အသုံးပြုသူ:Aung Phone Kyaw Zwe
ငါးထောင့်ကြယ်အကြောင်း
ငါးထောင့်ကြယ်သင်္ကေတဟာ လွန်ခဲ့တဲ့ နှစ်သောင်း
ဂဏန်းလောက် ကတည်းက ပေါ်ထွက်လာခဲ့တာဖြစ်ပါတယ်။ အဲ့အချိန်ကတည်းက ငါးထောင့်ကြယ်ကို အဓိပ္ပါယ်အမျိုး၊ အသုံးပြုပုံအမျိုးမျိုး ရှိခဲ့ပြီး ပေါင်းစပ်မှုအမျိုးမျိုးရှိခဲ့ပါတယ်။ ယဉ်ကျေးမှုအမျိုးမျိုးမှ ငါးထောင့်ကြယ်ကို များသောအားဖြင့် Pentagramလို့ခေါ်ကြတာ နှစ်ပေါင်းသောင်းချီနေပါပြီ။ အနောက်တိုင်း အသိုင်းအဝိုင်းအများစုရဲ့ ငါးထောင့်ကြယ်အသုံးပြုနည်းများဟာ အနောက် တိုင်း လျှို့ဝှက်ယဉ်ကျေးမှုများမှ ဆင်းသက်လာကြတာ ဖြစ်ပါတယ်။လျှို့ဝှက်ပညာရှင်တွေက ငါးထောင့်ကြယ် ဟာ အောက်ပါအတိုင်းဆက်နွယ်နေတယ်လို့ ယုံကြည်ကြပါတယ်။
(၁) လူသားတစ်ဦး၏ ခန္ဓာကိုယ် အပေါ်ဆုံးထောင့်က လူရဲ့ခေါင်း၊ ဘေးဘက်ထောင့်နှစ်ခုက ဖြန့်ကားထားသော လက်နှစ်ဖက်နှင့် အောက် ဆုံးထောင့်နှစ်ခုက ခြေထောက်နှစ်ခြောင်း။
(၂) ရုပ်ပိုင်းဆိုင်ရာ အာရုံငါးမျိုး အမြင်အာရုံ၊ အကြားအာရုံ၊ အထိအတွေ့၊ အနံ နှင့် အရသာ။
(၃) သဘာဝအင်အားစုငါးမျိုး စိတ်ဝိဥာဏ်ဓာတ်၊ မီးဓာတ်၊ လေဓာတ်၊ ရေဓာတ် နှင့် မြေဓာတ်။
၁၉ရာစုလောက်က ငါးထောင့်ကြယ် အတည့်ပုံစံဟာ physical elementတွေထက် စိတ်ဝိဥာဏ်မြင့်တက်ခြင်း ဆိုလိုပြီး ငါးထောင့်ကြယ် ဇောက်ထိုးပုံဟာ စိတ်ဝိဥာဏ်ကျဆင်းခြင်းကို ကိုယ်စားပြုတယ်လို့ Golden Dawnလျှို့ဝှက်အဖွဲ့က ကြေငြာခဲ့ပါတယ်။ ဒါဟာ ကြီးမားသော အဓိပ္ပါယ်ကောက်ယူမှု ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် Wiccaဘာသာဝင်တွေဟာ ငါးထောင့်ကြယ် အတည့်ပုံကို သူတို့ရဲ့ သင်္ကေတအဖြစ် အသုံးပြုကြပြီး Satanကိုးကွယ်သူတွေက ငါးထောင့်ကြယ် ဇောက်ထိုးပုံကို သူတို့ရဲ့ သင်္ကေတအဖြစ် အသုံးပြုလာကြပါတယ်။ ဒါကြောင့် ငါးထောင့်ကြယ် အတည့်နဲ့ ဇောက်ထိုးဟာ ဘုရားသခင်နှင့် စေတန်၊ နံနက်ခင်းကြယ်နဲ့ ညနေခင်းကြယ်၊ နေ့နဲ့ည ဟူ၍ သတ်မှတ်ခြင်းခံရပါတော့တယ်။ ငါးထောင့်ကြယ်ဇောက်ထိုးပုံ၏ သြဇာအာဏာသည် ဆိတ်တစ်ကောင်၏ ဦးခေါင်းပုံအဖြစ် ကိုယ်စားပြုသော Satanဖြစ်ပြီး ငါးထောင့်ကြယ် အတည့်ပုံ၏ သြဇာအာဏာသည် ဖျက်ဆီးခြင်းဘေးဒုက္ခမှ ကယ်တင်သူဖြစ်သည်။ငါးထောင့်ကြယ်ကို ဇောက်ထိုးအတိုင်းထားလိုက်ပါက မြင်တွေ့ရမယ့်ပုံစံကတော့ အပေါ်ဆုံးမှ ဦးချိုနှစ်ခု၊ အလယ်မှ နားရွက်နှစ်ဖက်၊ အောက်ဆုံးမှ နှာခေါင်းနှင့် ဆိတ်တစ်ကောင်၏ ဦးခေါင်းပုံကို မြင်ရမှာဖြစ်ပါတယ်။ ဒါကတော့ နတ်ဆိုးတွေရဲ့ သင်္ကေတဖြစ်ပါတယ်။
ဆန့်ကျင်ဘက်ဖြစ်ခြင်း
