အသုံးပြုသူ:Lionslayer/sandbox

ဝီကီပီးဒီးယား မှ

http://webcache.googleusercontent.com/search?q=cache:nBgbK60gIBwJ:www.cnn.com/ASIANOW/asiaweek/98/0123/is1.html+&cd=7&hl=en&ct=clnk&gl=mm

နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့် ရုံးချိန်းရက်ရွှေ့ https://burmese.voanews.com/a/udp-kyaw-myint/5613498.html

မြန်မာပြည်၏ လျှို့ဝှက်နက်နဲသော နိုင်ငံရေးပါတီဥက္ကဌ https://www.myanmar-now.org/mm/news/4544

တကယ်တော့ ဦးကျော်မြင့်သည် ထောင်ပြေးတစ်ဦးအဖြစ်မှ နိုင်ငံရေးပါတီဥက္ကဌအဖြစ် အသွင်ပြောင်းလာသူ စီးပွားရေးသမားတစ်ဦးဖြစ်သည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတစ်ခုတွင် ပါဝင်ခဲ့ပြီး နှစ်ပေါင်းများစွာ ထွက်ပြေးတိမ်းရှောင်နေရာမှ နိုင်ငံရေးပါတီဥက္ကဌဖြစ်လာသူနှင့် ပတ်သက်၍ လျှို့ဝှက်ချက်များစွာရှိနေသည်။

ထိုပါတီမှာ ညီညွတ်သောဒီမိုကရက်တစ်ပါတီ (United Democratic Party - UDP) ဖြစ်သည်။ နှင်းဆီပွင့်ပုံ ပါတီတံဆိပ်အသုံးပြုသောကြောင့် နှင်းဆီပါတီဟုလည်း ခေါ်ဝေါ်ကြသည်။ ဦးကျော်မြင့် (ခ) မိုက်ကယ်ကျော်မြင့်ဟွာဟူသည် ထိုနှင်းဆီပါတီ၏ ဥက္ကဌဖြစ်သည်။

'ဝ' လက်နက်ကိုင်တပ်ဖွဲ့သည် စစ်အစိုးရနှင့် ငြိမ်းချမ်းရေးရယူပြီးနောက် ရန်ကုန်မြို့ပေါ်တွင် စီးပွားရေးလုပ်ငန်းများ၊ ကုမ္ပဏီများ တရားဝင်ထူထောင်လုပ်ကိုင်ခဲ့သည်။ 'ဝ' တပ်ဖွဲ့ထူထောင်ခဲ့သော ကုမ္ပဏီများအနက် မြန်မာကျုံယွမ်ကုမ္ပဏီလည်းပါဝင်ပြီး ငွေကြေးခဝါချရန် 'ဝ' တပ်ဖွဲ့က ၁၉၉၃ ခုနှစ်တွင် တည်ထောင်ခဲ့သည့် ကုမ္ပဏီဖြစ်သည်ဟု ဆိုသည်။ ထိုမြန်မာကျုံယွမ်ကုမ္ပဏီ၏ ဥက္ကဌမှာ 'ဝ' တပ်ဖွဲ့၏ စီးပွားရေးတာဝန်ခံ ဦးကျော်မြင့် (ခ) Michael Hu Hwa ဖြစ်ကြောင်း Bertil Lintner ၏စာအုပ်တွင် ဖော်ပြထားသည်။

‌၁၉၉၈ ခုနှစ်တွင် ဦးကျော်မြင့်နှင့် ၎င်း၏ကုမ္ပဏီတွင် လုပ်ကိုင်နေသော တပ်မတော်မှ အငြိမ်းစားအရာရှိအချို့ ဖမ်းဆီးအရေးယူခံခဲ့ရသည်။ ငွေကြေးမသမာမှုဖြင့် အရေးယူခံခဲ့ရခြင်းဖြစ်သည်။

ဦးကျော်မြင့်သည် ထောင်ကျပြီးတစ်နှစ်ခန့်အကြာတွင် မန္တလေးအိုးဘိုထောင်မှ ရုတ်တရက်ထွက်ပြေးလွတ်မြောက်ခဲ့သည်။ ထောင်ကျနေစဉ် နာမကျန်းဖြစ်သည်ဆိုကာ မန္တလေးပြည်သူ့ဆေးရုံကြီး၌ တက်ရောက်ကုသစဉ် ထွက်ပြေးလွတ်မြောက်ခဲ့ခြင်းဖြစ်သည်။

‌"သူက ဆေးရုံကနေ ထွက်ပြေးပြီး ဘုန်းကြီးအသွင်နဲ့ ထိုင်းဘက်ကို ထွက်သွားခဲ့တာပါ" ဟု ဦးကျော်မြင့်နှင့်အတူ နှင်းဆီပါတီ (ခ) UDP ပါတီကို ပူးတွဲတည်ထောင်ခဲ့သူ ဦးကျော်မိုးက Myanmar Now ကို ပြောသည်။

ဦးကျော်မြင့်သည် ထိုင်းနိုင်ငံရောက်ရှိစဉ် ဘန်ကောက်ရှိ အမေရိကန်သံရုံးနှင့်ချိတ်ဆက်ကာ အမေရိကန်အစိုးရ၏ မူးယစ်ဆေးဝါးထိန်းချုပ်ရေးဌာနဖြစ်သည့် (Drug Enforcement Agency) အတွက် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုများဆိုင်ရာ သတင်းပေးအဖြစ် ဆောင်ရွက်ခဲ့ပြီး အမေရိကန်နိုင်ငံတွင် မိသားစုနှင့်တကွ နိုင်ငံရေးခိုလှုံခွင့်ရရှိခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

နောက်ပိုင်းတွင် ထပ်မံ၍ ကနေဒါနိုင်ငံတွင်လည်း နိုင်ငံရေးခိုလှုံခွင့်ရကာ အခြေချခဲ့ကြောင်း ဦးကျော်မြင့်ပေးပို့သော စာမျက်နှာ ၅ မျက်နှာပါ စာကိုကိုးကား၍ ကနေဒါနိုင်ငံထုတ် Vancouver Sun သတင်းစာ ၂၀၀၉ ခုနှစ် ဧပြီလ ၅ ရက်နေ့ထုတ် သတင်းစာတွင် ဖော်ပြထားသည်။

