အသုံးပြုသူ:Laosisland

ဝီကီပီးဒီးယား မှ

ရွှေတြိဂံအထူးစီးပွား‌ေးဇုံသည်2007ခုနှစ်မတိုင်မှီကမူးရစ်ဆေးဝါးနယ်မြေအဖြစ်နာမည်ကျော်ကြားခဲ့သည်။2007ခုနှစ်‌ောက်ပိုင်းတွင်တရုတ်နိုင်ငံ‌ောင်ကောင်အခြေစိုက်ကုမ္ပဏီတစ်ခုမှဖွံ့ဖြိုးတိုးတတ်ရေးအတွက်ရင်းနှီးမြှပ်နှံမှုများပြုလုပ်ခဲ့သည်။2007ခုနှစ်ဧပြီလ26ရက်နေ့တွင်လာအိုနိုင်ငံဗဟိုအစိုးရနှင့်ဟောင်ကောင်အခြေစိုက်ကျင်းမုမြင်ကုမ္ပဏီတို့ပူးပေါင်း၍”ရွှေတြိဂံအထူးစီးပွားရေးဇုံအာဆီယံခရီးသွားလာရေးအထူးဇုံ”တည်ထောင်ရန်စီမံကိန်းဖြင့်ဖွံ့ဖြိုးတိုးတတ်ရေးစာချုပ်ကိုလက်မှတ်ရေးထိုးခဲ့သည်။2010ခုနှစ်ဖေဖော်ဝါရီလ(4)ရက်နေ့တွင်လာအိုနိုင်ငံပြုပြင်ပြောင်းလဲမှုနှင့်တံခါးဖွင့်မူဝါဒအောက်တွင်လာအိုနိုင်ငံဝန်ကြီးချုပ်သည်ရွှေတြိဂံအထူးစီးပွားရေးဇုံတည်ထောင်ခြင်းဆိုင်ရာများနှင့်စီမံခန့်ခွဲမှုဆိုင်ရာများကိုဝန်ချုပ်၏အမိန့်အမှတ်(၀၉၀)ကိုလက်မှတ်ရေးထိုးခဲ့သည်။အထူးဇုံ၏ဖွံ့ဖြိုးတိုးတတ်ရေးဧရိယာသည်(10000)ဟတ်တာရှိသည်။စုစုပေါင်းရင်းနှီးမြှပ်နှံမှုငွေမှာအမေရိကန်ဒေါ်လာ2ဘီလီယံဖြစ်သည်။ပေါချောင်ပြည်နယ်လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံအမျိုးသားအဆင့်ရွှေတြိဂံအထူးစီးပွားရေးဇုံတစ်ခုတည်ထောင်ရန်တရားဝင်အတည်ပြုခဲ့ပြီးစာချုပ်အား(၉၉)နှစ်သက်တမ်းတိုးမြှင့်ခဲ့သည်။

