မာတိကာသို့ ခုန်သွားရန်

အသုံးပြုသူ:ကိုဝေဖြိုး

ဝီကီပီးဒီးယား မှ

ကမန် အမျိုးသား ဗိုလ်မှူးကြီး ကျော်ခင်

အရိုးနှင့်အကြောအထူးကုသမားတော်ကြီး

ဦးဆောင်ညွုန်ကြားရေးမှူး ကုန်သွယ်ရေး

ဒုတိယ ဗိုလ်မှူးကြီးကျော်ခင်ကို အခွန်ဝန် ဦးကျော်နှင့်

ဒေါ်စောတင်တို့မှ ၁၉၁၉ ခုနှစ် ဖေဖော်ဝါရီလ (၁၈)ရက်နေ့

တွင်စစ်တွေမြို့၌ ဖွားမြင်သည် ငယ်စဉ်ကပင်

ထူးချွန်ထက်မြက်၍ ပညာတော်သဖြင့်

ဆေးတက္ကသိုလ်တက်ရောက် ပညာသင်ကြားခဲ့ရာ

ဆရာဝန်တစ်ဦးဖြစ်လာခဲ့သည်၊

တစ်ဆက်တည်းပင် မြန့်မာ့တပ်မတော်သို့ ဝင်ရောက်

အမှူထမ်းခဲ့ပြီး ရာထူးအဆင့်ဆင့် တိုးမြှင့်ခန့်ထားခြင်း

ခံရကာ အကြောအရိုးခွဲစိတ် အထူးကုဆရာဝန်ကြီးအဖြစ်

ထင်ရှားခဲ့သူ ကမန်အမျိုးသား အကျော်မော်တစ်ဦး

ဖြစ်သည်။

တပ်မတော်ဆေးတပ်တွင် တာဝန်ထမ်းဆောင်နေစဉ်

ကိုလံဘို စီမံကိန်း ပညာသင်ဆုချီးမြှင့်ခြင်းခံရပြီး

၁၉၇၀ ပြည့်နှစ်တွင် အရိုးနှင့်ခွဲစိတ်ပါရဂူဘွဲ့သင်ကြား

ရန်အင်္ဂလန်နိုင်ငံ oxford တက္ကသိုလ်သို့တက်ရောက်ခွင့်

ရခဲ့သည်၊ ထို့နောက်တစ်ဆက်တည်းတွင် မြန်မာ

တပ်မတော်ဆေးတပ်တွင် အရိုးအထူးကုဆရာဝန်ကြီး

ဒု ဗိုလ်မှူးကြီးအဖြစ် တာဝန်ထမ်းဆောင်လာခဲ့ရာ

၁၉၈၅ ခုနှစ် ဇွန်လ (၉)ရက်နေ့တွင် တပ်မတော်မှ

အငြိမ်းစားယူပြီးနောက် ကုန်သွယ်ရေး (၁၀)တွင်

ဦးဆောင်ညွုန်ကြားရေးမှူးအဖြစ်ဆောင်ရွက်ရန်

တာဝန်ပေးအပ်ခြင်းခံခဲ့ရ၏  ကုန်သွယ်ရေး(၁၀)၌

အတန်ကြာ တာဝန်ထမ်းဆောင်ပြီးနောက်တစ်ဖန်

ယင်းဋ္ဌာန၏ အထူးအကြံပေးအရာရှိနှင့် j.v.c(7)၏

အုပ်ချုပ်မှူ ဒါရိုက်တာအဖြစ် ပူးတွဲတာဝန်ထမိးဆောင်ခဲ့

ရပြန်သည် ထိုကဲ့သို့ နိုင်ငံတော်မှပေးအပ်သော

အလုပ်တာဝန်များမှ အနားယူနေစဉ်အတွင်း

အသက် ၆၈နှစ်အရွယ် ၁၉၉၇ ခုနှစ် စက်တင်ဘာလ

၁ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်သွားခဲ့သည်။