အသုံးပြုသူ:Linnyankha

ဝီကီပီးဒီးယား မှ
Linn Yan Kha
မွေးဖွားWai Yan Linn
15-03-1995
ပညာရေးDip in I.C.T, B.A (Myanmar), L.UMPS

Linn Yan Kha[ပြင်ဆင်ရန်]

မန္တလေးမြို့မှ လူငယ် blogger တစ်ဦးဖြစ်သည်။

Mandalay Volunteers Group (MVG) ၏ Founder တစ်ဦးဖြစ်ကာ Barcamp များတွင် Speaker, Volunteer အဖြစ် ပါဝင်ဆောင်ရွက်နေသူဖြစ်သည်။

လက်ရှိ မန္တလေးမြို့တွင် Freelance Photographer တစ်ဦးအဖြစ် ရပ်တည်နေသူတစ်ဦးလည်းဖြစ်သည်။

ငယ်ဘဝ[ပြင်ဆင်ရန်]

အခြေခံပညာကို အ.မ.က (၇) နှင့် အ.ထ.က (၁၆) တို့တွင် တက်ရောက်သင်ကြားခဲ့သည်။

ရတနာပုံတက္ကသိုလ်မှ မြန်မာစာအထူးပြုဖြင့် B.A(Myanmar) ဘွဲ့ ရရှိခဲ့သည်။

ဝါသနာ[ပြင်ဆင်ရန်]

အားလတ်ချိန်များတွင် စာဖတ်လေ့ရှိပြီး ကဗျာများ၊ ဆောင်းပါးများ ရေးသားလေ့ရှိသည်။

စာပေပညာရပ်တွင် ဧရာဝဏ် မြန်မာစာ စာစီစာကုံးနှင့် ရသစာတမ်း ဦးစီးကော်မတီက ကြီးမှူးကျင်းပသည့် တတိယအကြိမ် ရသစာတမ်းပြိုင်ပွဲတွင် အဆင့်မြင့်ပညာအဆင့် ရသစာတမ်း တစ်နိုင်ငံလုံး ပထမဆုကို ၂၀၁၃ ခုနှစ်တွင် ရရှိခဲ့သည်။

ဓါတ်ပုံပညာရပ်တွင် ကြိုးစားမှုကြောင့် အထက်မြန်မာပြည်ဓါတ်ပုံအသင်းမှ ဂုဏ်ပြုအသင်းသားဘွဲ့ (Hon; UMPS) ကို ၂၀၁၈ခုနှစ်တွင် လည်းကောင်း၊ License of Photographer ဘွဲ့ (L.UMPS) ကို ၂၀၁၉ခုနှစ်တွင် လည်းကောင်း ရရှိခဲ့သည်။