အသုံးပြုသူ:Lionslayer/temp

ဝီကီပီးဒီးယား မှ

ဦးငွေဟာ သမီး ၇ ယောက်နဲ့ ဆိုက်ကားနင်းစားရှာတဲ့ တောင်ကြယ်ခတ်ဝင်းထဲက လူဆင်းရဲတစ်ယောက်ပါ။ ညောင်ပင်၊ကုက္ကိုပင်၊ စိန်ပန်းပင် အားလုံး အပင် ၅ဝဝ ကျော်ရှိပါတယ်။ သူ့အပင်ကြီးတွေ၊ အေလမ်းတစ်လျှောက်၊ ရွှေကျီးမြင်ဘုရားပေါက်၊ ကျုံးဘေး၊ ရွှေတချောင်းဘေး နေရာအတော်များများမှာ ခုအထိ တွေ့မြင်နိုင်ပါတယ်။ သူ့အိမ်က ကြယ်ခတ်ဝင်းတောင်ဖျားမှာဆိုတော့ ခု ၃၅ လမ်း ကြီးပေါ်မှာ ဆောက်နေတဲ့ တိုက်သစ်တန်းကြီးရဲ့ အနောက်အစွန် တိုက်ကြီးနေရာဟာ ဦးငွေရဲ့ ပျိုးအိုးထားတဲ့နေရာပါပဲ။ ဦးငွေက အဲဒီ ပျိုးအိုးကလေးတွေကိုယူပြီး ၁၃၁၄ ခုနှစ်ကစပြီး စိုက်ခဲ့တာပါ။ ပြီးတော့ သူ့အလှူ သူ့ကုသိုလ်တစ်ခုက လူတွေ အရိပ်အာဝါသခိုနားစရာအတွက် သစ်ပင်ရိပ်ကြီးအောက်မှာ ထိုင်ခုံတွေလုပ်ပြီး လှူတဲ့ကုသိုလ်ပါ။ ထိုင်ခုံကလည်း ဒီအပင်က မလိုတဲ့ကိုင်းတွေကို ခုတ်ရာပယ်ရာကရတဲ့အသားနဲ့ ၊ မြေကြီးမှာ တိုင် ၄ တိုင် စိုက်တယ်။ တိုင်မှာ တန်းစွပ်တယ်။ တန်းမှာ အခင်းရိုက်တယ်။ သံကို အခင်းရိုက်တော့မှသုံးတာပဲ။ သူ့အပင် သူ့အသားနဲ့ လုပ်ထားတဲ့ သူ့ထိုင်ခုံကို နားနေချင်တဲ့လူတွေအတွက် သူက သူ့အပင်အောက်မှာပဲ ရိုက်လှူတယ်လေ။ ပြီးတော့ ဘုရားကြီးမှာ ခေါင်းလောင်းထိုးဖို့ ကုက္ကိုသားတွေကို ဖြတ်ပြီးလှူတယ်။ ဦးငွေ ( ၁၉၅၂ ) သစ်ပင်စိုက်သူ စေတနာရှင်


လူထုဒေါ်အမာ ၏ မန္တလေးသူ မန္တလေးသားများ ဦးငွေက အေလမ်းတစ်လျှောက်မှာရှိတဲ့ ကြီးထွားရှင်သန်ပြီး အပင်ကြီးတွေမှာ သံပြားကလေးဆေးနီသုတ်ပြီး စာလုံးအဖြူကလေးနဲ့ 'သစ်ပင်ဒကာကြီး ဦးငွေ' ဆိုတဲ့ဆိုင်းဘုတ်ကလေးတွေ ရိုက်ထားတယ်။ ဦးငွေကို ညီပုလေးရဲ့ 'ဆံင်္ပညှပ်တဲ့အကြောင်းဝတ္ထု' နဲ့ 'ဆာဟာရသမုဒ္ဒရာ' ဝတ္ထုမှာပါတဲ့ ဇာတ်လိုက်ကြီး ဦးယုထင်က ဒီကဗျာနဲ့ ကဗျည်းထိုးပါတယ်။


xxxxxx

xxxxxx

ဆိုက်ကားတစ်စင်းကိုယ်တိုင်နင်း၍

တူးရွင်းတစ်ချောင်း ခမောက်ဆောင်းလျက်

ရေလောင်းပုံးတင် အရုဏ်ပြင်ဝယ်

သစ်ပင်ဒကာ ဦးငွေမှာမူ

မပါအဖော် တစ်ကိုယ်တော်ပင်

အမျှော်အတ္တ ကင်းစင်ပ၍

နွေမှမိုးဆောင်းဥတုပြောင်းခဲ့

xxxxxx

xxxxxx