အသုံးပြုသူ:Ko Yan Lin Aung/sandbox

ဝီကီပီးဒီးယား မှ

DSLR ကင်မရာ

နာမည်အရှည်ကောက် Digital Single Lens Reflex ကို အတိုကောက် DSLR လို့ခေါ်ကြတာမို့ သူ့နာမည်ရဲ့ဆိုလိုရင်းအတိုင်း မိမိရိုက်ချင်တဲ့ ဓာတ်ပုံပညာ အမျိုးအစား တစ်ခုစီအတွက် မဖြစ်မနေ (ဖြစ်နိုင်ရင်) မှန်ဘီလူး တစ်ခုစီကို ပြောင်းလဲ အသုံးပြုဖို့ လိုပါလိမ့်မည်..။

ဥပမာ ပန်းပွင့်လေးတွေ ပုရွက်ဆိတ်လေးတွေ လိပ်ပြာလေးတွေကို အနီးကပ်အလှ ရိုက်ချင်တယ်ဆိုရင် Macro Lens … ရှုခင်းတွေကို ရိုက်ချင်တယ်ဆိုရင် Ultra Wide Lens … မော်ဒယ်အလှပုံ တွေ - Net Geo တို့ Discovery channel တွေကလို သဘာဝတောတရိစ္ဆာန်လေးတွေရဲ့

Wild Life ကို ရိုက်ချင်တယ်ဆိုရင် Tele Lens စသဖြင့် ကိုယ်ရိုက်ချင်တဲ့ အပေါ်မှာ မူတည်ပြီး အသုံးပြုရမည့် မှန်ဘီလူး တွေကွဲပြားသွားခြင်းကြောင့်ဖြစ်သည်…။

အရေးကြီးသောအချက်မှာ စ ဝယ်မယ့်သူတော်တော်များများဟာ DSLR ကို မြင်တိုင်း Professional Camera လို့ ထင်ကြပါသည်..။

အမှန်တစ်ကယ် DSLR တိုင်း Professional ကင်မရာ မဟုတ်ပါ…။

DSLR ကင်မရာ တွေမှာ Level လေးခုရှိပါသည်..

(1) Entry Level –

ကင်မရာကို ခုမှစ ထိတွေ့သုံးစွဲတဲ့သူတွေအတွက် သုံးရတာ လွယ်ကူအဆင်ပြေအောင် ထုတ်လုပ်ရောင်းချတဲ့ ကင်မရာတွေဖြစ်သည် ။ ဥပမာ ~

Canon ကင်မရာမော်ဒယ်တွေမှာဆိုရင်

1100D, 550D, 600D, 650D, 700D

Nikon ကင်မရာမော်ဒယ်တွေဆိုရင်

D60, D3000, D3100, D5000, D5100, D5200

စတဲ့ ကင်မရာတွေဟာ entry level တွေဖြစ်သည်။

(သိသာတဲ့အချက်မှာ Entry Level DSLR Body တွေမှာ Top Panel Display မပါခြင်းကြောင့်ဖြစ်သည်)

(2) Semi-Pro Level –

အပျော်တမ်းဝါသနာကြီးသူတွေ အတွက် နည်းနည်းပိုကလိလို့ရ သည့် Levelတန်းဖြစ်သည် ။ ဈေးအနေဖြင့် entey တွေထက် နည်းနည်းလေးပိုလာမည် ။

Canon မှာ 50D, 60D

Nikon မှာ D90, D7000, D7100 , D7200

(3) High End Semi-Pro-

ကြေးစားသတင်းထောက်တွေ - မှတ်တမ်းသမားတွေအတွက် အထူးသင့်တော်ပါတယ် ။ဈေးလည်း ပိုပေးရ လာပါပြီ ။

Canon မှာဆိုရင် 7D , 6D , 7D mark 2

( 7D ဆိုရင် ဟောလိဝုဒ်/ ဘောလိဝုဒ် စတဲ့ နိုင်ငံတကာရုပ်ရှင်နယ်ပယ်တွေမှာ ရုပ်ရှင်ဇာတ်လမ်းရိုက်သည့် ကင်မရာအဖြစ်တောင် သုံးလာကြပါသည် )

Nikon မှာဆိုရင်ဖြင့် D300, D300sစတာတွေဖြစ်ပါသည် ။

(4) Pro Level –

ဒပရော်ဖက်ရှင်နယ် ဆိုသူတွေအတွက်ဖြစ်သည်။

Canon မှာဆိုရင်ဖြင့် 5D Mark II , 5D Mark III , 1DS Series, 1DX ၊ Nikon မှာဆိုရင် D700, D800, D800s, D3s, D3x, D4- စတာတွေဖြစ်သည် ။

နောက်တစ်ခုအနေဖြင့် ကင်မရာ Body တစ်ခုနဲ့ တစ်ခုကို တန်းမတူတာတွေ မညှိဖို့ လိုပါသည်..။

ဥပမာ Nikon က D90 ကို Canon က 5D Mark II နှင့် ညှိ လို့မရပါ…။ Canon က 7D ကိုလည်း Nikon က D700 နှင့် သွားညှိ လို့မရပါ..။

Line Up မတူပါ..။ ယှဉ်ချင်ရင် Nikon D90 နဲ့ Canon 50D, 60D (သို့မဟုတ်) Nikon D300s နှင့်Canon 7D (သို့မဟုတ်)

Nikon D700 နှင့်Canon 5D Mark II စသဖြင့် သူ့ Line Up နဲ့ သူ ယှဉ်မှသာ အဖြေမှန်ကို ရပါလိမ့်မည်…။

Pro Level Camera နှင့် Pro Level မဟုတ်တဲ့ Camera ဘာကွာသလဲ ဆိုရင် Sensor ပုံစံကွာ သွားခြင်းကြောင့်ဖြစ်သည်..။

Pro Level Camera တွေမှာ Full Frame Sensor (35mm) ပါဝင်နေတာဖြစ်ပြီး..။

Entry Level က အစ High End Semi-Pro အဆုံး Canon မှာဆို APS-C 1.6x crop sensor (Canon မှာ APS-H ဆိုတာရှိပါသေးတယ် 1D Series ပါ…။ 1Ds နှင့် မဆိုင်ပါ..။

1Ds က Full Frame ဖြစ်သည်..။) နဲ့ Nikon မှာ ဆိုရင်ဖြင့် DX 1.5 Crop Sensor တွေသာ ပါမှာ ဖြစ်ပါသည်..။Sensor ကွာခြင်းဖြင့် ပုံ quality သိသိသာသာ ကွာသွားပါမည်..။

အထူးသဖြင့် ISO များများတင်ရိုက်တဲ့အချိန်မှာ သိသိသာသာကြီး ကွာသွားပါသည်..။

ဒီလောက်ဆိုဖြင့် DSLR တွေအကြောင်းကို နဲနဲ တီးမိ ခေါက် မိလောက်ရှိသွားပြီ ထင်ပါသည်…။

Photography သည် ငွေကုန်ကြေးကျများသည့်ဝါသနာ ( Expensive Hobby ) တစ်ခုဖြစ်တဲ့အတွက် ဝယ်ပြီးမှ မိမိနှင့် အဆင်မပြေ အသုံးမတည့်ရင် အရှုံးကြီဖြစ်းပါလိ့မ်မည်.။


Pyiet Oo Aung - Aperture 21 photography

(collect ) မောင်မင်း (Min Han)