အသုံးပြုသူ:HtooKhantthawzin

ဝီကီပီးဒီးယား မှ

မဟာပထဝီဇယ မန္တန်တော်

နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ

(၁) ဩီ... ပထဝီဇယံသဗ္ဗံ၊ အနေက အန္တရာယိကံ၊ ဇယံ ပစ္စေကဗုဒ္ဓါ စ၊ ဇယံ ပရိ မဟေသယော။

(၂) ဇယံ ဟရော ဟရိဒေဝေါ၊ ဇယံ ဗြဟ္မာ ဓတရဌော၊ ဇယံ နာဂေါ စ ဝိရူဠှော၊ ဝိရူပက္ခော စ စန္ဒိမာ။

(၃) ဝိဣန္ဒော ဝေနတေယျော စ၊ ကုဝေရော ဝရုဏော ပိ စ၊ အဂ္ဂိ ဝါရဏော ပဇ္ဇုန္နော၊ ကုမာရော စတုပါလကော။

(၄) အဌာရသ မဟာဒေဝါ၊ သုခိတာ စ ပသိဒ္ဓိယော၊ အသီတိ မဟာသာဝကာ၊ သဗ္ဗံ ဇယံ ဒဒန္တု မေ။

(၅) ဇယော ဓ‌မ္မော စ သံဃော စ၊ ဒသဗလော စ ဇေယျကော၊ ဧတေန သစ္စဝဇ္ဇေန၊ ဇယာ သုခါ ဘဝန္တု မေ။

(၆) နရာ ဒေဝါ စ ဗြဟ္မနော၊ ယက္ခာ နာဂါ စ ဂရုဠာ၊ တေပိ ဒိသွာ ပိယာ မယှံ၊ ပုတ္တံ မမေဝ သိနေဟာ။

(၇) ဗုဒ္ဓါ ပစ္စေကဗုဒ္ဓါ စ၊ အရဟာ အဂ္ဂသာဝကာ၊ သဗ္ဗေ ကရောန္တု မေ မေတ္တံ၊ သဗ္ဗေ တိဌန္တု မတ္ထကေ။

(၈) တေသံ မေတ္တာနုဘာဝေန၊ သဗ္ဗေ ရောဂါ သုသီတလာ၊ သဗ္ဗေ ဘယာ ဝိနဿန္တု၊ သဗ္ဗေ နဿန္တု ပဒ္ဒဝါ။

(၉) ဣမသ္မိံ စက္ကဝါဠေ စ၊ ဗဟူ အနန္တ ပါဏိနော၊ အနန္တ စက္ကဝါဠေ စ၊ ဗဟူ အနန္တ ပါဏိနော။

(၁၀) ဣမေ သတ္တာ အဝေရာ စ၊ အညမညံ ပိယာ ဟောန္တု၊ ဣမေ သတ္တာ အဝေရာ စ၊ အညမညံ သုခါ ဟောန္တု။

(၁၁) နေရယိကာ တိရစ္ဆာနာ၊ ပေတာ အသုရကာ ယမာ၊ ဣမေ သဗ္ဗေ ယထာ သတ္တာ၊ ဒုက္ခာ မုစ္စန္တု တတ္တကာ။

(၁၂) ဒသကောဋိ ဒကဇာ စ၊ ထလဇာ နဝကောဋိယော၊ သံသေဒဇောပပါတိကာ၊ ဒီဃာယုကာ ဘဝန္တု တေ။

(၁၃) ဥဒ္ဓံ ယာဝ ဘဝဂ္ဂါ စ၊ အဓော ယာဝ အဝီစိတော၊ သမန္တာ စက္ကဝါဠေသု၊ ယေ သတ္တာ ပထဝီစရာ။

(၁၄) အဗျာပဇ္ဇာ နိဝေရာ စ၊ နိဒ္ဒုက္ခာ စ နုပဒ္ဒဝါ၊ သဗ္ဗေ သတ္တာ အဝေရာစ၊ သဟ သဗ္ဗေဟိ ဉာတိဘိ