‌၂၀၁၁ ခုနှစ် အောက်တိုဘာ ၁၁ ရက်နေ့တွင် ကနေဒါနိုင်ငံ ဗန်ကူးဗားမြို့ရှိ ရင်းနှီးမြုပ်နှံမှုဈေးကွက် ထိန်းချုပ်မှုဆိုင်ရာ ဗြိတိသျှကိုလံဘီယာကော်မရှင် (The British Columbia Securities Commission -BCSC) က ဦးကျော်မြင့်ကို အရေးယူပိတ်ပင်မှုတစ်ခု ပြုလုပ်ခဲ့သည်။

မိုက်ကယ်ကျော်မြင့်ဟွာဟူသည် ကုမ္ပဏီအတွင်းရေးအချက်အလက်များကို အသုံးချပြီး စတော့ရှယ်ယာကစားမှုနှင့် ကော်မရှင်နာအဖွဲ့ဝင်များကို မဟုတ်မမှန်ထွက်ဆိုမှုများအတွက် ဒဏ်ကြေးငွေ အမေရိကန်ဒေါ်လာ ၁ သန်းခွဲ ပေးဆောင်ရန်နှင့် ငွေကြေးအရောင်းအဝယ်ဈေးကွက်တွင် ဝင်ရောက်ရောင်းဝယ်ခြင်း၊ ငွေကြေးအရောင်းအဝယ် ဈေးကွက်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကြံပေးခြင်းနှင့် စီမံခန့်ခွဲခြင်းကိစ္စရပ်များ လုပ်ကိုင်ခွင့်နှင့် ပတ်သက်၍ တစ်သတ်တာ ပိတ်ပင်ကြောင်း BCSC က ဆုံးဖြတ်ချက်ချကာ အရေးယူခဲ့သည်။

မိုက်ကယ်ကျော်မြင့်ဟွာဟူသည် တရုတ်အစိုးရကို သစ်ပင်ပျိုးပင်များ ရောင်းချသည့် Maple Leaf Reforestation ကုမ္ပဏီတွင် ဥက္ကဌနှင့် ဒါရိုက်တာအဖြစ် ထမ်းဆောင်ကာ ကုမ္ပဏီ၏ ရှယ်ယာများကို ဝယ်ယူခဲ့သည်။ Maple Leaf က လုပ်ငန်းလုပ်ကိုင်ရန် ညှိနှိုင်းဆွေးနွေးနေဆဲဖြစ်သည့် တရုတ်နိုင်ငံရှိ ရှီကျင်းစီမံကိန်း ၏အစိတ်အပိုင်းတစ်ခုဖြစ်သည့် ဇီဝစွမ်းအင်စီမံကိန်းတစ်ခုနှင့် ပတ်သက်သော အတွင်းရေးအချက်အလက်များကို အသုံးချကာ အခြားလူတစ်ဦးမှတဆင့် ကုမ္ပဏီရှယ်ယာများကို လက်သိပ်ထိုး ဝယ်ယူခဲ့သည်ဟု BCSC ၏ ဆုံးဖြတ်ချက်တွင် ဖော်ပြထားသည်။

လျှို့ဝှက်သိပ်သည်းလှသော ဦးကျော်မြင့်၏ နောက်ခံအကြောင်းအရာများကြောင့် ပန်းဆေးပြည်သူ့စစ်ခေါင်းဆောင် ဦးကျော်မြင့်နှင့်တစ်ဦးတည်းဖြစ်သည်ဟု မှားယွင်းထင်မြင်မှုများလည်းရှိသည်။ ပန်းဆေးဦးကျော်မြင့်မှာ ပထမအကြိမ်လွှတ်တော်၌ ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်ခဲ့သည်။

နှင်းဆီပါတီဥက္ကဌ ဦးကျော်မြင့်နှင့် နာမည်ဆင်တူသူ နောက်တစ်ဦးမှာ ဘာသာရေးနှင့် လူမျိုးရေးဆန်သော သွေးထိုးလှုံ့ဆော်မှုများဖြင့် နာမည်ကျော်ကြားသည့် အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီ (YDP) ဗဟိုအထွေထွေအတွင်းရေးမှူး မိုက်ကယ်ကျော်မြင့် ဖြစ်သည်။

https://burmese.voanews.com/a/controversial-head-of-myanmars-rose-party-questionable-background/5610466.html ဦးကျော်မြင့်ကိုယ်တိုင်လည်း အမှုနှစ်ခုနဲ့ တရားစွဲခံရပြီး ထောင်ဒဏ်(၉) နှစ်ချမှတ်ခံရပါတယ်။ နောက်ပိုင်း ၁၉၉၉ ခုနှစ်မှာ ထောင်က ထွက်ပြေး၊ ထိုင်းကနေ တဆင့် အမေရိကန်၊ ကနေဒါ၊ အဲဒီကနေ တဆင့် တရုတ်နယ်စပ် ပြန်ရောက်သွားသူ ဖြစ်ပါတယ်။ ဦးကျော်မြင့်ရဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး အရှေ့မြောက် စစ်ဒေသ မှာ တာဝန်ယူခဲ့ဖူးတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီ ဗကပ ကေဒါဟောင်းတွေကတော့ သူဟာ ဗကပ တပ်ဖွဲ့ဝင် တစ်ယောက် ဖြစ်ခဲ့ဖူးပေမယ့် သာမန် အောက်ခြေ အဆင့်လောက်ပဲ လို့ ဆိုကြပါတယ်။ ၁၉၆၈ ခုနှစ် ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းမှာ ဗကပ အလံထောင်ပြီး တရုတ်ဗော်လံတီယာ တပ်ဖွဲ့တွေဝင်ရောက် တိုက်ခိုက် နေရာယူခဲ့ပြီးတဲ့နောက် ဗကပ ထဲ ဝင်ရောက်လာတဲ့ တရုတ်နိုင်ငံဘက်က လူအတော်များများထဲမှာ ဦးကျော်မြင့်လည်း တစ်ယောက် အပါအဝင် ဖြစ်တယ်လို့ ဆိုပါတယ်။ ၂၀၁၃ ဦးကျော်မြင့် မြန်မာနိုင်ငံ ပြန်ဝင်လာတဲ့အခါ ပါတီခေါင်းဆောင်နေရာမှာ သူ့နာမည်ကို အပြောင်းအလဲ လုပ်ပါတယ်။