(၁)တည်ထောင်ခဲ့သည့်သမိုင်းနှင့်တည်နေရာ

(၂)ရည်ရွယ်ချက်

(၃)ဖွံ့ဖြိုးတိုးတတ်ရေးစီမံကိန်း

(၄)လက်ရှိလူမှုစီးပွားရေးနှင့်ဖွံ့ဖြိုးတိုးတတ်မှုအခြေအနေ

(က)ခရီးသွားလုပ်ငန်း

(ခ)ပညာရေး

(ဂ)ဘက်စုံလယ်ယာစိုက်ပျိုးရေးစီမံကိန်း

(ဃ)မွေးမြူရေးလုပ်ငန်းများ

(၅)ဆက်သွယ်ရေး

(က)ကုန်းလမ်း

(ခ)‌ရေလမ်း

(ဂ)လေကြောင်းလမ်း

(၆)ကိုးကွယ်ယုံကြည်မှု

(၇)ယဥ်ကျေးမှုပွဲတော်များ

တည်ထောင်ခဲ့သည့်သမိုင်းနှင့်တည်နေရာ

ရွှေတြိဂံအထူးစီးပွားရေးဇုံသည်လာအို၊မြန်မာ၊ထိုင်းသုံးနိုင်ငံကြားနယ်နိမိတ်မဲခေါင်မြစ်ဝှမ်းတစ်လျှောက်တွင်တည်ရှိသည်။2007ခုနှစ်မတိုင်မှီအစောပိုင်းကာလများတွင်မူးရစ်ဆေးဝါးနယ်မြေအဖြင့်နာမည်ကျော်ခဲ့ရွှေတြိဂံအထူးစီးပွားရေးဇုံသည်မြေကွင်းပြင်နှင့်သစ်သားအိမ်အနည်းငယ်မျှသာရှိသေးသည်။ထိုအချိန်တွင်နေထိုင်သူတို့သည်မိရိုးဖလာတောင်သူလယ်သမားအလုပ်ကိုပင်ပန်းဆင်းရဲစွာလုပ်ကိုင်ကြပြီးလမ်းများအားလုံးမှာလည်းအနီရောင်မြေလမ်းများသာဖြစ်သည်။


2007ခုနှစ်ဧပြီလ26ရက်နေ့တွင်လာအိုနိုင်ငံဗဟိုအစိုးရနှင့်ဟောင်ကောင်အခြေစိုက်ကျင်းမုမြင်ကုမ္ပဏီတို့ပူးပေါင်း၍”ရွှေတြိဂံအထူးစီးပွားရေးဇုံအာဆီယံခရီးသွားလာရေးအထူးဇုံ”တည်ထောင်ရန်စီမံကိန်းဖြင့်ဖွံ့ဖြိုးတိုးတတ်ရေးစာချုပ်ကိုလက်မှတ်ရေးထိုးခဲ့သည်။2010ခုနှစ်ဖေဖော်ဝါရီလ(4)ရက်နေ့တွင်လာအိုနိုင်ငံပြုပြင်ပြောင်းလဲမှုနှင့်တံခါးဖွင့်မူဝါဒအောက်တွင်လာအိုနိုင်ငံဝန်ကြီးချုပ်သည်ရွှေတြိဂံအထူးစီးပွားရေးဇုံတည်ထောင်ခြင်းဆိုင်ရာများနှင့်စီမံခန့်ခွဲမှုဆိုင်ရာများကိုဝန်ချုပ်၏အမိန့်အမှတ်(၀၉၀)ကိုလက်မှတ်ရေးထိုးခဲ့သည်။အထူးဇုံ၏ဖွံ့ဖြိုးတိုးတတ်ရေးဧရိယာသည်(10000)ဟတ်တာရှိသည်။စုစုပေါင်းရင်းနှီးမြှပ်နှံမှုငွေမှာအမေရိကန်ဒေါ်လာ2ဘီလီယံဖြစ်သည်။ပေါချောင်ပြည်နယ်လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံအမျိုးသားအဆင့်ရွှေတြိဂံအထူးစီးပွားရေးဇုံတစ်ခုတည်ထောင်ရန်တရားဝင်အတည်ပြုခဲ့ပြီးစာချုပ်အား(၉၉)နှစ်သက်တမ်းတိုးမြှင့်ခဲ့သည်။