>>အနက်အဓိပ္ပါယ် <<

၁။ အနေကအန္တရာယိကံ တစ်ပါးမက များလှသွယ်သွယ် အန္တရာယ်ကို ပြုတတ်သော၊ ပထဝီဇယသဗ္ဗံ မြေအပြင်၌အောင်မြင်ဖွယ် ဟူသမျှတစ်စမကြွင်း ရန်ခပင်းကို၊ ကောင်းကျိုးလျှမ်းတောက် ချမ်းသာရောက်အောင် မျက်မှောက်ထင်ထင် အောင်မြင်ပါစေသတည်း။ ပစ္စေက ဗုဒ္ဓါစ ပစ္စေကဗုဒ္ဓါအရှင်မြတ်တို့သည်လည်း၊ မေအကျွနု်ပ်အား ၊ နော အကျွနု်ပ်အား ဇယ အောင်ဆုကို၊ ဒဒန္တု ပေးတော်မူကြပါစေကုန်သတည်း။ မဟေသယောစ မြတ်သောသီလက္ခန္ဓ စသည်ကို ရှာတော် မူကုန်ပြီးသော ပညာဓိက သဒ္ဒါဓိက ဝီရိယာမိက ဘုရားသခင်၊ အရှင်အဂ္ဂ သာဝက ပကတိသာဝက ရဟန္တာအရှင်မြတ်တို့သည်လည်း၊ ပရိ ထက်ဝန်းကျင်အကြွင်းမရှိသော အားဖြင့်၊ မေ အကျွနု်ပ်အား နော အကျွန်ုပ်တို့အား ဇယံအောင်ဆုကို ၊ ဒဒန္တု ပေးတော်မူကြပါစေကုန်သတည်း။

၂။ ဟရော ဟရမည်သော နတ်သည်လည်းကောင်း၊ ဟရိဒေဝေါ ဟရိမည်သောနတ်သည်လည်းကောင်း၊ မေ အကျွန်ုပ်အား နော အကျွန်ုပ်တို့အား ဇယံ အောင်ဆုကို ဒဒန္တုပေးကြပါစေကုန်သတည်း။ နာဂေါစ မဟာနာဂနတ်မင်းသည်လည်းကောင်း၊ ဝိရူဠောစ ဝိရူဠက နတ်မင်းသည်လည်းကောင်း ၊ စန္ဒိမာပိ လနတ်သားသည်လည်းကောင်း

၃။ ဝိက္ကုန္ဒောစ အထူးထူးသော နတ်တို့ကို အစိုးရသော သိကြားမင်းသည် လည်းကောင်း ၊ဝေနတေယျောစ ဝိနတာအမည်ရှိသော နတ်သမီး၏ သားဖြစ်သောနတ်မင်းသည်လည်းကောင်း၊ ကုဝေရောစ ကုဝေရ နတ်မင်းသည်လည်းကောင်း၊ ဝရုဏောပိစ ဝရုဏာ နတ်မင်းသည်လည်းကောင်း၊ အဂ္ဂိစ မီးနတ်သားသည်လည်းကောင်း၊ ဝါရဏောစ လေနတ်သားသည်လည်းကောင်း၊ ပဇ္ဇုန္နောစ မိုးနတ်သားသည်လည်းကောင်း၊ ကုမာရစ ကုမာရနတ်သည်လည်းကောင်း ၊ စတုပါလကောစ လောကပါလနတ်သားလေးယောက်သည်လည်းကောင်း၊ မေ အကျွနု်ပ်အား နော အကျွန်ုပ်တို့အား ဇယံ အောင်ဆုကို ဒဒန္တု ပေးကြပါစေကုန်သတည်း။

