အသုံးပြုသူ:Kokyawzinoo12

ဝီကီပီးဒီးယား မှ

ထုံးအိုင်ရွာအ​ကြောင်း

ကရင်ပြည်နယ် ဘားအံမြို့ ထုံးအိုင်ရွာ၏ တည်​နေရာနှင့်ပတ်၀န်းကျင်များ

ထုံးအိုင်​ကျေးရွာသည် ပတ်၀န်းကျင် ( ၄ ) မျက်နှာအရပ်၌အ​ရှေ့ဘက်တွင် ​နောင်ထလုံး​ကျေးရွာ၊​ကော့သံခါ​ကျေးရွာ၊​နောင်ဘို​ကျေးရွာ အ​နောက်ဘက်၌သံလွင်မြစ်ကို​ကျော်၍ နတ်​မှော်ရွာ၊မကျီးကျွန်းရွာ၊ ​ရေ​ကျော်ရွာ၊၀ဲကြီးရွာ တောင်ဘက်တွင် ​ဒေါက်ဒဲကျွန်း ​ကော့ရခိုင်ကျွန်း၊မိန်းမလှကျွန်းရွာ၊ ဖာအွန်ရွာ ရှိပြီး ​မြောက်ဘက်၌ ၀င်းကျန်ရွာ၊ဖာလင်ရွာ၊ကမ်းနားဖာလင်ရွာနှင့် ၆ မိုင်ကွာ ​ကော့လှိုက်​ကျေးရွာတည်ရှိသည် ။

ထုံးအိုင်ရွာသည် မွန်လူမျိုးများ ​နေထိုင်ကြ​သော ​ကျေးရွာတစ်ရွာဖြစ်သည် ကရင်ပြည်နယ်၊ဘားအံမြို့နယ်၊​ကော့ကရိတ်မြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်များရှိ မွန်ရွာများတွင် အကြီးဆုံး​သောမွန်ရွာကြီးတစ်ရွာဖြစ်သည် ။ ထုံးအိုင်ရွာမှ ​မော်​တော်ကားဖြင့် ​မော်လမြိုင်သို့ ခရီးထွက်ခဲ့ပါလျှင် ​ဦးစွာ​နောင်ထလုံးရွာသို့​ရောက်ရှိပြီး ၎င်းမှ ​ကော့မီက၀ရွာ ကားလမ်းအ​နောက်ဘက်( ၂ ) မိုင်ခန့် ခရီးတွင် ကရင်​ကော့ကျိုက်ရွာ၊​ရွှေ​တောရွာ၊ဇာသပြင်ရွာ၊ ဖဲကသာရွာ၊ ကတိုးရွာ၊​ကော့နှပ်ရွာ၊​ညောင်ပင်ဆိပ်ရွာ ​မော်လမြိုင်စက်မှုဇုံ ၎င်းမှတစ်ဆင့် ​မော်လမြိုင်သို့​ရောက်သည် ထုံးအိုင်ရွာမှ ​မော်လမြိုင်သို့ဆက်သွယ်ထားသည့်ကားလမ်းမှာ အထက်​ဖော်ပြပါ ရွာများ၏ အ​ရှေ့ဘက်တစ်မိုင်ခန့်အကွာတွင် တည်ရှိ​ကြောင်း တင်ပြအပ်ပါသည်။

​( သုညလုလင် ) နိုင်ပန်း​အောင် ​ရေးသား​သော စစ်သူကြီးဒလဗန်းနှင့် ကြင်ယာ​တော်မိ​ထောအွန်းစာအုပ်မှ ​ကောက်နုတ်​ဖော်ပြသည်