သူဘာလူမျိုးလဲ ဆိုတာ ဘယ်သူကမှ တိတိကျကျ အတည်ပြုမပေးနိုင်ပေမယ့် ဗကပ အရှေ့မြောက် စစ်ဒေသ၊ စစ်ဒေသမှူး ရဲဘော်ဇော်မိုင်ရဲ့ သမီးနဲ့ ညားပြီး ခေါင်းဆောင်တစ်ယောက်ရဲ့ သားမက် ဖြစ်ခဲ့တာတော့ မှန်တယ်လို့ ဆိုပါတယ်။


https://www.myanmar-now.org/mm/news/4589 ဦးကျော်မြင့်ကို ဖမ်းဆီးလိုက်ပြီ နှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့်ကို ယမန်နေ့ညက ၎င်းနေထိုင်ရာ ရန်ကုန်မြို့ပန်းလှိုင်အိမ်ရာတွင် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး၊

https://www.myanmar-now.org/mm/news/5017%7Cနှင်းဆီပါတီဥက္ကဋ္ဌ ဦးကျော်မြင့်ကို ထောင်ပြေးမှုဖြင့် ထောင် ၂ နှစ် ချမှတ်


ဦးကျော်


Paper toys

http://thevoicemyanmar.com/index.php/article/7297-skr http://www.myawady.net.mm/index.php/news/localnews/item/1459-2017-08-18-11-51-30 http://www.yatanarpon.com.mm/news/news-4669?print=1 http://bur.irrawaddy.com/index.php/news/3036-2010-04-24-08-09-25 https://pyaynews.blogspot.com/2015/06/blog-post_22.html https://pyaynews.blogspot.com/2015/06/blog-post_22.html http://webcache.googleusercontent.com/search?q=cache:xi-t0hfv8hQJ:burmese.dvb.no/archives/90579+&cd=3&hl=en&ct=clnk&gl=mm https://burma.irrawaddy.com/lifestyle/2017/02/13/130332.html http://www.moi.gov.mm/npe:zg/?q=news/18/08/2017/id-48262


https://burma.irrawaddy.com/lifestyle/entertainment/2018/06/06/160446.html ၁၉၃၄ ခုနှစ်က ဒါရိုက်တာ အေဝမ်းဦးတင်မောင် ရိုက်ကူးခဲ့တဲ့ “မြဂနိုင်” အသံတိတ် ရုပ်ရှင်ဇာတ်ကားကြီးက ယူနက်စကိုရဲ့ ဒေသတွင်း အမွေအနှစ်အဖြစ် ပထမဆုံးအကြိမ် စာရင်းသွင်းခြင်းခံခဲ့ရတယ်လို့ သိရပါတယ်။

“မြဂနိုင်” ရုပ်ရှင်ဇာတ်ကားကိုတောာ့ တောင်ကိုရီးယားနိုင်ငံ ဂွမ်ဂျူမြို့မှာ ကျင်းပတဲ့ မှတ်တမ်းအမွေအနှစ်ဆိုင်ရာ အာရှ-ပစိဖိတ် ကော်မတီအစည်းအဝေးမှာ နိုင်ငံပေါင်း ၂၆ နိုင်ငံအနက်မှ စာရင်းသွင်းခြင်းခံရတာ ဖြစ်တယ်လို့ သိရပါတယ်။


“မြဂနိုင်” ဇာတ်ကားကို ယူနက်စကို စာရင်းဝင်ရန်အတွက် ကြိုးစားခဲ့တဲ့ Save Myanmar Film မှ ကိုဥက္ကာက ယူနက်စကို စာရင်းဝင်ခဲ့တာနဲ့ ပတ်သက်ပြီး “ကျနော်တို့အနေနဲ့ ဝမ်းသာတယ်။ ကိုယ့်နိုင်ငံရဲ့ အမွေအနှစ်တခုဟာ ယူနက်စကိုက အသိအမှတ်ခြင်းအားဖြင့် နိုင်ငံရဲ့ အမွေအနှစ်တွေကို ထိန်းသိမ်း စောင့်ရှောက်ကြဖို့ ဖြစ်တဲ့အတွက် အတိုင်းထက်အလွန် ဝမ်းသာပါတယ်” လို့ ပြောပါတယ်။

ဆက်လက်ပြီး သူက “ကြိုးပမ်းတာကတော့ ပြီးခဲ့တဲ့ ဇွန်လလောက်ကစပြီးတော့ ကျနော်တို့အမွေအနှစ် မှတ်တမ်းသွင်းတဲ့ ဖောင် စဖြည့်တယ်။ ပထမ မူကြမ်းတခု ရတယ်။ နောက်ပြီးတော့ စင်ကာပူမှာ Workshop တက်ပြီးတော့ ပိုပိုပြီးတော့ အချောသတ်တွေ ဖြည့်ကြတယ်။ လိုအပ်တဲ့ အချက်အလက်တွေ ရှာခဲ့တယ်” လို့ ဆိုပါတယ်။

၁၉၃၄ ခုနှစ်က ဒါရိုက်တာ အေဝမ်းဦးတင်မောင် ရိုက်ကူးခဲ့တဲ့ “မြဂနိုင်” အသံတိတ် ရုပ်ရှင်ဇာတ်ကားကြီးက ယူနက်စကိုရဲ့ ဒေသတွင်း အမွေအနှစ်အဖြစ် ပထမဆုံးအကြိမ် စာရင်းသွင်းခြင်းခံခဲ့ရတယ်လို့ သိရပါတယ်။

“မြဂနိုင်” ရုပ်ရှင်ဇာတ်ကားကိုတောာ့ တောင်ကိုရီးယားနိုင်ငံ ဂွမ်ဂျူမြို့မှာ ကျင်းပတဲ့ မှတ်တမ်းအမွေအနှစ်ဆိုင်ရာ အာရှ-ပစိဖိတ် ကော်မတီအစည်းအဝေးမှာ နိုင်ငံပေါင်း ၂၆ နိုင်ငံအနက်မှ စာရင်းသွင်းခြင်းခံရတာ ဖြစ်တယ်လို့ သိရပါတယ်။


“မြဂနိုင်” ဇာတ်ကားကို ယူနက်စကို စာရင်းဝင်ရန်အတွက် ကြိုးစားခဲ့တဲ့ Save Myanmar Film မှ ကိုဥက္ကာက ယူနက်စကို စာရင်းဝင်ခဲ့တာနဲ့ ပတ်သက်ပြီး “ကျနော်တို့အနေနဲ့ ဝမ်းသာတယ်။ ကိုယ့်နိုင်ငံရဲ့ အမွေအနှစ်တခုဟာ ယူနက်စကိုက အသိအမှတ်ခြင်းအားဖြင့် နိုင်ငံရဲ့ အမွေအနှစ်တွေကို ထိန်းသိမ်း စောင့်ရှောက်ကြဖို့ ဖြစ်တဲ့အတွက် အတိုင်းထက်အလွန် ဝမ်းသာပါတယ်” လို့ ပြောပါတယ်။