၄။ သုခိတာချမ်းသာ အောင်ဆောင်နိုင်ကုန်သော အဋ္ဌာရသ မဟာဒေဝါစ တစ်ဆယ့်ရှစ်ယောက်ကုန်သောနတ်မင်းကြီးတို့သည် လည်းကောင်း၊ မသိဒ္ဓိယော အထူးထူးအပြားပြား စီးပွားချမ်းသာ ကိုပြီးစေ တတ်ကုန်သော၊ အသီတိ မဟာသာဝကစ ရှစ်ကျိပ်သော မဟာသာဝက ရဟန္တာအရှင်မြတ်တို့သည် လည်းကောင်း ၊ မေ အကျွန်ုပ်တို့အား နော အကျွန်ုပ်တို့အား သဗ္ဗံဇယံ အောင်ဆုဟူသမျှကို ဒဒန္တု ပေးတော်မူကြပါစေကုန်သတည်း။

၅။ ဓမ္မောစ ဆယ်ပါးသော တရားတော်သည် လည်းကောင်း၊ သံဃောစ သမ္မုတိ၊ ပရမတ် နှစ်ရပ်သော သံဃာတော်သည်လည်းကောင်း၊ ဇယော ရန်ဟူသမျှကို အထူးအောင်မြင်တော် မူပေ၏။ ဒသဗလောစ ကာယဉာဏ်တော်အားဆယ်ဖော်နှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားသခင်သည်လည်း

ဇေယျကော ရန်မျိုးဥဿုံ အလုံးစုံကို ချက်ကုံမကြွင်း ခုတ်စဉ်ဖျက်ချွေ အထူးအောင်မြင်တော်မူပေ၏။ ဧတေန သစ္စဝဇ္ဇေန ဤသို့ဆိုငြး မှန်ကန်သော သစ္စာစကားကြောင့် ဇယာ ရန်အပေါင်းကို အထူးအောင်မြင်ခြင်းတို့သည်လည်းကောင်း သုခါ ကိုယ်စိတ်နှစ်ဖြာချမ်းသာခြင်းတို့သည်လည်းကောင်း၊ မေ အကျွန်ုပ်အား နော အကျွနု်ပ်တို့အား ဘဝန္တု ဖြစ်ပါစေကုန်သတည်း။

၆။ နရာစ လူတို့သည်လည်းကောင်း၊ ဒေဝေါစ နတ်တို့သည်လည်းကောင်းဈ ဗြဟ္မာနောစ ဗြဟ္မာတို့သည်လည်းကောင်း ယက္ခာစ ဘီလူးတို့သည်လည်းကောင်း၊ နာဂါစ နဂါးတို့သည်လည်းကောင်း၊ ဂရုဠာစ ဂဠုန်တို့သလည်လည်းကောင်း၊ တေပိ ထိုလူ နတ် ဗြဟ္မာ ဘီလူး နဂါး ဂဠုန်ဆိုကသည်လည်း မံ အကျွန်ုပ်ကို နော အကျွနု်ပ်တို့ကို ဒိသွာ မြင်သည်ရှိသော် မယှံ အကျွနု်ပ်အား နော အကျွနု်ပ်တို့အား ပိယာ မြတ်နိုးချစ်ခင် ကြကုန်သည် ဟောန္တု ဖြစ်ပါစေကုန်သတည်း။ ပုတ္တံ မိမိတို့၏သားကို ၊ သိနေဟာ က္က ုဝ ချစ်ခင်ကြကုန်သကဲ့သို့ မမ အကျွန်ုပ်အား နော အကျွန်ုပ်တို့အား ပိယာမြတ်နိုးချစ်ခင်ကြကုန်သည် ဟောန္တုဖြစ်ပါစေကုန်သတည်း။