ရွှေတြိဂံအထူးစီးပွားရေးဇုံတည်ထောင်ခြင်းရည်ရွယ်ချက်

ရွှေတြိဂံအထူးစီးပွား‌ရေးဇုံတည်ထောင်ခြင်းရည်ရွယ်ချက်မှာဤဒေသကိုခေတ်မှီဖွံ့ဖြိုးတိုးတတ်သောခေတ်သစ်အထူးဇုံအသစ်တစ်ခုအဖြစ်တည်ထောင်ရန်ဖြစ်ပြီးခိုင်ခံ့သောစီးပွားရေးအခြေခံအုတ်မြစ်တစ်ခုဖြစ်လာစေရန်၊ယဥ်ကျေးမှု၊တရားမျှတမှု၊ငြိမ်းချမ်းရေး၊အာဆီယံကမ္ဘာလှည့်ခရီးသွားလုပ်ငန်းနှင့်ကမ္ဘာ့တစ်ဝှမ်းမှအခြားအထူးစီးပွားရေးဇုံများကဲ့သို့ကမ္ဘာ့အဆင့်မှီအထူးဇုံတစ်ခုဖြစ်လာစေရန်ရည်ရွယ်ချက်တို့ဖြင့်တည်ထောင်ခဲ့ခြင်းဖြစ်သည်။ဗဟိုအစိုးရ၏ညွှန်ကြားမှုနှင့်ကြီးကြပ်မှုလက်အောက်တွင်လာအိုနိုင်ငံဥပဒေစည်းမျဥ်းစည်းကမ်းများပေါ်အခြေခံ၍ဒါရိုက်တာဘုတ်အဖွဲ့အားစီးပွားရေး၊အုပ်ချုပ်ရေး၊ရင်းနှီးမြှပ်နှံမှုနှင့်ဘဏ္ဍာရေးတို့ကိုတာဝန်ပေးအပ်ခဲ့သည်။စတင်တည်ထောင်ခဲ့သည့်2007ခုနှစ်မှစ၍2021ခုနှစ်အတွင်းအထူးစီးပွားရေးဇုံ၏ဖွံ့ဖြိုးတိုးတတ်မှုကိုနှိုင်းယှဥ်ကြည့်ပါကစီးပွားရေးနှင့်ဖွံ့ဖြိုးတိုးတတ်မှုစီမံကိန်းများသိသိသာသာဖွံ့ဖြိုးတိုးတတ်လာသည်များကိုလက်တွေ့ကျကျတွေ့မြင်နိုင်သည်။

ဖွံ့ဖြိုးတိုးတတ်ရေးစီမံကိန်းများ

ရွှေတြိဂံအထူးစီးပွားရေးဇုံ၏ဖွံ့ဖြိုးတိုးတတ်ရေးစီမံကိန်းများတွင်ပြည်တွင်းပြည်ပကုန်သွယ်ရေးများ၊စက်မှုလက်မှုလုပ်ငန်းများ၊ထုတ်လုပ်ရေးလုပ်ငန်းများ၊ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများ၊ဂေါက်ကွင်းများ၊ရုပ်ရှင်နှင့်ဂီတဖျော်ဖြေပွဲများ၊ယာဥ်ကျေးမှုအမျိုးသားပြတိုက်နှင့်ဥယျာဥ်များ၊အမျိုးသားယဥ်ကျေးမှုထုံးတမ်းအစဥ်အလာနှင့်ဆက်နွယ်သည့်လှုပ်ရှားမှုများ၊လျှပ်စစ်ပစ္စည်းနှင့်နည်းပညာများ၊အာမခံအခြေခံအဆောက်အဦးများကုန်းလမ်း၊လေလမ်း၊ရေလမ်းအစရှိသည်တို့(15)နှစ်အတွင်းအရှိန်လျှင်မြန်စွာဖွံ့ဖြိုးတိုးတတ်လာသည်ကိုတွေ့မြင်နိုင်သည်။စိုက်ပျိုးမွေးမြူရေးကိုလည်းဖွံ့ဖြိုးတိုးတတ်စေပြီးတိရိစ္ဆာန်မွေးမြူခြင်း၊စက်မှုလုပ်ငန်းဆိုင်ရာကုန်ပစ္စည်းများထုတ်လုပ်မှုစီမံကိန်းများလည်းပါဝင်သည်။ထို့အပြင်ပညာရေးနှင့်နည်းပညာလုပ်ငန်းများအတွက်အထွေထွေပညာရေးနှင့်ဇီဝဗေဒတက္ကသိုလ်များ၊နည်းပညာသုတေသနလုပ်ငန်းနှင့်ကုသမှုလုပ်ငန်းစီမံကိန်းများပါဝင်သည်။