တစ်ခါတစ်ရံမှာ ငါးထောင့်ကြယ်ဟာ ဆန့်ကျင်ဘက်လက္ခဏာတွေကို ကိုယ်စားပြုပါတယ်။ ယျေဘုယျအားဖြင့် အရာအားလုံးကို အထီနှင့်အမအဖြစ်ခွဲခြားပါတယ်။ ဥပမာ Wiccaတွေက ငါးထောင့်ကြယ်ကို Triple Goddessအဖြစ်လည်းကောင်း၊ Horned Godအဖြစ်လည်းကောင်း ကိုယ်စားပြုသတ်မှတ်ကြပါတယ်။ Triple God အဖြစ် ငါးထောင့်ကြယ်၏ ထောင့်သုံးခုဖြင့် သတ်မှတ်ကြပါတယ်။ Horned God အဖြစ် ငါးထောင့်ကြယ်၏ ထောင့်နှစ်ကို ဦးချို သို့မဟုတ် အဲဒိနတ်ဘုရားရဲ့ အလင်းနှင့် သဘာဝအရ သတ်မှတ်ကြပါတယ်။ စာရေးဆရာ Cornelius Agrippaကတော့ ငါးထောင့်ကြယ်ရဲ့ ထောင့်အရေအတွက် ငါးခုဟာ အထီးနှင့်အမ အဖြစ် ၂ နှင့် ၃ ၏ပေါင်းလဒ်လို့ပြောပါတယ်။ ၂က
မိခင်ကို ကိုယ်စားပြုပြီး ၃က ဖခင်ကို ကိုယ်စားပြုပါတယ်။
ကာကွယ်ခြင်းနှင့် မကောင်းဆိုးရွားများကို နှင်ထုတ်ခြင်း
Pentagramကို များသောအားဖြင့် ကာကွယ်ခြင်း၊
မကောင်းဆိုးရွားများကို နှင်ထုတ်ခြင်းနှင့် မကောင်းသည့်အရာများ၊ တခြားမလိုချင်သည့် စွမ်းအင်များကို အဝေးသို့ရောက်စေရန် အသုံးပြုနိုင်သော သင်္ကေတပဲဖြစ်ပါတယ်။ မှော်အစီအရင်များပြုလုပ်ရာတွင် ငါးထာင့်ကြယ်အား ရေးဆွဲ၍ အလည်တွင် ထိုင်စေကာမူ အကွယ်အကွယ်အဖြစ်အသုံးပြုနိုင်ပါတယ်။ ဆွဲကြိုး လက်စွပ် စသည်တို့ကိုလဲ အဆောင်ပြုလုပ်ပီး အကာအကွယ်အ ဖြစ် အသုံးပြုကြပါတယ်။
ကိုယ်စားပြုဓာတ်သဘော
လက်ဝဲရစ်မှတ်ယူသောအခါ ငါးထောင့်ကြယ်၏
ကိုယ်စားပြုဓာတ်များက spirit, Air, Earth, Fire, Waterဟူ၍မှတ်ယူရသည်။
spirit
- ငါးထောင့်ကြယ်၏ ထိပ်ဆုံးထောင့်နေရာသည် spiritဟုခေါ်သော စိတ်ဝိညဉ်ဓာတ်ကို ကိုယ်စားပြုပါ
တယ်။
- Air
လူ့ခန္ဓာကိုယ်၏ ညာလက်သဖွယ်ဖြစ်သော လေဓာတ် တည်ရှိရာနေရာ ဖြစ်ပါတယ်။ အဝါရောင်ကိုယ်စားပြုပီး အရှေ့အရပ်ကို ကိုယ်စားပြုပါတယ်။ညဏ်ပညာထူးချွန်ခြင်း ညဏ်ကောင်းခြင်း ဆက်သွယ်မှု ပေါ့ပါးမှု စသည် တို့သဘောဆောင်ပါတယ်။
- Earth
လူ့ခန္ဓာကိုယ်၏ ညာခြေသဖွယ်တည်ရှိသော မြေဓာတ်ဖြစ်ပါတယ်။ အစိမ်းရောင်ကိုယ်စားပြုပီး မြောက်အရပ် ကိုယ်စားပြုပါတယ်။ တည်မြဲခြင်း အဟာရဓာတ် ဖွံဖြိုးခြင်းစသည့်သဘောတရား ဆောင်ပါတယ်။
- Fire
လူ့ခန္ဓာကိုယ်၏ ဘယ်ခြေသဖွယ်သဘောဆောင်ပါ
တယ်။ ကိုယ်စားပြုအရောင်ဟာ အနီရောင်ဖြစ်ပီး
တောင်အရပ်ကို ကိုယ်စားပြုပါတယ်။ ညဏ်ကွန့်မြူခြင်း ချစ်စိတ်ပြင်းပြခြင်း ဖန်တီးနိုင်စွမ်း စသည်တို့ကို ကိုယ် စားပြုပါတယ်။
- Water
လူ့ခန္ဓာကိုယ်၏ ဘယ်လက်သဖွယ်ကိုယ်စားပြု ရေ
ဓာတ်ဖြစ်ပါတယ်။ အပြာရောင်ကိုယ်စားပြုပီး
အနောက်အရပ် ကိုယ်စားပြုပါတယ်။ စိတ်ခံစားမှု
ညီညွှတ်မျှတမှု ငြိမ်းချမ်းခြင်းသဘော ဆောင်ပါတယ်။
#NayHtoo