၇။ ဗုဒ္ဓါစ မြတ်စွာဘုရားတို့သည်လည်းကောင်း၊ ပစ္စေကဗုဒ္ဓါစ ပစ္စေကဗုဒ္ဓါ တို့သည်လည်းကောင်း၊ အရဟာစ ရဟန္တာတို့သည်လည်းကောင်း၊ အဂ္ဂသာဝကာစ အဂ္ဂသာဝက တို့သည်လည်းကောင်း သဗ္ဗေ အလုံးစုံကုန်သော ဘုရား၊ ပစ္စေကဗုဒ္ဓါ ၊ ရဟန္တာ ၊ အဂ္ဂသာဝက တို့သည်၊ မေ အကျွန်ုပ်အား နော အကျွန်ုပ်တို့အား မေတ္တံ ချစ်ခြင်းမေတ္တာကို ကရောန္တု ပြုတော်မူပါစေကုန်သတည်း။ သဗ္ဗေ အလုံးစုံကုန်သော ဘုရား၊ ပစ္စေကဗုဒ္ဓါ ၊ ရဟန္တာ၊ အဂ္ဂသာဝက တို့သည် မေ အကျွန်ုပ်အား နော အကျွန်ုပ်တို့အား မေတ္တံ ချစ်ခြင်းမေတ္တာကို ကရောန္တု ပြုတော်မူပါစေကုန်သတည်း။

သဗ္ဗေ အလုံးစုံကုန်သော ဘုရား၊ ပစ္စေကဗုဒ္ဓါ ၊ ရဟန္တာ၊ အဂ္ဂသာဝက တို့သည် မေ အကျွန်ုပ်အား နော အကျွန်ုပ်တို့၏ မတ္တကေ ဦးခေါင်းထက်၌ ၊ တိဋ္ဌန ္တု ရပ်တည်တော်မူပါစေကုန်သတည်း။

၈။ တေသံ ထိုဘုရား၊ ပစ္စေကဗုဒ္ဓါ၊ ရဟန္တာ၊ အဂ္ဂသာဝက တို့၏ မေတ္တာအာနုဘာဝေန မေတ္တာ၏အာနုဘော် တော်ကြောင့်၊ သဗ္ဗေ အလုံးစုံကုန်သော ၊ ရောဂါ ကိုးဆယ့်ခြောက်ဖြာ အနာရောဂါတို့သည် ဟောန္တု ဖြစ်ပါစေကုန်သတည်း။ သဗ္ဗေ အလုံးစုံကုန်သော ဘယာ ကြောက်မက်ဖွယ် ဘေးမျိုးတို့သည် ဝိနဿန္တု ပျောက်ကွယ်ကြပါစေကုန်သတည်း။ သဗ္ဗေ အလုံးစုံကုန်သော ဥပဒ္ဒဝါ ကပ်၍ နှိပ်စက်တတ်ကုန်သော ဥပဒ္ဒဝေါ တို့သည် နဿန္တု ပျက်စီးကြပါစေကုန်သတည်း။

၉။ က္ကုမသ္မိ ံ စက္ကဝါဠေ ဤစကြာဝဠာ၌ မဟူ များစွာကုန်သော အနန္တပါဏိနောစ အဆုံးအပိုင်းအခြား မရှိကုန်သော စကြာဝဠာ တိုက်အပေါင်း၌ မဟူများစွာ ကုန်သော အနန္တပဏိနောစ အဆုံးအပိုင်းအခြားမရှိကုန်သော သတ္တဝါ အပေါင်းတို့သည်လည်းကောင်း

၁၀။ က္ကုမေသတ္တာ ဤ ဆိုအပ်ကုန်ပြီးသော သတ္တဝါ အပေါင်းတို့သည် အညမညံ အချင်းချင်း တစ်ယောက်သည်တစ်ယောက်အား အဝေရာ ရန်မရှိကြကုန်သည် ဖြစ်၍ ပိယာစ မြတ်နိုးချစ်ခင်ကြကုန်သည် လည်း ဟောန္တု ဖြစ်ပါစေကုန်သတည်း၊ ဣမေသတ္တာ ဤသို့ဆိုအပ်ကုန်ပြီးသော သတ္တဝါအပေါင်းတို့သည် အညမညံ အချင်းချင်း တစ်ယောက်သည် တစ်ယောက်အား အဝေရာ ရန်မရှိကြ ကုန်သည်ဖြစ်၍ သုခါစ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာခြင်းနှင့် ပြည့်စုံကြသည်လည်း ဟောန္တု ဖြစ်ပါစေကုန်သတည်း။