ဆက်လက်ပြီး သူက “ကြိုးပမ်းတာကတော့ ပြီးခဲ့တဲ့ ဇွန်လလောက်ကစပြီးတော့ ကျနော်တို့အမွေအနှစ် မှတ်တမ်းသွင်းတဲ့ ဖောင် စဖြည့်တယ်။ ပထမ မူကြမ်းတခု ရတယ်။ နောက်ပြီးတော့ စင်ကာပူမှာ Workshop တက်ပြီးတော့ ပိုပိုပြီးတော့ အချောသတ်တွေ ဖြည့်ကြတယ်။ လိုအပ်တဲ့ အချက်အလက်တွေ ရှာခဲ့တယ်” လို့ ဆိုပါတယ်။

“မြဂနိုင်” ရုပ်ရှင်ဇာတ်ကားကတော့ ၁၉၃၄ ခုနှစ်မှာ ဒါရိုက်တာ အေဝမ်းဦးတင်မောင်က ရိုက်ကူးထားတဲ့ အဖြူအမည်း အသံတိတ် ဇာတ်ကားဖြစ်ပြီး စွန့်စား အချစ်ဇာတ်လမ်း ၊ ရူးရူးမိုက်မိုက် စတန့်ခန်းများ ၊ တောရိုင်း အကောင်များနဲ့ ရိုက်ကူး ထားတဲ့ ဒီကားကတော့ ထိုအချိန်အခါက လူအများကြားမှာ တရှိန်ထိုး အောင်မြင်မှုရရှိခဲ့ပြီး ယနေ့တိုင် လူအများရဲ့ စိတ်ဝင်စားခြင်းခံနေရတဲ့ ဇာတ်ကားတကား ဖြစ်ပါတယ်။

ရုပ်ရှင်ကားများ ထိန်းသိမ်းမှုအပိုင်းနဲ့ ပတ်သတ်ပြီး “ထိန်းသိမ်းတာကတော့ တတ်နိုင်သမျှတော့ အကုန်လုံးကို ထိန်းသိမ်းသွားဖို့ ကြိုးစားနေတယ်။ ဒါပေမယ့် ကျနော်တို့သုတေသန လုပ်လိုက်ခြင်းအားဖြင့် နံပါတ် ၁ က ဦးစားပေး ဘယ်ကားဖြစ်တယ် ။ နံပါတ် ၂ က ဘယ်ကားဖြစ်တယ်။ အဲဒီလိုမျိုး ဦးစားပေး အဆင့်အနေနဲ့ အရေးကြီးတာကို အရင်ဆုံးသိမ်းဖို့ လုပ်နေပါတယ်”

“Restore လုပ်ပြီးတော့ ဒီကားကို Memory ရုပ်ရှင်ပွဲတော်မှာ ၂၀၁၆ ခုနှစ်မှာ မှာပြတယ်။ အခု ရုပ်ရှင် အစည်းအရုံး မှာလည်း ကျနော်တို့ ပြန်ပြဖို့ အစီအစဉ်ရှိတယ်။ Go Theme Institube မှာလည်း ဇွန်၁၂ ရက်နေ့မှာ ပြဖို့ အစီအစဉ် ရှိတယ်”လို့ Save Myanmar Film မှ ကိုဥက္ကာက ပြောပါတယ်။

“မြဂနိုင်” ရုပ်ရှင်ဇာတ်ကားကတော့ ၁၉၃၄ ခုနှစ်မှာ စတင်ရိုက်ကူးခဲ့စဉ်အချိန်က အသံတိတ်ရုပ်ရှင်ဖြစ်ပြီး နောက်ခံ သီချင်းကိုတော့ ၁၉၅၄ ခုနှစ်မှာ ထည့်သွင်းခဲ့ကာ စကားပြောခန်းများကိုတော့ ၁၉၇၀ ခုနှစ်မှာ ထပ်မံ ဖြည့်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီကားထဲမှာတော့ သရုပ်ဆောင်များအဖြစ် မင်းသားချစ်ဆွေနဲ့ မင်းသမီး မြင့်မြင့်တို့က အဓိက ပါဝင် သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ “မြဂနိုင်” ရုပ်ရှင်ဇာတ်ကားကြီးဟာ ယူနက်စကိုရဲ့ ဒေသတွင်းစာရင်းဝင်ခဲ့သလို ရခိုင်ပြည်နယ် သျှစ်သောင်း ဘုရားမှာရှိတဲ့ ဘုရင်အာနန္ဒာ စန္ဒြမင်းရဲ့ အာနန္ဒာကျောက်စာကလည်း ဒေသအဆင့် ယူနက်စကို စာရင်းဝင်ခဲ့ပါတယ်။


https://burmese.voanews.com/a/myanmar-movie-unesco-/4423551.html

ဒါရိုက်တာ အေဝမ်းဦးတင်မောင် ၁၉၃၄ ခုနှစ်မှာရိုက်ကူးခဲ့တဲ့ မြဂနိုင် ရုပ်ရှင်ဇာတ်ကားကို ယူနက်စကိုရဲ့ ဒေသတွင်းအမွေအနှစ်အဖြစ်နဲ့ စာရင်းသွင်းလိုက်ပြီဖြစ်ပါတယ်။ မြန်မာနိုင်ငံက ရုပ်သံအမွေအနှစ်တွေကို အချိန်မီထိန်းသိမ်းဖို့လိုအပ်နေပြီး ပြည်တွင်းမှာ ဒီလို အမွေအနှစ် ဇာတ်ကားတွေရှိတယ်ဆိုတာ နိုင်ငံတကာ က သတိထားမိလာစေဖို့ ကြိုးစားခဲ့တာလို့ ဒီဇာတ်ကားကို ယူနက်စကိုအတွက် တင်သွင်းခဲ့တဲ့ Save Myanmar Film ရဲ့ ဦးဆောင်လူငယ်တစ်ဦးက ပြောလိုက်ပါတယ်။ ဒီအကြောင်းကို ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုဇော်ထက်က ပြောပြပေးမှာပါ။

