အသုံးပြုသူ:Javanaacademy(kyaiklat)

ဝီကီပီးဒီးယား မှ

ဇဝနဗုဒ္ဓအကယ်ဒမီ[ပြင်ဆင်ရန်]

  1. ဧရာဝတီတိုင်းဒေသကြီးအတွင်း၌ ပထမဆုံးဖြစ်သော သာသနာတော်ဆိုင်ရာ ဇဝန ဗုဒ္ဓအကယ်ဒမီကို ဒက္ခိဏာရုံ(မဟာဒွါရ) စာသင်တိုက်၏ ဦးစီး ပဓာန နာယကဆရာတော် ဘဒ္ဒန္တဇဝနဝံသမဟာထေရ်၏ သြဝါဒကို ခံယူလျက် မြန်မာသက္ကရာဇ် ၁၃၈၀ ပြည့်နှစ်၊ နယုန်လပြည့်နေ့ ၂၀၁၈ခုနှစ်၊ မေလ(၂၉)ရက်တွင် စတင်တည်ထောင်ပြီး သင်ကြားစီမံရေးရာများကို မန္တလေး-ရန်ကုန် ဗုဒ္ဓတက္ကသိုလ်မှစေလွှတ်သော ကထိကများမှ တာဝန်ယူသင်ကြားပေးပါသည်။
  2. ဇဝနဗုဒ္ဓအကယ်ဒမီတွင် ပထမကြီးတန်းအောင်မြင်ထားသူများနှင့် မအောင်မြင်ထားသူဟူ၍ သင်တန်းကို နှစ်မျိုးခွဲခြားထားပါသည်။
  3. ဒီပလိုမာတန်းများ ၊ B.A, M.A တန်းများအားလုံးကို ပထမပိုင်း၌ နှစ်စဉ် နယုန်လဆန်း (၁)ရက်မှ စတင်ဖွင့်လှစ်၍ ဒုတိယပိုင်း၌ တန်ဆာင်မုန်းလဆန်း (၉) ရက်နေ့တွင် စတင်ဖွင့်လှစ်ပါသည်။
  4. တပို့တွဲလပြည့်ကျော် (၁)ရက်နေ့တွင် စာမေးပွဲများကို ကျင်းပပါမည်။
  5. လူပုဂ္ဂိုလ်များလည်း တက်ရောက် သင်ကြားနိုင်ပါသည်။
  6. အင်္ဂလိပ်စာအရည်အချင်းဖြည့်ဆည်းလိုသော ရဟန်းနှင့် လူဂ္ဂိုလ်များအတွက်လည်း အင်္ဂလိပ်စာသင်တန်းများဖွင့်လှစ်ထားပါသည်။