၁၁။ နေရယိကာစ ငရဲသားတို့သည် လည်းကောင်း၊ တိရစ္ဆာန်တို့သည်းလည်းကောင်း၊ ပေတာစ ပြိတ္တာတို့သည် လည်းကောင်း၊ အသုရကာစ အသုရကာယ်တို့သည်လည်း ယမာစ ငရဲသနင်း ယမမင်း တို့သည်လည်းကောင်း၊ ယထာ အကြင်သို့သော အခြင်းအရာအားဖြင့် ဇာတာ ဖြစ်ကုန်သော သဗ္ဗေ အလုံးစုံကုန်သော ဣမေသတ္တာ ဤသို့ဆိုအပ်ကုန်ပြးသော သတ္တဝါအပေါင်းတို့သည် သန္တိ ရှိကြကုန်၏။ တတ္တကာ ထိုမျှလောက်သော သတ္တဝါ အပေါင်းတို့သည်၊ ဒုက္ခာ ဆင်းရဲအပေါင်းတို့မှ မုစ္စန္တု ကင်းလွတ်ကြပါစေကုန်သတည်း။

၁၂။ ဒသကောဋိ ဒကဇာစ ရေနေ ဆယ်ကုဋေ သော သတ္တဝါအပေါင်းတို့သည်လည်းကောင်း၊ ထလဇာ နဝကောဋိယောစ ကုန်းနေကိုး ကုဋေသော သတ္တဝါ အပေါင်းတို့သည် လည်းကောင်း၊ သံသေဒဇာပ ပါတိကာစ အညှိ၌ဖြစ်သော သတ္တဝါ ၊ ကိုယ်ထင်ရှားဖြစ်ပေါ်သော သတ္တဝါအပေါင်းတို့သည် လည်းကောင်း၊ ဒီဃာယုကာ အသက်ရှည်ကြကုန်သည်၊ ဘဝန္တု ဖြစ်ပါစေကုန်သတည်း။

၁၃။ သမန္တာ ထက်ဝန်းကျင်အရပ်မှ စက္ကဝါဠေသု အဆုံးအပိုင်းအခြားမရှိကုန်သော စကြာဝဠာတိုက် တို့၌၊ ဥဒ္ဒံ အထက်၌၊ ယာဝဘဝဂ္ဂါစ နေဝသညာနာသညာယတနဘဝဂ် ဘုံတိုင်အောင် အဓော အောက်၌ ယာဝ အဝီစိတောစ အဝီစိ ငရဲဘုံတိုင်အောင် လည်းကောင်း၊ ယေသတ္တ အကြင် သတ္တဝါအပေါင်းတို့သည် ပထဝီစာ မြေရေနှစ်ပြင် ထက်ကောင်းကင်၌ ကျင်လည် လှည့်သွား ကျက်စားကြကုန်၏။

၁၄။ သဗ္ဗေ အလုံးစုံကုန်သသော ကေသတ္တာ ထိုသတ္တဝါ အပေါင်းတို့သည် သဗ္ဗေဟိ အလုံးစုံကုန်သော ဉာတိဘိ အဆွေအမျိုးတို့နှင့် သဟ တကွ၊ အဗျာပဇ္ဇာစ စိုးရိမ်ကြောင့်ကြ မရှိကြကုန်သည် လည်းကောင်း၊ နိဝေရာစ အပရန်မရှိကြကုန်သည်လည်းကောင်း၊ နိဒုက္ခာစ ဆင်းရဲ့ ဒုက္ခမရှိကြကုန်သည်လည်းကောင်း၊ အနုပဒ္ဒဝါစ ဥပဒ္ဒဝေါ မရှိကြကုန်သည် လည်းကောင်း၊ အဝေရာစ အတွင်းရန် မရှိကြကုန်သည်လည်းကောင်း၊ ဟောန္တု ဖြစ်ကြပါစေကုန်သတည်း။

