အသုံးပြုသူ:Bhuri Panna/sandbox
နဘူးကျင်း ရန်ကင်းတောရ ဆရာတော် ဦးတိဿရ (1921 - 2004)
[ပြင်ဆင်ရန်]ဆရာတော် လောင်းလျာကို မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ်၊ နဘူးကျင်းအုပ်စု၊ နဘူးကျင်းကျေးရွာ၌ ၂၂ အောက်တိုဘာ ၁၉၂၁ တွင် ဖွားမြင်သည်။ မိဘများမှာ ဦးဘနှင့် ဒေါ်အေးမှန်တို့ ဖြစ်ကြသည်။ မောင်ထွန်းရှိန်၊ မောင်ထွန်းစိန်၊ မပြုံးနှင့် မောင်အောင်သိန်းဟူ၍ မွေးချင်း ၄ ဦး ရှိသည်။ အသက် ၇ နှစ်သား အရွယ်တွင် (ယခင် ရမည်းသင်းမြို့နယ်) (ယခု) နေပြည်တော်-တပ်ကုန်းမြို့နယ်၊ ကျောင်းရွာ သီလရှင်ကျောင်း၌ သီတင်းသုံးနေကြသော သီလရှင်ဆရာကြီးများ ဖြစ်ကြသော ဒေါ်ဥမ္မာနှင့် ဒေါ်ဓမ္မစာရီတို့ အထံ၌ စတင်၍ ပညာသင်ယူခဲ့ပြီးလျှင် နဘူးကျင်းအုပ်စု၊ သရက်ကန်ကျောင်း ဆရာတော် ဦးဥဂ္ဂံသ အထံသို့ ပြောင်းရွှေ့ကာ ပညာသင်ယူခဲ့၏။
၂၃ မတ် ၁၉၄၁ တွင် ရဟန်းဖြစ်ခဲ့ပြီးနောက် အထက်တန်း ပိဋကစာပေများကို ဆက်လက် ဆည်းပူးရင်း ရန်ကုန်မြို့၊ ပုဇွန်တောင် ဘုရားဖြူကျောင်းတိုက် ဆရာတော် ဦးပညာဝံသ ထံသို့ ရောက်ရှိခဲ့ပြီး နိုင်ငံတော် အစိုးရက ကြီးမှူး ကျင်းပသော ဓမ္မာစရိယ (စာချတန်း) စာမေးပွဲကို အောင်မြင်ကာ သာသနဓဇသိရီပဝရဓမ္မာစရိယ ဘွဲ့တံဆိပ်ကို ရရှိခဲ့သည်။ ထို့နောက် ဘုရားဖြူကျောင်းတိုက်၌ ၈ နှစ်ကြာအောင် ပရိယတ္တိစာပေများကို သင်ကြား ပို့ချပေးကာ သက်တော် ၄၁ နှစ် အရွယ်တွင် ဘုရားဖြူဆရာတော် ဦးပညာဝံသ၏ ခွင့်ပြုချက်ဖြင့် အရညဝါသီ တောရပ်မှီကာ တောတောင်များ၌သာ ဝါဆိုဝါကပ်ကာ သီတင်းသုံးတော်မူသည်မှာ ပျံလွန်တော်မူချိန် ၂၂ ဇူလိုင် ၂၀၀၄ အထိ ဖြစ်ပါသည်။
ထိုသို့ တောရဆောက်တည်ကာ သီတင်းသုံးတော်မူရင်း ဝိနည်းနှင့်ပတ်သက်သော စာအုပ်များစွာကို ပါဠိ+မြန်မာ နှစ်ဘာသာဖြင့် ရေးသားခဲ့ပါသည်။