လက်ရှိလူမှုစီးပွားရေးနှင့်ဖွံ့ဖြိုးတိုးတတ်မှုအခြေအနေ


ရွှေတြိဂံအထူးဇုံကိုတည်ထောင်ခဲ့သော(15)နှစ်တာကာလအတွင်းအရှိန်အဟုန်နှင့်လျှင်မြန်စွာဖွံ့ဖြိုးတိုးတတ်လာပြီးယခုလက်ရှိတွင်နိုင်ငံတကာအဆင့်မှီလမ်းများ၊လေယာဥ်ကွင်း၊ဆိပ်ကမ်းများ၊ဟိုတယ်များ၊ပန်းခြံများ၊အခြေခံလူနေမှုအဆောက်အဦးများ၊စူပါမားကတ်များ၊စျေးများ၊သဲကျောက်ဘိလပ်မြေစက်ရုံများ၊ပြည်သူများအတွက်ရေလုံလောက်စေရန်ရေသန့်စက်ရုံများ၊ပတ်ဝန်းကျင်ညစ်ညမ်းမှုကိုထိန်းသိမ်းရန်မိလ္လာသန့်စင်စက်ရုံများအစရှိသဖြင့်ဆောက်လုပ်ပြီးစီးပြီးဖြစ်သည်။ထို့ပြင်စိုက်ပျိုးရေးနှင့်မွေးမြူရေးသည်လည်းဖွံ့ဖြိုးတိုးတတ်ရေးစီမံကိန်းများအနက်အရေးကြီးသောစီမံကိန်းတစ်ရပ်အနေဖြင့်ပါဝင်သည်။ဟိုတယ်လုပ်ငန်းတွင်ကမ္ဘာ့အဆင့်မှီကြယ်ငါးပွင့်ဟိုတယ်လည်းဆောက်လုပ်လျက်ရှိပြီး၈၀ရာခိုင်းနှုန်းတည်ဆောက်ပြီးစီးပြီးဖြစ်သည်။နိုင်ငံတကာမှရင်းနှီးမြှပ်နှံသူများအားဖိတ်ခေါ်ပြီးအထူးဇုံအားယခုထက်မကဖွံ့ဖြိုးတိုးတတ်စေရန်စီမံကိန်းများချ၍တည်ဆောက်သွားမည်ဖြစ်သည်။

(၁)ခရီးသွားလုပ်ငန်း

2020ခုနှစ်အစောပိုင်းနှစ်များတွင်အထူးဇုံတွင်ကမ္ဘာလှည့်ခရီးသည်များဖြင့်စည်ကားခဲ့သည်။အထူးဇုံသို့တရုတ်၊ဥရောပ၊ထိုင်းနိုင်ငံ၊မြန်မာနိုင်ငံများမှခရီးသည်များအဓိကလာရောက်လည်ပတ်ကြသည်။မဲခေါင်းမြစ်ကိုဖြတ်၍လည်းအထူးဇုံ၏အလှအပကိုခံစားကြသည်။အထူးဇုံအတွင်းရှိသမိုင်းဝင်ယဥ်ကျေးမှုအမွေအနှစ်များ၊လက်ပံကျွန်း၊ချိုင်းနားတောင်း၊စူပါမားကတ်ကြီးများနှင့်မြို့ဟောင်းအထင်ကရနေရာများအစရှိသည်တို့သည်ခရီးသွားများကိုအဓိကစွဲဆောင်သောနေရာများဖြစ်သည်။2020ခုနှစ်မှစ၍ကိုဗစ်ကပ်ရောဂါကြောင့်အထူးဇုံအဝင်အထွက်များပိတ်ထားခဲ့သည်။2022ခုနှစ်တွင်ခရီးသွားလုပ်ငန်းများနှင့်နိုင်ငံအဝင်အထွက်လုပ်ငန်းများပြန်လည်လှုပ်ရှားအသက်ဝင်လာပြီဖြစ်သည်။ကပ်ရောဂါမှာလုံးဝပျောက်ကင်းသွားသည်မဟုတ်သေးသောကြောင့်ကပ်ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကိုလည်းတင်းကြပ်ဆောင်ရွက်သည်။

(၂)ပညာရေး

နိုင်ငံတစ်ခုဖွံ့ဖြိုးတိုးတတ်ရန်တည်ထောင်မှုတွင်ပညာရေးသည်လွန်စွာအရေးကြီးသည်မှာလည်ငြင်းဖွယ်မရှိပေ။သို့ကြောင့်ကျင်းမုမြင်ကုမ္ပဏီမှလာအို၊တရုတ်၊မြန်မာလူမျိုးဘာသာမရွေးတတ်ရောက်နိုင်သောကျောင်းကိုလည်းအခမဲ့ဖွင့်လှစ်ပေးထားသည်။တတ်ရောက်သောကျောင်းသားများပညာသင်ကြားရာတွင်ဘာသာစကားအတွက်အခက်အခဲမဖြစ်စေရန်မြန်မာဆရာ၊တရုတ်ဆရာများ၊လာအိုဆရာများသင်ကြားပေးသည်။ကျောင်းတွင်မြန်မာစာ၊တရုတ်စာ၊အင်္ဂလိပ်စာများသင်ကြားပေးပြီးအားကစား၊ပန်းချီနှင့်အနုပညာများအစရှိသည်တို့ကိုလည်းသင်ကြားပေးသည်။ထိုကျောင်းတွင်အသက်5နှစ်အထက်ကလေးများလာရောက်တတ်ရောက်နိုင်ပြီးကျောင်းဝတ်စုံနှင့်စာရေးကိရိယာအားလုံးအခမဲ့ဖြစ်သည်။