တောင်ကိုရီးယားနိုင်ငံ ဂွမ်းဂျူးမြို့မှာလုပ်ခဲ့တဲ့ မှတ်တမ်းအမွေအနှစ်များဆိုင်ရာ အာရှပစိဖိတ်ကော်မတီ အစည်းအဝေးမှာ ၁၉၃၄ခုနှစ်က မြန်မာ့ရုပ်ရှင်ဇာတ်ကားတစ်ခုဖြစ်တဲ့ မြဂနိုင် ရုပ်ရှင်ကားကို ယူနက်စကိုရဲ့ ဒေသတွင်းအမွေအနှစ်အနေနဲ့ စာရင်းသွင်းလိုက်ပါတယ်။

အရှေ့တောင်အာရှ နိုင်ငံတွေမှာ ဖလင်ရုပ်ရှင်ကားတွေ အကြောင်းအမျိုးမျိုးနဲ့ ပျက်စီးနေပြီး မြန်မာနိုင်ငံ မှာလည်း သမိုင်းဝင်ရုပ်ရှင်ကားတွေကို အချိန်မီထိန်းသိမ်းဖို့ လိုနေတာကြောင့် ယူနက်စကို စာရင်းဝင်ဖို့ ကြိုးစားခဲ့တဲ့ Save Myanmar Film ရဲ့ စီမံကိန်းဒါရိုက်တာ ကိုဥက္ကာကပြောပါတယ်။

“အဓိက ကျွန်တော်တို့ အမွေအနှစ် စာရင်းဝင်ချင်တယ်ဆိုတာက မြန်မာနိုင်ငံရဲ့ ဒီ ကျွန်တော်တို့စပြီး ရုပ်ရှင် စရိုက်ခဲ့တဲ့အချိန်က စောခဲ့တယ်ပေါ့နော်။ စောခဲ့တဲ့ အကြောင်းအရင်ကို ကျွန်တော်တို့က တခြားနိုင်ငံတွေနဲ့ ယှဉ်ကြည့်တဲ့အခါမှာ ကျွန်တော်တို့ဆီမှာလည်း ဒီလိုရုပ်ရှင်ကားမျိုးရှိတယ် ဆိုတာကို အသိအမှတ်ပြုစေချင် တယ်။ နောက်တစ်ခုက ဒီလိုအသိအမှတ်ပြုတဲ့စာရင်းဝင်အောင် ကြိုးစားရတဲ့အကြောင်းအရင်းက ဒီအမွေ အနှစ်စာရင်း ဝင်သွားပြီးတဲ့နောက်ပိုင်းမှာဆိုရင် ဒီရုပ်ရှင်ကားတွေကို ရေရှည်ထိန်းသိမ်းဖို့ ဆိုတဲ့ အစီအစဉ်တွေကို ကျွန်တော်တို့က အထောက်အပံ့နဲ့ ရလာနိုင်တယ်။ အခုလက်ရှိမှာ လူတွေကလည်း သိပ်မသိဘူး။ ကူညီအားပေးမယ့်သူတွေကလည်း သိပ်မသိဘူး။ အဲဒီအတွက်ကြောင့်ဒီလို အမွေအနှစ် စာရင်းဝင်အောင် ကြိုစားရခြင်း ဖြစ်တာပေါ့နော်။”

မြဂနိုင်ရုပ်ရှင်ကားက အဖြူအမည်းဖလင် အမျိုးအစားဖြစ်ပြီး ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ဖလင်ကားတွေ စုဆောင်း သိမ်းဆည်းထားတဲ့နေရာမှာ ကျန်နေတဲ့ ၁၅ကားထဲက တစ်ကားဖြစ်ပါတယ်။ မြန်မာဖလင် ရုပ်ရှင် ကားတွေဟာ ၉၀ ရာခိုင်နှုန်းလောက် ပျက်စီးသွားပြီဖြစ်ပါတယ်။ ဖလင်တွေက မြင့်မားတဲ့အပူချိန်နဲ့ စိုထိုင်းဆ များတဲ့အခြေအနေမှာ ပျက်စီးတာကြောင့် မီးမမှန်တဲ့ မြန်မာနိုင်ငံအတွက် အအေးခန်းသိုလှောင်ရုံ မရှိဘူးလို့ ကိုဥက္ကာကပြောပါတယ်။

မြန်မာနိုင်ငံရဲ့ ပထမမျိုးဆက် နိုက်ထရိတ်ဖလင်တွေ လုံးဝမရှိတော့ပါဘူး။ မြန်မာ့အသံက ပြသနေတဲ့ ရုပ်ရှင်ကားဟောင်းတွေထဲမှာ ကား ၃၀လောက်ပဲ မူရင်း ၃၅မီလီမီတာ ဖလင်အနေနဲ့ရှိပါတော့တယ်။ ယူနက်စကို စာရင်းဝင်သွားတဲ့အတွက် ရှေ့ဆက်ပြီး ထိန်းသိမ်းရေးလုပ်ငန်းတွေ ဆောင်ရွက်ဖို့ လမ်းကြောင်းတစ်ခုဖြစ်ကြောင်း အာရှပစိဖိတ် ကော်မတီအစည်းအဝေးကို မြန်မာနိုင်ငံယူနက်စကို အမျိုးသားကော်မရှင်ရဲ့ အတွင်းအရေးမှူးချုပ် အနေနဲ့တက်ရောက်ခဲ့တဲ့ ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကြည်ရွှင်က အခုလိုပြောပါတယ်။

“အခုရွေးလိုက်တဲ့အတွက် ဒီရုပ်ရှင်ကားနဲ့ ပတ်သတ်ပြီးတော့မှ နိုင်ငံတကာက ယူနက်စကိုအနေနဲ့လေ အကူအညီတွေကို စနစ်တကျ ပေးလာဖို့ ရှိတယ်ပေါ့နော်။ သူပေးရမယ့်အကူအညီတွေက ဒီရုပ်ရှင် နဲ့ပတ်သတ်ပြီး တွေ့ကြုံနေရတဲ့ အခက်အခဲတွေပေါ်မှာ မူတည်ပြီးတော့မှ စီမံချက်တွေ၊ စီမံကိန်းတွေ ဆွဲပြီး ကူညီမှာပါ။ နောက်ထပ်အလားအလာကတော့ ကျွန်တော်တို့မှာ ဒီဇာတ်ကား တစ်ကားတည်း ဒီလိုအခြေ အနေမျိုး ကြံုနေရတာမဟုတ်ဘူး။ နောက် သတင်းမှတ်တမ်းနဲ့ ပတ်သတ်လို့ရှိရင် ထိပ်ဆုံးမှာ ရှိနေတာ ဆဌသင်္ဂါယနာ တင်တဲ့ပွဲရှိပါတယ်။ နောက်ဗိုလ်ချုပ်အောင်ဆန်း ဇာပန အခမ်းအနားရှိတယ်။ ဒါတွေကိုလည်း နောင်နှစ်တွေ နောင်နှစ်တွေမှာ အရေးကြီး မှတ်တမ်းအမွေအနှစ် အနေနဲ့ ဆက်ပြီးတင်သွား နိုင်မယ့်လမ်းတွေ ပွင့်သွားပြီ ဆိုတဲ့ သဘောပါပဲ။”

