အသုံးပြုသူ:Hansann

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search
my ဤအသုံးပြုသူ၏ မိခင်ဘာသာစကားမှာ မြန်မာစကား ဖြစ်သည်။

en အင်္ဂလိပ်ဘာသာစကား တတ်မြောက်စွာ အသုံးပြုနိုင်သူဖြစ်သည်။


ဟန်ဆန်း[၁]သည် မြန်မာဝီကီပီးဒီးယားကို ပါဝင်ရေးသားနေသူဖြစ်သည်။ အမည်အရင်းမှာ မြတ်သူစိုးဖြစ်ပြီး ဟန်ဆန်း[၂]ဟူသောအမည်ဖြင့် ရသစာပေရေးသားခြင်း၊ ဂရပ်ဖစ်ဒီဇိုင်းရေးဆွဲခြင်း[၃]တို့ကို လုပ်ကိုင်သည်။ ထို့အပြင် ဟန်ဇော်[၄] ဟူသော ကလောင်အမည်ဖြင့် အိုင်စီတီဆိုင်ရာဆောင်းပါးများကို လေ့လာရေးသားသည်။ ၂၀၁၁ ခုနှစ် မေလမှ စတင်၍ ကွန်ပျူတာသုံး မြန်မာစာစနစ် အကောင်အထည်ဖော်ခြင်းအဖွဲ့ [၅]ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာနတွင် အချိန်ပိုင်းတာဝန်ကို စတင်ထမ်းဆောင်သည်။ ၂၀၁၂ ခုနှစ် မတ်လမှ စပြီး မြန်မာအင်ဒီပဲန်ဒင့်သတင်းဂျာနယ်တွင် အယ်ဒီတာအဖြစ် အလုပ်လုပ်ကိုင်ခဲ့သည်။ ထို့နောက် ပဲ့တင်သံဂျာနယ်တွင် အယ်ဒီတာအဖြစ် ၂၀၁၅ ခုနှစ် ဧပြီလအထိ တာဝန်ယူခဲ့သည်။ ၂၀၁၅ ခုနှစ် မေလတွင် Info Digest Media House ၏ အယ်ဒီတာအဖွဲ့ဝင်အဖြစ်ပါဝင်၍ တာဝန်ယူဆောင်ရွက်နေပါသည်။ နည်းပညာကို လူသားဆန်မှုနှင့် လက်ထပ်ထိမ်းမြားပေးခြင်း[၆]အမည်ဖြင့် အိုင်တီနည်းပညာဆိုင်ရာဆောင်းပါးများ စုစည်းမှုစာအုပ်ကို ဝန်ဇင်းအွန်လိုင်းစာအုပ်ဆိုင်က ၂၀၁၅ ခုနှစ် ဇူလိုင်လတွင် အီးဘုတ်ခ်အဖြစ် ထုတ်ဝေဖြန့်ချိခဲ့သည်။


My Tools Box[ပြင်ဆင်ရန်]