မန္တန်တော်ဖြစ်စဉ်မှာ ဗြဟ္မဒတ်မင်းအုပ်စိုးစဉ် ဘုရားလောင်း ပုရောဟိတ်ပုဏ္ဏားကြီးသည် အစွမ်းထက်မြက်လှသော ပထဝီဇယမန္တန်ကို လူသူကင်းဝေးရာ တောအုပ်ရှိ ကျောက်ဖျာပေါ်မှာ ရွတ်လေ့ရှိစဉ် ကျောက်ဖျာအောက်တွင် ပုန်းအောင်းနေသော မြေခွေးက မန္တန်ကိုကြားပြီး အလွတ်ကျက်မှတ်၍ မန္တန်အစွမ်းဖြင့် တောတွင်း၌ မင်းဖြစ်လာ၏။ တောဘုရင်အရာဖြင့် မတင်းတိမ်နိုင်တော့ချိန် ဗာရာဏသီပြည်ကိုပင် သိမ်းပိုက်အုပ်ချုပ်ရန် သားရဲတိရစ္ဆာန်တို့ဖြင့် ဝိုင်းရံ၍ ထီးနန်းအပ်ရန် တောင်းဆိုသည်အထိ မန္တန်မှာ အလွန်စွမ်းလှ၏။

ပထဝီဇယမန္တန်တော်သည် အစဉ်အလာကြီးမားသော ဂါထာတစ်ပုဒ်လဲ ဖြစ်ပါတယ်။ ဂါထာမှာ ဘုရား၊ ရဟန္တာ၊ သမ္မာဒေဝ နတ်ကောင်းနတ်မြတ် စသည်တို့ရဲ့ အားတွေ၊ မေတ္တာသစ္စာတရားတွေ အားတွေနဲ့ ဖွဲ့သီအပ်သော ဂါထာတော်ဖြစ်တဲ့အတွက် ထူးခြားကောင်းမွန်သော မန္တန်ဖြစ်ပါတယ်။

(ပထဝီ) သည်‌ မြေကြီး၊ (ဇယ) သည် အောင်မြင်ခြင်း ဖြစ်သောကြောင့် မြေပြင်မှာ ရှိသမျှ လိုချင်သမျှ အောင်မြင်မှုတွေ ရနိုင်ကြောင်း ပြဆိုထားသလိုပါပဲ။ ဒါ့ကြောင့် အောင်မြေဂါထာ ဟု ခေါ်ဆိုနိုင်ပါတယ်။

မဟာပထဝီဇယမန္တန်တော်ကြီးသည် လောကီအစီအရင်များ ပြုလုပ်ရာတွင် လုပ်မှားကိုင်မှားရှိပါက ဆိုးကျိုးများ ဖယ်ရှားနိုင်ပြီး သာမာန်လူများ အမြဲရွတ်ဖတ်ပါက စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်လာပြီး ဩဇာအာဏာကြီးမားလာခြင်း၊ လုပ်ကိုင်ကြံစည်သမျှ အောင်မြင်ပြည့်စုံလာပြီး စိတ်စွမ်းအင်သတ္တိများ ထူးခြားလာခြင်း၊ မိမိ၏ သိမ်ငယ်စိတ် ကြောက်ရွံ့စိတ်များ လွင့်ပါးပြီး ဘဝလမ်း လျှောက်လှမ်းရာတွင် အေးချမ်းသာယာသောဘဝကိုသာ ပိုင်ဆိုင်ရပြီး အစာရေစာပေါများခြင်း၊ နာမည်ဂုဏ်သတင်းကျော်ဇောခြင်း စသည့် အကျိုးကျေးဇူးများ ခံစားရသော မေတ္တာမန္တန်တော်ကြီး ဖြစ်ပါသည်။

(ဩီ နဲ့ ‌ဥုံ ဆိုပြီး ပထမဂါထာအစတွင် မူကွဲနေပါသည်။ အဓိပ္ပါယ်ပိုပြီး လေးနက်အောင် ရွတ်ဖတ်တဲ့သဘောဖြစ်တဲ့အတွက် အဆင်ပြေသလို ရွတ်ဖတ်နိုင်ပါတယ်။)