩဂုတ် ၂၀ တွင် လူသတ်မှုများအတွက် နာဆိုတွင် အပြစ်ရှိကြောင်း မာရင်ကောင်တီ ဂျူရီလူကြီးများက စွဲချက်တင်ပြီး ၂၀၁၃ နိုဝင်ဘာ ၂၂ တွင် လူသတ်မှုများအတွက် နာဆိုအား သေဒဏ်ချမှတ်ခဲ့သည်။