အသနဗောဓိယ
အရှင်အသနဗောဓိယထေရ် သည် မြတ်စွာဘုရား၏ သာသနာတော်ရှိ ရဟန်းတစ်ပါး ဖြစ်သည်။[၁]
ဘဝဇာတ်ကြောင်း
[ပြင်ဆင်ရန်]တိဿမြတ်စွာဘုရားလက်ထက်
[ပြင်ဆင်ရန်]တိဿမြတ်စွာဘုရားလက်ထက်တွင် ဖြစ်၏။ အရှင်အသနဗောဓိယထေရ် သည် ခုနစ်နှစ်သား အရွယ်တွင် မြတ်စွာဘုရားအား ဖူးမြင်ခဲ့၏။ ထို့နောက် ပိတောက်ဗောဓိပင်ကို စိုက်ပျိုးခဲ့၏။ ထိုပိတောက်ဗောဓိပင်ကို ငါးနှစ်လုံးလုံး ပြုစုခဲ့၏။ ထိုဗောဓိပင်သည် ကြက်သီးမွေးညင်းထလောက်အောင် ပင်လုံးကျွတ် အပွင့်များ ပွင့်လျက်ရှိ၏။ ထိုအဖြစ်ကို အရှင်အသနဗောဓိယထေရ် သည် မြတ်စွာဘုရားအား လျှောက်ထား၏။[၁]
အကျိုးခံစားရခြင်း
[ပြင်ဆင်ရန်]ထိုအခါ မြတ်စွာဘုရားသည် “အာယုကပ် သုံးဆယ်တို့ပတ်လုံး နတ်မင်းအဖြစ်ကို ရလတ္တံ့၊ စကြဝတေးမင်း ခြောက်ဆယ့်လေးကြိမ် ဖြစ်လတ္တံ့။ တုသိတာနတ်ပြည်မှ စုတေသောအခါ လူဖြစ်လတ္တံ့၊ ထိုလူသည် ကမ္မဋ္ဌာန်းစီးဖြန်းအားထုတ်ကာ ပရိနိဗ္ဗာန်ပြုရလတ္တံ့” ဟု ဗျာဒိတ်စကား ပြောကြား၏။
ဤဘဒ္ဒကမ္ဘာမှ ခုနစ်ဆယ့်လေးကမ္ဘာထက်တွင် “ဒဏ္ဍသေန” အမည်ဖြင့် ရတနာခုနစ်ပါးဖြင့် ပြည့်စုံသော စကြဝတေးမင်း ဖြစ်ခဲ့၏။ ခုနစ်ဆယ့်သုံးကမ္ဘာထက်တွင် “သမန္တနေမိ” အမည်ြဖင့် ရေမြေကို အစိုးရသော စကြဝတေးမင်း ခုနစ်ကြိမ် ဖြစ်ခဲ့၏။ နှစ်ဆယ့်ငါးကမ္ဘာထက်တွင် ရတနာခုနစ်ပါးနှင့် ပြည်စုံကာ များစွာသော ဗိုလ်ပါအင်အားရှိသည့် “ပုဏ္ဏက” မည်သော စကြဝတေးမင်း ဖြစ်ခဲ့၏။ အရှင်အသနဗောဓိယထေရ် သည် ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်နှစ်ကမ္ဘာထက်တွင် ပိတောက်ဗောဓိပင်ကို စိုက်ခဲ့သည့်အချိန်မှစကာ အပါယ်လေးဘုံသို မရောက်ခဲ့ရပေ။[၁]
ဂေါတမမြတ်စွာဘုရားထက်ထက်
[ပြင်ဆင်ရန်]နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်တွင် အရှင်အသနဗောဓိယထေရ် အဖြစ်ဖြင့် အာသဝေါကုန်ခမ်း ရဟန္တာ ဖြစ်တော်မူ၏။[၁]