မြဂနိုင်ရုပ်ရှင်ကို ၁၉၃၄မှာ စတင်ရိုက်ကူးထုတ်လုပ်တုန်းက အသံတိတ်ရုပ်ရှင်ဖြစ်ပြီး နောက်ခံသီချင်းကို ၁၉၅၄ ခုနှစ်မှာထည့်သွင်းခဲ့ပါတယ်။ စကားပြောခန်းတွေကိုတော့ ၁၉၇၀ လောက်ကျမှ ထပ်ဖြည့်နိုင်တာပါ။ မြဂနိုင်ရုပ်ရှင်ကားကို ရိုက်ကူးခဲ့တဲ့ အေဝမ်းဦးတင်မောင်ကို ၁၉၀၈ ခုနှစ်မှာမွေးခဲ့ပြီး ရုပ်ရှင်မိသားစု အသိုင်းအဝန်းကြားမှာ ကြီးပြင်းခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ အစ်ကို ဦးညီပုက မြန်မာ့ရုပ်ရှင်လောကရဲ့ ပထမဦးဆုံး သရုပ်ဆောင်ပါ။

ဒုတိယကမ္ဘာစစ်တွင်းမှာ ဦးတင်မောင်က ဗမာ့လွတ်လပ်ရေးတပ်မတော် (BIA)မှာ စစ်မှုထမ်းခဲ့ပြီး စစ်ပြီးသွားတဲ့နောက်ပိုင်းမှာ သူ့ရဲ့ ‘အေဝမ်း’ ရုပ်ရှင်လုပ်ငန်းကိုပဲ အာရုံစိုက် လုပ်ကိုင်ခဲ့ပါတယ်။ ရုပ်ရှင်ထုတ်လုပ်ရေး နည်းပညာတွေကို အာရှနိုင်ငံအမြောက်အများမှာ လေ့လာခဲ့ပြီး ၂၀၀၀ပြည့်နှစ်မှာ သေဆုံးခဲ့ပါတယ်။ ‘ချစ်ရေစင်’ နဲ့ ‘မြဂနိုင်’အပါအဝင် ရုပ်ရှင်ကားပေါင်း လေးဆယ်ကျော်ရိုက်ကူးခဲ့ပါတယ်။

မြဂနိုင်ရုပ်ရှင်ကားနဲ့အတူ ယူနက်စကိုရဲ့ ဒေသတွင်းအမွေအနှစ်အနေနဲ့ တပြိုင်နက်တည်း စာရင်းသွင်း ခံရတာကတော့ ရခိုင်ပြည်နယ် သျှစ်သောင်းဘုရားမှာရှိတဲ့ ဘုရင်အာနန္ဒစန္ဒြမင်းရဲ့ ကျောက်စာပဲ ဖြစ်ပါတယ်။


https://burma.irrawaddy.com/article/2018/06/08/160569.html ခေတ်ဟောင်း ရုပ်ရှင်အသံတိတ် ဇာတ် ကား “မြဂနိုင်” သည် ကုလသမဂ္ဂ ပညာရေး သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (UNESCO) ၏ ဒေသတွင်း အမွေအနှစ်အဖြစ် ပထမဆုံးအကြိမ် စာရင်းသွင်းခံခဲ့ရသည်။ ၁၉၃၄ ခုနှစ်တွင် ရိုက်ကူးခဲ့သည့် မြဂနိုင်ဇာတ်ကားကို ဖန်တီးသူမှာ မြန်မာ့အဆွေသူဌေးကြီး ဦးဘညွှန့် ဒေါ်ညိမ်းရှင်တို့၏ သားငယ် ပုတုဟု ခေါ်သည့် တက္ကသိုလ်ကျောင်းသားလေး မောင်တင်မောင်ပင်ဖြစ်ပြီး ဤဇာတ်ကားမှာ သူ၏ ပထမဆုံး ပွဲဦးထွက် လက်ရာပင်ဖြစ်သည်။ မင်းသား ချစ်ရွှေဆိုလျှင် အေဝမ်းဖလင်က ရိုက်ကူးသည့် စိမ်းရွှေရွှေ ဇာတ်ကားတွင် ဒုတိယမင်းသားအဖြစ် ပါဝင်ခဲ့ပြီး သူ၏ စွန့်စားခန်း စတန့်များကို သဘောကျ၍ မြဂနိုင်တွင် ခေ ါင်းဆောင် မင်းသားတင်ကာ ရိုက်ကူးခြင်း ခံရသူဖြစ်သည်။ မင်းသားချစ်ရွှေကို သံတွဲမြို့နေ ဦးလှဘူး ဒေါ်အေးမေ တို့မှ ၁၉၁၂ ခုနှစ်တွင် မွေးဖွားခဲ့ပြီး၊ သား သမီး ၅ဦးတွင် စတုထ္တ မြောက် သားဖြစ်၍ အမည်ရင်းမှာ မောင်ချစ်ဖြစ်သည်။ မိဘများက ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ သစ်ရောင်းဝယ်ရေး ကုမ္ပဏီ မန်နေဂျာအဖြစ် ပြောင်းရွှေ့ရာ မောင်ချစ်လည်း လိုက်ပါသွားပြီး ကျောင်းသားဘဝမှာပင် အနောက်တိုင်းလက်ဝှေ့၊ ဒိုင်ဗင်၊ ကျွမ်း၊ ရေကူးစသည်တို့ကို တတ်မြောက်ခဲ့ရာ ဘန်ကောက်မြို့၌ လက်ဝှေ့ပွဲများတွင် ပွဲပေါင်းများစွာ နိုင်ခဲ့သူဟု သိရသည်။

အေဝမ်းဖလင်ကုမ္ပဏီသို့ မင်းသားလျှောက်ရာ ၆ ပေခန့်ရှည်သည့် ခုံကို လွတ်အောင် ဒိုင်ဗင် ထိုးနိုင်ခဲ့ပြီး လူကောင်ကြီး သော်လည်း အကျညင်သာ၍ ဒါရိုက်တာ ဆရာရွှေက စိမ်းရွှေရွှေ ဇာတ်ကားအတွက် ဒုတိယမင်းသားအဖြစ် ရွေးချယ်ခဲ့ သည်။

