အသုံးပြုသူ:Ashin Vimalabuddhi
🌸🌸🌸’’’ခလောက်ကြည့်ပါ’’’🌸🌸🌸
တစ်ခါတုန်းက
တက္ကသိုလ် ကျောင်းသူလေး တစ်ယောက်က
သူ့အဖွါးဆီမှာ ရတနာကျောက်
၃-လုံးရရှိခဲ့ပါသည်။
မိန်းကလေးသည်
မနက် ကျောင်းသွားခါနီးအချိန်
ကျောင်းက ပြန်လာတဲ့အချိန်ဆိုရင်
အမြဲတမ်း သူ့ကျောက်ကလေး
ရှိမရှိ ဗူးလေးကို ခလောက်ကြည့်ပါသည်။
တစ်နေ့
မိန်းကလေးသည်
သူကျောင်းသွားခါနီး ကျောက်ကလေးကို
ခလောက်ကြည့်တော့
''ကလောက် -ကလောက်''မြည်ကာ
ရှိပါသေးသည်။
ကျောင်းက ပြန်လာတဲ့အချိန်
ခလောက်ကြည့်တော့
အသံမမြည်ဘဲ ဗူးလေးက
ဆွံအနေခဲ့သည်။
မယုံမသင်္ကာလို့
ဗူးလေးကို ယူဖွင့်ကြည့်တော့
သေချာပါသည် ကျောက်ကလေးတွေ
မရှိတော့ပါ။
မိန်းကလေးသည်
ရတနာဗူးခွံလေးကို ကိုင်ကာ
နှမျောတသသဖြင့်
မျက်ရည်စီးကျကာ
ငိုကြွေးနေပါတော့သည်။
အခု---
စာရေးသူတို့ ရင်ထဲမှာလည်း
ဘုရား-တရား-သံဃာ ဟု
အမြတ်ဆုံး ရတနာကျောက်
၃-လုံးရှိပါသည်။
ဒီရတနာကျောက်တွေကို
မပျောက်ပျက်အောင်
မနက်တစ်ကြိမ်
ညနေတစ်ကြိမ်
ခလောက်ကြည့်သင့်ပါသည်။