(၃) ဘက်စုံလယ်ယာစိုက်ပျိုးရေးစီမံကိန်း

ဘက်စုံလယ်ယာစိုက်ပျိုးရေးစီမံကိန်းသည်ရွှေတြိဂံအထူးစီးပွားရေးဇုံ၏ဖွံ့ဖြိုးတိုးတတ်ရေးစီမံကိန်းများထဲမှတစ်ခုဖြစ်သည်။ရည်ရွယ်ချက်တွေကတော့အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးနိုင်ရန်နှင့်ဆင်းရဲနွမ်းပါးမှုကိုလျော့ချနိုင်ရန်တို့အတွက်ဖြစ်သည်။လယ်ယာထုတ်ကုန်များထဲမှတစ်စိတ်တစ်ပိုင်းကိုအထူးဇုံအတွင်းရောင်းချပြီးလက်ကျန်တစ်ချို့ကိုပြည်ပသို့တင်ပို့ရောင်းချနိုင်သည်။ခေတ်မှီစိုက်ပျိုးရေးနည်းပညာများကိုအသုံးချပြီးစိုက်ပျိုးသည့်အတွက်ဒေသခံပြည်သူများ(သို့)ဝန်ထမ်းများသည်နည်းပညာတို့ကိုသင်ယူပြီးလက်တွေ့ပြန်လည်အသုံးချနိုင်သည်။ကပ်ရောဂါကြောင့်ခရီးသွားလာရေးနှင့်ကုန်ပစ္စည်းတင်သွင်းမှုများအခက်အခဲဖြစ်စေခဲ့ပြီးဟင်းသီးဟင်းရွက်များသယ်ယူပို့ဆောင်ရေးကိုပို၍အခက်အခဲဖြစ်စေခဲ့သည်။ရေရှည်တည်တံ့ခိုင်မြဲသောဖွံ့ဖြိုးတိုးတတ်မှုကိုအာရုံစိုက်ပြီးပြည်သူများနှင့်အတူတကွပူးပေါင်းဆောင်ရွက်ခဲ့သည်။ဟင်းသီးဟင်းရွက်စိုက်ပျိုးသည့်မြေဧရိယာမှာ1333ဟက်တာရှိပြီး၊ထိုအထဲတွင်ရာသီမရွေးဟင်းသီးဟင်းရွက်များစိုက်ပျိုးနိုင်ရန်အမိုးပါခြံငယ်များလည်းဆောက်လုပ်ထားသည်။ထိုခြံငယ်များထဲတွင်ငရုပ်၊ဂေါ်ဖီ၊မုန်ညင်းဖြူ၊နံနံပင်အစရှိသဖြင့်စိုက်ပျိုးသည်။

(၄)မွေးမြူရေးလုပ်ငန်းများ

မွေးမြူရေးလုပ်ငန်းများတွင်နွားမွေးမြူခြင်း၊ဝက်မွေးမြူခြင်း၊ဘဲ၊ကြက်နှင့်ငန်းဘဲမွေးမြူခြင်းတို့ပါဝင်သည်။နွားမွေးမြူရေးခြံ၏မြေဧရိယာအကျယ်အဝန်းသည်40ဟက်တာရှိပြီးနွားမွေးမြူရေးခြံပေါင်း8ခြံရှိသည်။နွားအကောင်ရေ(5)ထောင်ခန့်ရှိသည်။ဝက်မွေးမြူရေးဧရိယာသည်4ဟက်တာရှိပြီးဝက်ခြံ၏ဧရိယာသည်7800စတုရန်းမီတာရှိသည်။ဝက်အကောင်ရေ(4)ထောင်ခန့်ရှိသည်။ထို့ပြင်ဘဲ၊ကြက်၊ငန်းဘဲမွေးမြူရေးခြံများလည်းရှိပြီးစုစုပေါင်းအကောင်ရေ1သောင်း2ထောင်ကျော်ရှိသည်။