ဒါရိုက်တာကလည်း ဆရာရွှေ၊ ဇာတ်ကားအမည်ကလည်း စိမ်းရွှေရွှေ ဆိုတော့ မောင်ချစ်သည်လည်း ချစ်ရွှေ ဖြစ်လာကာ ယင်းဇာတ်ကား၌ ရန်ကုန်မြစ်လယ် ရပ်ထားသည့် စက်လှေကြီး၏ ပေ ၁၀၀ ခန့် မြင့်သည့် ရွက်တိုင်ထိပ်မှ ရေပြင်သို့ ဒိုင်ဗင်ထိုးချသည့် အတွက် ရဲစွမ်းသတ္တိနှင့် ပြည့်စုံသည်ဆိုကာ အမ်အေ ဦးမောင်ကြီးက ရွှေတံဆိပ်ဆုချခဲ့သည်။ မြဂနိုင် ဇာတ်ကားသည် ချစ်ရွှေအတွက် တဟုန်ထိုး နာမည်တက်စေသည့် ရုပ်ရှင်ဖြစ်ပြီး စတန့်လောကတွင် မည်သူမျှ မလုပ်ဖူးသေးသည့် မီးပုံးပျံ ဦးကျော်ရင် စီးနင်းမည့် မီးပုံပျံကို အတင်းလုယက်ကာ စီးသွားသည့် အခန်းကို ဇာတ်ကားတွင် ထည့်သွင်း ရိုက်ကူးခြင်းပင်ဖြစ်သည်။

ထို့အတွက် “ကျွန်ုပ်တို့ မြန်မာကား မခေ၊ တတ်နိုင်သလို ရဲစွမ်းပြကြသည်၊ သင်းတို့က စက်အားကိုးနဲ့ မိုးထိုး နိုင်ကြတာ၊ တို့က စက်မပါဘဲ၊ ဝေဟင်မှာ ငှက်လိုဝဲပြမယ်၊ ပျံပြမယ်ဟူ၍ မြဂနိုင်ဖြင့် ဂုဏ်ခံနိုင်တော့မည်” ဟူ၍ ကြော်ငြာရသည့်အထိ ဖြစ်သည်။ ချစ်ရွှေ၏ မီးပုံပျံစီး၍ အစွမ်းပြခြင်းကို လူတိုင်း အံ့ဩလက်ဖျားခါရသလို၊ ဆူးလေဘုရားလမ်းရှိ မြန်မာအဆွေ ကုန်တိုက်ကြီး ၏ သုံးထပ်အမိုးမှ ဒိုင်ဗင်ထိုးချခြင်းကလည်း ပရိသတ်ကို သည်းထိတ်ရင်ဖို ဖြစ်စေသည်။ ဒါရိုက်တာ မောင်တင်မောင်ကလည်း မြဂနိုင်အတွက် တောတွင်း စွန့်စားခန်းများကို ဆင်အကောင် ၃၀ ခန့်နှင့် ရိုက်ကူးရန် လက်ပံတန်းမြို့မှနေ၍ ပဲခူးရိုးမတောင်ခြေကို သွားရောက်ခဲ့၏။ မြဂနိုင်ဇာတ်ကားကို ၁၉၃၄ ခုနှစ် ဇွန်လ ၂ ရက်နေ့ ပလာဇာရုံတွင် ရုံတင်ရာ တိုးဝှေ့ကြည့်ရှုသူ ပရိသတ် အဆမတန် များပြားလွန်း၍ ခိုက်ရန်ဖြစ်ပွား ထိုးကြိတ်ကြ၍ ရဲအစောင့်အကြပ်ပင် ချထားရသည့်အထိ အောင်မြင်ခဲ့သည်။ သတ္တိကို သွားမစမ်းနဲ့ နှစ်ယောက်မရှိဘူးဟု ချီးကျူးရသည့် ချစ်ရွှေသည်လည်း နောက်ပိုင်း ရဲခေါင်ချစ်ရွှေဟု နာမည်ကြီး လာသည်။

စတန့်မင်းသား ချစ်ရွှေ နောက်ထပ်အစွမ်းပြသည့် ဇာတ်ကားမှာ ဒဂုံမြတ်လေးနွယ် (ဗိုလ်မှူးအေးငွေ) ရေးသည့် ဇာတ်လမ်းကို မောင်တင်မောင်ကပင် ရိုက်ကူးသည့် “နီလာရောင်” ဇာတ်ကားဖြစ်ပြီး ဤတွင်လည်း ချစ်ရွှေက မိကျောင်းနှင့် သတ်ပုတ်ကာ ထူးခြားသည့် စွန့်စားခန်းကို ပြုလုပ်ခဲ့သည်။ ချစ်ရွှေနှင့် သတ်ပုတ်မည့် မိကျောင်းကို ဤသို့နှယ် ကြော်ငြာကာ ရှာဖွေခဲ့သည်။

“မိကျောင်းအရှင်တွေကို ဖမ်းဆီးမိလျှင် သတ်မပစ်ကြပါနဲ့၊ ကျွနု်ပ်တို့ အေဝမ်းရုပ်ရှင် ကုမ္ပဏီကို သတင်းပေးကြပါ၊ ကျွန်ုပ်တို့ အေဝမ်းရုပ်ရှင် ကုမ္ပဏီမှလည်း မိကျောင်းများ ပေါသည့် နေရာများတွင် လှည့်လှည် ရိုက်ကူးရန် ကြိုးစားလျှက်ရှိကြောင်း၊ နာမည်ကျော် တိုင်းသိ ပြည်ကြိုက် ရွှေတံဆိပ်ရ ရဲခေါင်မင်းသား မောင်ချစ်ရွှေမှာလည်း သေချင်သေပါစေ ဆိုတဲ့ စိတ်နဲ့ ကြောက်များတော့ ကြောက်တယ်လို့ မထင်ကြနဲ့နော်၊ သူ ကိုယ်တိုင်က မိကျောင်းနှင့် သတ်ချင်လွန်းလို့ လိုက်လံရှာဖွေ စုံစမ်းနေတယ်” ဟု ဖြစ်သည်။

