အသလိဿနက္ခတ်
ပုံပန်းသွင်ပြင်
ရာဇမတ္တဏ်ကျမ်း၌ “အသိလိသော ဘုဇဂေါစ” အစချီလျက် မြွေ ဟူ၍ အဓိပ္ပာယ်ရသည့် အသလိဿနက္ခတ် ပရိယာယ် (၁၅)ပါး ပြဆိုပါသည်။ အဘိဓာန်ဋီကာကလည်း “ဘူဇင်္ဂသဒိသတ္တာ၊ မြွေနှင့်တူသည်၏ အဖြစ်ကြောင့်။ နသိလိဿတေနအာလိဂျတေ၊ မကပ်အပ် မထိပါးအပ်။ ဣတိ၊ ထို့ကြောင့်။ အသိလိသော၊ အသလိဿနက္ခတ် မည်၏” ဟူ၍ ပြဆိုပါသည်။
အသလိဿနက္ခတ်၏ လုံးရေသင်္ချာနှင့် အဆင်းသဏ္ဌာန်ကို ကျမ်းအသီးသီးက အောက်ပါအတိုင်း ပြဆိုပါသည်။
- -သေနင်္ဂဗျူဟာကျမ်း (၄) လုံး၊ သဏ္ဌာန်မပါ
- -ပေါတ္တရသာဒိကျမ်း (၄) လုံး၊ ပေါက်တူးရိုး သဏ္ဌာန်
- -ဂြဟသျှန္တိကျမ်း (၄) လုံး၊ ထယ်သွား သဏ္ဌာန်
- -လဃုသင်္ဂြဟကျမ်း (၅) လုံး၊ စစ်လက်နက် သဏ္ဌာန်
- -အာကာသသျှတ္တရကျမ်း (၄) လုံး၊ ခက်ရင်း သဏ္ဍာန်
- -သိင်္ဃ-ဗောဓကျမ်း (၆) လုံး၊ သဏ္ဌာန်မပါ
- -ကပ္ပဝဏ္ဏနာကျမ်း (၅) လုံး၊ ခက်ရင်းခွ သဏ္ဌာန်
- -ပုရပိုက်ဖြူတော် (၄) လုံး၊ ခြင်းအင်္ဂါဇာတ်သဏ္ဌာန်
ထိုနတ်က္ခကို ဖဏိမည်သော မြွေနတ်မင်း ́ အစိုးရကြောင်း ရာဇမတ္တဏ်ကျမ်းက ပြဆိုပါသည်။ [၁]
ကိုးကား
[ပြင်ဆင်ရန်]- ↑ နက္ခတ်တာရာသိမှတ်စရာ အာကာသသျှတ္တရကျမ်း၊ အရှင်အာလောက (မုံရွာ)