ဤဘက်စုံလယ်ယာစိုက်ပျိုးရေးစီမံကိန်းကိုဒေသခံများနှင့်ပူးပေါင်းဆောင်ရွက်ပြီး၎င်းတို့ကိုလည်းများစွာထောက်ပံ့ပေးနိုင်ခဲ့သည်။ဘက်စုံလယ်ယာစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှထုတ်ကုန်များကိုတိုက်ရိုက်ပြန်လည်အသုံးချသည့်အတွက်အထူးဇုံအတွင်းစားနပ်ရိက္ခာလုံလောက်စေရန်နှင့်စျေးကွက်အတွက်စိတ်ပူစရာမလိုပါ။အနာဂတ်တွင်လည်းစိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများကိုဆက်လက်ချဲ့ထွင်ပြီးဒေသခံပြည်သူများနှင့်ပူးပေါင်းဆောင်ရွက်မှုအရှိန်ကိုမြှင့်တင်ပြီးပိုမိုထိရောက်စွာလုပ်ကိုင်နိင်ရန်မျှော်မှန်းထားသည်။ထိုစီမံကိန်းအတွက်ဝန်ထမ်းပေါင်းများစွာကိုအလုပ်အကိုင်များပေးထားနိုင်ပြီးအထူးဇုံအတွင်းနေထိုင်သူတို့၏အစားအသောက်အတွက်အာမခံပေးနိုင်သည်။

ဆက်သွယ်ရေး


ပို့ဆောင်ဆက်သွယ်ရေးစနစ်ဖွံ့ဖြိုးတိုးတတ်ရေးသည်ကမ္ဘာ့အဆင့်မှီအထူးဇုံတည်ဆောက်ခြင်းအတွက်အဓိကအရေးကြီးသောကဏ္ဍတစ်ရပ်ဖြစ်သည်။ဆက်သွယ်ရေးတွင်ကုန်းလမ်းရေလမ်း၊လေလမ်းတို့ဖြင့်ဆက်သွယ်နိုင်သည်။

(၁)ကုန်းလမ်း

ကုန်းလမ်းဆက်သွယ်ရေးအနေဖြင့်ဗီယန်ကျင်းမြို့တော်မှပေါချောင်ခရိုင်ရွှေတြိဂံအထူးစီးပွားရေးဇုံသို့ကီလိုမီတာ910ကျော်ရှိသည်။ကူမင်းမှအထူးဇုံအထိကီလိုမီတာ1240ကျော်အရှည်ရှိသောအဝေးပြေးလမ်းလည်းရှိသည်။

(၂)‌ရေလမ်း

‌ရွှေတြိဂံအထူးဇုံသို့အဓိကအားဖြင့်ရေလမ်းကိုအသုံးပြု၍ခရီးသည်များလာရောက်လည်ပတ်ကြသည်။ရွင်းလီဆိပ်ကမ်း(တရုတ်နိုင်ငံ၏တောင်ဘက်စွန်းဆိပ်ကမ်း)မှရွှေတြိဂံအထူးစီးပွားရေးဇုံအထိစုစုပေါင်းအကွာအ‌ဝေး265ကီလိုမီတာကွာဝေးပြီးအနက်မှာ1.5-7မီတာရှိသည်။

ရာသီဥတုအလိုက်ကွဲပြားမှုရှိသည်။ရွှေတြိဂံအထူးစီးပွားရေးဇုံဆိပ်ကမ်းမှတစ်ဆင့်ကုန်စည်များကိုဗြိတိန်၊ထိုင်း၊မြန်မာနှင့်တရုတ်ပြည်သူသမ္မတနိုင်ငံများသို့ပို့ဆောင်နိုင်သည်။