ဧရာဝတီတိုင်း ပြင်ခရိုင်နှင့် မော်လမြိုင်ကျွန်းဘက်မှ မိကျောင်း ၆ ကောင်ကို တကောင် ၁၀၀ ကျပ်ဖြင့် ဝယ်ယူကာ အေဝမ်းခြံ (နောင်လျှပ်စစ်ရုပ်ရှင်ခြံ) တွင် ရေကန်တူးကာ မွေးမြူထားပြီး မင်းသား ချစ်ရွှေနှင့် ကြိုက်ရာတကောင်ကို သတ်ပုတ်စေသည်။

ရေဘုရင် မိကျောင်းနှင့် မင်းသားချစ်ရွှေတို့ အပြန်အလှန်သတ်ပုတ်ခန်းကို ကင်မရာ ၃ လုံးဖြင့် ရှုထောင့်အမျိုးမျိုးက တပြိုင်နက်တည်း ရိုက်ကူးသည်။ ချစ်ရွှေကလည်း အသွားတပေခန့်ရှိ ဓားမြှောင်တချောင်း ခါးထိုးကာ ရေထဲဆင်း၍ မိကျောင်းနှင့် သတ်သည်။

ဒါရိုက်တာ မောင်တင်မောင်နှင့် အစ်ကိုဖြစ်သူ မောင်မောင်စိုးတို့က သေနတ်ကိုယ်စီဖြင့် ချိန်ကာ နိုင်ပုံမပေါ်လျှင် မိကျောင်း ကို ပစ်သတ်ရန် ကန်ဘောင်ရိုးမှ စောင့်သည်။ သို့သော် ၅ မိနစ်ခန့် သတ်ပုတ်ပြီး မိချောင်းသည် ဓားမြှောင်ချက်ကြောင့် ပျော့ခွေသွားတော့၏။ ကန်တခုလုံး မိချောင်းသွေးနှင့် နီရဲလျှက်၊ ချစ်ရွှေသည် ထိုမျှ စွန့်စားသည်။“နီလာရောင်” ဇာတ်ကားသည်လည်း မြဂနိုင် ကဲ့သို့ပင် လူကြိုက်များခဲ့သည်။

ဒါရိုက်တာ မောင်တင်မောင်ဆိုသည်ကလည်း စတန့်ခန်းများကို ထွင်ရာတွင် တကွက်တည်းဖြင့် ပရိသတ်အား ဟယ် ကနဲ၊ ဟာကနဲ ဖြစ်အောင် ဖန်တီးတတ်ရာ ချစ်ရွှေကလည်း စမ်းချင်ရာစမ်း ကြမ်းပြမယ်ဆိုသည့် လူမျိုးဖြစ်၍ နောက်ပိုင်း အောင်သပြေ ဇာတ်ကားတွင် ကျားနှင့်လည်းကောင်း မြွေနှင့်လည်းကောင်း သတ်ပုတ်စေခဲ့သည်။

မင်းသားချစ်ရွှေနှင့် အေဝမ်းဖလင်ရုပ်ရှင်တို့ နောက်ဆုံးရိုက်ကူးသည့်ကားမှာ ဒါရိုက်တာ ရွှေညာမောင်၏ စန်းရောင်ရှင် ဇတ်ကားဖြစ်ပြီး ထိုကားပြီးနောက် တခြားသော ရုပ်ရှင်ကုမ္ပဏီများဖြစ်သော ဇမ္ဗူ့ မိတ်ဆွေ၊ သက်နှင်းဘရားသား၊ ပဲရော့ ရုပ်ရှင်၊ ရန်ကုန်ရုပ်ရှင်၊ ဗြိတိသျှဘားမား၊ အိစလင်း၊ သန်းဘရားသား၊ သီဟရုပ်ရှင်၊ ရတနာပုံဖလင်တို့နှင့် ရိုက်ကူးခဲ့သည်။

ဒုတိယကမ္ဘာစစ် ၁၉၄၂ ခုနှစ် ဂျပန်များ မြန်မာပြည်ဝင်ချိန်တွင် ချစ်ရွှေသည် ဟင်္သာတသို့ စစ်ဘေးရှောင်ရင်း ဗမာ့လွတ်လပ်ရေး တပ်မတော် (BIA) သို့ ဝင်ရောက်တာဝန်ထမ်းသည်၊ ထိုသို့ ထမ်းဆောင်စဉ် ကရင်- ဗမာ အဓိကရုဏ်းဖြစ်ပွားရာသို့ လိုက်ပါသွားရင်း ဒိုက်ယားရွာ တိုက်ပွဲအတွင်း ကျဆုံးသွားသည်။

ထိုတိုက်ပွဲတွင် ရဲခေါင် ချစ်ရွှေသည် ရုပ်ရှင်ထဲကအတိုင်း ကရင်စခန်းကို နွယ်ကြိုးဖြင့် ခုန်အကူးတွင် ကျည်သင့်ကာ ကျဆုံးခဲ့ခြင်းဖြစ်သည်။

မည်သို့ပင်ဖြစ်စေ စစ်ကြိုခေတ် စတန့်မင်းသားကြီးများဖြစ်သည့် ကျော်စိုး၊ ကျော်ဟိုး၊ ကျော်မိုး၊ တင်ငွေ၊ တင်ဖေ၊ ကျော် အေး၊ ကျော်ညွှန့်၊ တင့်ဆွေ၊ ရွှေမန်းထွန်းတင်တို့ကဲ့သို့ပင် သူ့ခေတ်သူ့အခါက အသက်ကိုပင် မမှုဘဲ ရဲရဲဝံဝံ စွန့်စားခဲ့သူ ဖြစ်ပေသည်။

မင်းသား ရဲခေါင် ချစ်ရွှေသည် ကွယ်လွန်ချိန်တွင် အသက် ၃၀ သာ ရှိသေးသည်၊ သူနှင့်အတူ မြဂနိုင်တွင် တွဲဖက်သရုပ် ဆောင်ခဲ့သည့် မင်းသမီး မြင်မြင့်ကတော့ ၁၉၃၅ ခုနှစ်တွင် ရုတ်တရက်ကွယ်လွန်ခဲ့သည်။

မြဂနိုင်ရုပ်ရှင်ကို ဖန်တီးသူ ဒါရိုက်တာ မောင်တင်မောင် (ဦးတင်မောင်) ကတော့ အသက် ၉၃ နှစ်အထိ အသက်ရှည်စွာ နေထိုင်ခဲ့ပြီး ၂၀၀၀ ပြည့်နှစ် အောက်တိုဘာ ၄ ရက်နေ့ အသက် ၉၃ နှစ်အရွယ်တွင် ဘဝတပါးသို့ ပြောင်းသွားခဲ့သည်။