အသုံးပြုသူ:1987thawzin

ဝီကီပီးဒီးယား မှ
Thaw Zin at the workshop of English Language Teaching Contact Schemes (ELTeCS).
ကျောင်းတွင်း လပတ်အစည်းအေဝး ပြုလုပ်နေစဉ်၌ တွေ့ရသော "သော်ဇင် ".

ကိုယ်ရေးအကျဉ်း[ပြင်ဆင်ရန်]

အမည်ရင်းမှာ သော်ဇင်ဖြစ်ပြီး ၁၉၈၇ ခုနှစ်၊ ဧပြီလ ၁၀ ရက်၊ သောကြာနေ့၌ ရန်ကုန်တိုင်း၊ ချမာဖီ ဆေးရုံကြီးတွင် ဖွားမြင်ခဲ့သည်။ မွေးချင်း အစ်ကိုကြီးတစ်ယောက်ရှိပြီး မိဘများမှာ ဒေါက်တာသိန်းလွင် နှင့် ဒေါ်ခင်ဌေးမြင့်တို့ ဖြစ်ကြသည်။ အဖိုးအဖွားများ အပါအဝင် မိသားစု ၆ ယောက် ရှိကြသည့်အနက် တစ်အိမ်လုံးတွင် အငယ်ဆုံး ဖြစ်သဖြင့် ငယ်စဉ်က အငယ်လေးဟုလည်း ခေါ်ကြသည်။

ပညာရေး[ပြင်ဆင်ရန်]

၁၉၉၂ ခုနှစ်မှ ၁၉၉၆ ခုနှစ် (သူငယ်တန်းမှ တတိယတန်း) အထိ အ.မ.က(၁၀) လှိုင်တွင် သင်ကြားခဲ့၍ ၁၉၉၇ ခုနှစ်မှ ၂၀၀၃ ခုနှစ် (စတုတ္ထတန်းမှ အထက်တန်း) အထိ အ.ထ.က(၂) ကမာရွတ် (St. Augustine) ကျောင်းတွင် ပညာသင်ကြားခဲ့ပြီး ၂၀၀၃ ခုနှစ်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဖြေဆိုအောင်မြင်ခဲ့သည်။

အထက်တန်း အောင်ပြီးသည့်နောက် ငယ်စဉ်ကဝါသနာ ပါခဲ့သည့်အတိုင်း ရန်ကုန်နည်းပညာတက္ကသိုလ်သို့ လျှောက်ထားတက်ရောက်ခဲ့သော်လည်း ဖခင်ဖြစ်သူက ၄င်းကဲ့သို့ ပညာရေးလော၌ ကျင်လည်ရမည်ဟူသော တစ်ချက်လွတ်မိန့်ဆိုချက်ဖြင့် နည်းပညာတက္ကသိုလ်၌ တက်ရောက်ပြီး တစ်လအကြာတွင်ပင် ကျောင်းမှထွက်ကာ ဒဂုံတက္ကသိုလ် အင်္ဂလိပ်စာအထူးပြုဌာန သို့ ပြောင်းရွှေ့ ပညာသင်ကြားခဲ့ရသည်။

၂၀၀၆ ခုနှစ်တွင် BA (English) အောင်မြင်ပြီးနောက် ထိုင်းနိုင်ငံချင်းမိုင်မြို့သို့ လာရောက်ကာေဝဖန်ပိုင်းခြား စဉ်းစားနိုင်ရန်အတွက် စာရေးခြင်းနှင့် စာဖတ်ခြင်း (Reading and Writing for Critical Thinking) ဆရာအတတ်သင် သင်တန်း တက်ရောက်ခဲ့သည်။ သင်တန်းပြီးဆုံးသောအခါ ရန်ကုန်သို့ပြန်၍ Silta Lumbini အမည်ရှိ ကလေးများအတွက် ဖွင့်လှစ်သော နိုင်ငံတကာ အင်္ဂလိပ်စာသင်တန်းကျောင်းတွင် လက်ထောက် အင်္ဂလိပ်စာဆရာ အဖြစ် လုပ်ကိုင်ခဲ့သည်။

အသက်မွေးဝမ်းကျောင်း[ပြင်ဆင်ရန်]

အထက်တန်းအောင်မြင်ပြီးသည့်နောက်တွင် ကိုးတန်းနှင့် ဆယ်တန်းကျောင်းသားများအတွက် အနီးကပ်ကျူရှင်ဆရာအဖြစ် ရပ်တည်ခဲ့သည်။ တစ်ဖက်တစ်လမ်းမှလည်း မိမိဝါသနာပါသည့် ကွန်ပျူတာ စက်ပစ္စည်းပြင်သည့်အလုပ် (Hardware Techniques) ဖြင့် အသက်မွေးခဲ့သည်။ ငွေကြေးအခက်အခဲများကြောင့် မိမိကိုယ်ပိုင် ဆိုင် မဖွင့်နိုင်ခဲ့ပဲ သူငယ်ချင်းများနှင့် အစုစပ်ဆိုင်လေးတစ်ဆိုင်၌သာ ပူးပေါင်း လုပ်ကိုင်ခွင့်ရခဲ့သည်။

ထိုင်းနိုင်ငံသို့ ၂၀၀၉ ခုနှစ်တွင် ပြန်လည်ရောက်ရှိခဲ့ပြီးသည့်နောက်ပိုင်း ဘန်ကောက်မြို့ရှိ ABAC တက္ကသိုလ်တွင် ကွန်ပျုတာသိပ္ပံဘာသာရပ် ဖြင့် ကျောင်းလျှောက်ထားရာ တက်ရောက်ခွင့် ရရှိသော်လည်း ငွေကြေးမတတ်နိုင်ခြင်းကြောင့် ကျောင်းမတက်နိုင်ခဲ့ပဲ ပြင်ပ အင်္ဂလိပ်စာ ဘာသာပြန်လုပ်ငန်းဖြင့် အသက်မွေးနေထိုင်လျက်ရှိသည်။