(၃)လေကြောင်းလမ်း

ရွှေတြိဂံအထူးစီးပွားရေးဇုံသို့လေကြောင်းလမ်းအနေဖြင့်တစ်ခါတစ်ရံအကန့်အသက်ဖြင့်ရဟတ်လေယာဥ်သွားလာမှုများရှိသည်။ယခုအခါတွင်ပေါချောင်အပြည်ပြည်ဆိုင်ရာလေဆိပ်အသစ်ကိုတည်ဆောက်နေဆဲဖြစ်ပြီးရံဖန်ရံခါလေယာဥ်များစတင်ပျံသန်းနေပြီဖြစ်သည်။လေယာဥ်တည်ဆောက်မှုအတွက်ရင်းနှီးမြှပ်နှံငွေမှာအမေရိကန်ဒေါ်လာ175သန်းရှိသည်။2022ခုနှစ်တွင်၎င်းလေယာဥ်ကွင်းစီမံကိန်းပြီးစီးရန်မျှော်မှန်းထားသည်

ကိုးကွယ်ယုံကြည်မှု

လာအိုလူမျိုးများသည်ထေရဝါဒဗုဒ္ဓဘာသာကိုအဓိကကိုးကွယ်ယုံကြည်ကြပြီးရွှေတြိဂံအထူးဇုံအတွင်းတွင်ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းများ၊ဘုရားများတည်ဆောက်ကိုးကွယ်သည်။တရုတ်ဘုန်းတော်ကျောင်းများလည်းတည်ဆောက်ကိုးကွယ်သည်။လာအိုလူမျိုးတို့သည်လာအိုရိုးရာဝတ်စုံကိုမြတ်နိုးစွာဝတ်ဆင်ကြပြီးလာအိုလူမျိုးအတို့အတွက်ယဥ်ကျေးမှုနှင့်ဘာသာရေးအရအရေးပါမှုရှိသည်။

ယဥ်ကျေးမှုပွဲတော်များ

ပန်းပွဲတော်သည်လာအိုနိုင်ငံပေါချောင်ခရိုင်၏ရိုးရာဓလေ့ထုံးတမ်းအစဥ်အလာများကိုထိန်းသိမ်းသည်ယဥ်ကျေးမှုပွဲတော်တစ်ခုဖြစ်သည်။ဖေဖော်ဝါရီလဆန်းပိုင်းတွင်ကျင်းပလေ့ရှိသည်။2000ခုနှစ်မှစတင်၍တုံဖုန်ခရိုင်အတွင်းနေထိုင်သောပြည်သူများသည်ရိုးရာယဥ်ကျေးမှုထိန်းသိမ်းရန်စတင်ကျင်းပခဲ့ကြသည်။“လာအိုနိုင်ငံအတွင်းခရီးသွားခြင်း၊သမိုင်းလေ့လာခြင်း၊သဘာဝကိုခံစားရင်းဖြင့်ယဥ်ကျေးမှုကိုထိန်းသိမ်းမြှင့်တင်ခြင်း”ဟူသောဆောင်ပုဒ်နှင့်အညီသမိုင်းနှင့်ခရီးသွားလုပ်ငန်းများကိုလည်းမြှင့်တင်ဆောင်ရွက်လျက်ရှိသည်။နှစ်စဥ်ကျင်းပသောပွဲတော်များတွင်းပန်းပွဲတော်များအပြင်စာပေဖျော်ဖြေပွဲများ၊နွားပွဲများ၊လက်ဝှေ့ပွဲများနှင့်အခြားလှုပ်ရှားမှုပွဲများလည်းကျင်းပကြသည်။ပြည်တွင်းထုတ်ကုန်များနှင့်နိုင်ငံတကာပြပွဲထုတ်ကုန်များပြပွဲများလည်းကျင်းပကာရောင်းချကြသည်။လူအများစိတ်ဝင်စားမှုအများဆုံးပွဲတော်မှာ Dok Ngiu Banအလှမယ်ပြိုင်ပွဲဖြစ်သည်။ထိုအလှမယ်ပြိုင်ပွဲသည်ပေါချောင်ခရိုင်အတွင်အလှမယ်များပါဝင်ယှဥ်ပြိုင်ကြသည်။နိုင်ငံများပေါင်းစုံမှလာရောက်အားပေးကြပြီးစည်ကားသိုက်မြိုက်စွာကျင်းပသည်။ 

ကိုးကား-https://en.wikipedia.org/https://en.wikipedia.org/https://lo.wikipedia.org/