အသုံးပြုသူ:Ashin Pannajota

ဝီကီပီးဒီးယား မှ

Ashinpannajota

အရှင်ပညာဇောတ ၏ ထေရုပ္ပတ္တိအကျဉ်း

အရှင်ပညာဇောတ အား ဧရာ၀တီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ ညောင်ကျိုးဒေသ၊ သက္ကယ်တန်းအုပ်စု၊ ကျောင်းကုန်းကျေးရွာနေ ခမည်းတော် ဦးခင်မောင်မြင့်+မယ်တော် ဒေါ်စန်းစန်းအေး တို့မှ ၁၃၅၂-ခုနှစ်၊ တော်သလင်းလဆန်း (၄)ရက် (23.8.1990) ၊ကြာသပတေးနေ့တွင် မွေးဖွားသန့်စင်ခဲ့ပါသည်။


ရှင်သာမဏေ ပြုတော်မူခြင်း နှင့် ရဟန်းအဖြစ်သို့ရောက်တော်မူခြင်း

သက်တော် (၁၁) နှစ်အရွယ်ရောက်သော် ဧရာ၀တီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ သက္ကယ်တန်းအုပ်စု၊ ညောင်ကျိုးဒေသ၊ ရဲဘော်ကျွန်းကျေးရွာ၊ သာသန၀ိပုလကာရီကျောင်းတိုက်

ဆရာတော် ဘဒ္ဒန္တ အာစာရ အရှင်သူမြတ်အား ဥပဇ္ဈာယ်ပြု၍ ဘိုးဘွားများဖြစ်ကြသော အလှူဒါယကာ ဦးလှသောင်း+အလှူဒါယိကာမ ဒေါ်မြင့်ကြည် တို့၏ပစ္စယာနုဂ္ဂဟကိုခံယူကာ ရှစ်ဖြာပရိက္ခရာစုံလင်စွာဖြင့် ပဗ္ဗဇ္ဇရှင်သာမဏေအဖြစ်သို့လည်းကောင်း၊

အသက် (၂၀)ပြည့်မြောက်သော် ၄င်းဘိုးဘွားမိဘများထံမှနောက်တစ်ဖန် ပစ္စယာနုဂ္ဂဟထပ်မံခံယူ၍

သာသနာတော်နှစ် ၁၅၅၃၊ ကောဇာသက္ကရာဇ် ၁၃၇၂၊ ဂိမန္တဥတု၊ ကဆုန်လပြည့် (၁၅)ရက်၊ အင်္ဂါနေ့ နံနက် (၉း၀၀ နာရီ၊ ၇ မိနစ်၊ ၃ စက္ကန့်) တွင် ဘုရားကျွန်းကျောင်းဆရာတော် ဆရာတော် ဘဒ္ဒန္တ တေဇိန္ဒအား ဥပဇ္ဈာယ်ပြုကာ ရဲဘော်ကျွန်းကျေးရွာ သာသန၀ိပုလကာရီကျောင်းတိုက် ခန္ဓသိမ်တော်မြတ်၀ယ် မြင့်မြတ်သော ရဟန်းအဖြစ်သို့ရောက်ရှိတော်မူခဲ့ပါသည်။


ပညာသင်ယူခဲ့သော ကျောင်းတိုက်နှင့် အောင်မြင်ခဲ့သော စာမေးပွဲများ

ငယ်ဆရာဖြစ်တော်မူသော ဘဒ္ဒန္တ အာစာရ ရဲဘော်ကျွန်းရွာ သာသန၀ိပုလကာရီကျောင်းဆရာတော်ဘုရားထံ၌ ပရိတ်ကြီး၊ ရှင်ကျင့်၀တ် စသည့်ပရိယတ်အခြေခံစာပေများ စတင်သင်ယူခဲ့သည်၊ ဟင်္သာတမြို့ ရွှေကျောင်းပရိယတ္တိစာသင်တိုက်၊ မြောင်းမြမြို့ ဇေယျမေဒနီစာသင်တိုက်၊ ပဲခူးမြို့ ကြခတ်၀ိုင်းစာသင်တိုက်၊ ပဲခူးမြို့ ပုညကာရီဆုတောင်းပြည့်စာသင်တိုက်၊ နေပြည်တော် မစိုးရိမ်တိုက်သစ်စာသင်တိုက်၊ သာကေတမြို့ အတွင်းပတ္တမြားစာသင်တိုက်တို့၌လည်း ပရိယတ္တိစာပေများကို ဆည်းပူးသင်ကြားခဲ့ပြီး ဟင်္သာတမြို့နယ်လုံးဆိုင်ရာ အခြေပြုမူလတန်းစာမေးပွဲ၊ အစိုးရပထမငယ်၊ပထမလတ်၊ပထမကြီး စာမေးပွဲများနှင့်

ကောဇာသက္ကရာဇ် ၁၃၈၀-ပြည့်နှစ်၊ ခရစ်နှစ်-၂၀၁၉ ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိူင်ငံတော်အစိုးရ မှကြီးမှူးကျင်းပအပ်သော ဓမ္မာစရိယစာမေးပွဲ၌ ရန်ကုန်တိုင်း၊ သာကေတမြို့၊ဟင်္သာတအတွင်းပတ္တမြားစာသင်တိုက်ဆရာတော် ဘဒ္ဒန္တ သီလာနန္ဒ၏ ခွင့်ပြုချက်ဖြင့်၀င်ရောက်ဖြေဆိုပြီး ဓမ္မာစရိယ-ကျမ်းရင်းသုံးကျမ်း ပြီးမြောက်အောင်မြင်သောကြောင့်

သာသနဓဇ ဓမ္မာစရိယ ဘွဲ့တံဆိပ်တော်အား (သက်တော် (၂၉)၊ဝါတော် (၉)ဝါတွင်) လက်ခံရရှိတော်မူခဲ့ပါသည်၊ ယခုအခါ ဒဂုံမြို့သစ်မြောက်ပိုင်း၊ သီတဂူကမ်ဘာ့ဗုဒ္ဓတက္ကသိုလ်၌ ဗုဒ္ဓစာပေများ ဆက်လက်ဆည်းပူးသင်ယူလျှက်ရှိပါသည်။