အသုဘဆယ်ပါး

ဝီကီပီးဒီးယား မှ

အသုဘ ၁၀-ပါး။ မတင့်မတယ် ရွံစဖွယ်ဖြစ်သော နိမိတ်အာရုံ ကမ္မဋ္ဌာန်းဆယ်ပါးဟူ၏။

  • (၁) ဥဒ္ဓုမာတက − ဖူးဖူးရောင်ထ မလှရုပ်သွင် အမြင်ဆိုးဝါးသောအကောင်ပုပ် (သေသည်မှအထက် ၂ ရက် ၃ ရက် ကူးသဖြင့် ဖူးဖူးရောင်ပုတ်၊ စက်ဆုပ်ဘွယ်ရာ၊ မသာလောင်း)
  • (၂) ဝိနီလက − ဖောက်ပြန်ညိုပုပ် စက်ဆုပ် ရွံရှာဖွယ်ကောင်းသော အကောင်ပုပ် (အသားများရာ၌နီ၊ ပြည်စုရာ၌ဖြူ၊ အဖြူအနီရောလျှက် ညိုမဲပုတ်၍ စက်ဆုပ်ဘွယ်ရာ မသာလောင်း)
  • (၃) ဝိပုဗ္ဗက − ယိုစီးလိမ်းကျံသော ပြည်ပုပ်တို့ဖြင့် စက်ဆုပ်ဖွယ်အကောင်ပုပ် (ပြည်တစိုစို၊ ပေါက်ကွဲယိုလျက် စက်ဆုတ်ဘွယ်ရာ မသာလောင်း)
  • (၄) ဝိစ္ဆိဒ္ဒက − နှစ်ပိုင်းပြတ်နေသော စက်ဆုပ်ဖွယ် အကောင်ပုပ် (အထက်ပိုင်း အောက်ပိုင်း အဖြတ်ခံထားရသည့် စက်ဆုတ်ဘွယ်ရာ မသာလောင်း)
  • (၅) ဝိက္ခာယိတက − အထူးထူးအပြားပြား ကျီး၊ ခွေးတို့စား၍ စက်ဆုပ်ဖွယ်သော အကောင်ပုပ် (ခွေး၊ လင်းတ၊ ကျီး အသီးသီးတို့ နည်းမျိုးစုံပြား ဖုံဖုံအားဖြင့် ခဲစားအပ်လျက် စက်ဆုပ်ဘွယ်ရာ မသာလောင်း)
  • (၆) ဝိက္ခိတ္တက − အထူးထူးအပိုင်းပိုင်းအားဖြင့် ပြစ်လွှင့်ချထားအပ်သော စက်ဆုပ်ဖွယ်သော အကောင်ပုပ် (လက်၊ ခြေ၊ ခေါင်း၊ ကိုယ် ဖရိုဖရဲဖြင့် လွှင့်ပစ်ထားသော မသာလောင်း)
  • (၇) ဟတဝိက္ခိတ္တက − လက်နက်ဖြင့် ပိုင်းဖြတ်အပ် ပစ်လွှင့်အပ်သော စက်ဆုပ်ဖွယ်အကောင်ပုပ် (ဒါးလှံစသည့် လက်နက်တို့ဖြင့် အစိတ်စိတ် အမြွှာမြွှာနေအောင် ညှဉ်းပန်းနှိပ်စက်ခံထားရသည့် မသာလောင်း)
  • (၈) လောဟိတက − သွေးအလိမ်းလိမ်း ပေကျံစက်ဆုပ်အပ်သော အကောင်ပုပ် (သွေးများယိုထွက် တကိုယ်လုံးသွေးများဖြင့် လိမ်းကျံနေသော မသာလောင်း)
  • (၉) ပုဠုဝက − ပိုးလောက်ပြည့်လျှံ အော့အန်ဖွယ်ဖြစ်သော အကောင်ပုပ်
  • (၁၀) အဋ္ဌိက − စက်ဆုပ်ဖွယ်ရာအရိုးစုသာဖြစ်သော အကောင်ပုပ်။ [၁]


[၂]

ကိုးကား[ပြင်ဆင်ရန်]

  1. ဖျာပုံတိုက်သစ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အရှင်ဩဘာသာဘိဝံသ ရေးသားသော သုတေသန သရုပ်ပြအဘိဓာန်ကျမ်း
  2. အခြေပြုသင်္ဂြိုဟ် (အရှင်ဇနကာဘိဝံသ)