အလုပ်သမား အစည်းအရုံး ညီလာခံ (တတိယအကြိမ်)

ဝီကီပီးဒီးယား မှ

၁၉၆၄ ခုနှစ် ပြည်သူ့အလုပ်သမားများ၏ အခြေခံရပိုင်ခွင့်နှင့် တာဝန်များ ပြဋ္ဌာန်းသည့်ဥပဒေအရ ၁၉၆၈ ခုနှစ်တွင် ပြည်သူ့ အလပ်သမားကောင်စီ အဆင့်ဆင့်ပေါ်ပေါက်လာသည်။ တဖန် ၁၉၇၇ ခုနှစ်တွင် ဆိုရှယ်လစ် ဒီမိုကရေစီ အဆောက်အအုံနှင့် လျော်ညီစွာ အလုပ်သမားကောင်စီ အဆင့်ဆင့်ကို အလုပ်သမား အစည်းအရုံးအဖြစ် ပြောင်းလဲဖွဲ့စည်း ထူထောင်ခဲ့သည်။

အလုပ်သမားအစညး်အရုံး ညီလာခံများကို အလုပ်သမား အစည်းအရုံး ဖွဲ့စည်းပုံ အခြေခံစည်းမျဉ်း လုပ်ထုံးလုပ်နည်းများ နှင့်အညီ လေးနှစ်တစ်0x100ကိမ်ကျင်းပခဲ့ရာ တတိယအ0x100ကိမ် အလုပ် သမားအစညး်အရုံး ညီလာခံကို ၁၉၈၅ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့မှ ၁၂ ရက်နေ့အထိ ရန်ကုန်မြို့ ကျိုက0x033ဆံကွင်းရှိ ဆရာ စံခန်းမ၌ အောင်မြင်စွာကျင်းပခဲ့သည်။

ညီလာခံအ0x100ကိုနေ့ဖြစ်သော ဒီဇင်ဘာလ ၇ ရက်နေ့တွင် မြို့နယ်များအတွင်းရှိ အခြေခံအလုပ်သမား အစည်းအရုံးများမှ အလုပ်သမားများက မိမိတို့ ကာယ ဉာာဏစွမ်းအားဖြင့် လုပ် အားပေးကာ ရှာဖွေခဲ့0x100ကသည့် လုပ်အားပေးရန်ပုံငွေ ပေးအပ် ပွဲကို ကျုင်းပသည်။ တတိယအ0x100ကိမ် အလုပ်သမားအစညး်အရုံး ညီလာခံတွင် ပေးအပ်ခဲ့0x100ကသည့် လုပ်အားပေးရန်ပုံငွေ စုစု ပေါင်းမှာ ၁၇၅၇၃၄၂ ကျပ် ၇၆ ပြား ဖြစ်သည်။

တတိယအ0x100ကိမ် အလုပ်သမား အစည်းအရုံး ညီလာခံတွင် ဗဟိုဦးစီးအဖွဲ့ဝင် ၂၅ဝ ဦး ရွေးချယ်တင်မြေ|ာက်ခဲ့ရာ ဗဟို အလုပ်မှုဆောင် ကော်မတီဝင်မှာ ၃၅ ဦးဖြစ်သည်။ ယင်းဗဟို အလုပ်အမှုဆောင် ကော်မတီ ဝင် ၃၅ ဦးအနက် အလုပ်သမား အစည်းအရုံး ဗဟိုဦးစီးအဖွဲ့ ဥက0x033ဋ္ဌအဖြစ် ဦးအုံးကျော်၊ ဒုတိယ ဥက0x033ဋ္ဌများအဖြစ် ဦးဘငြိမ်းနှင့် ဦး0x100ကည်သိန်း၊ အတွင်းရေးမှူး အဖြစ် ဦးညွန့်သိမ်း၊ တွဲဖက်အတွင်းရေးမှူးများ အဖြစ် ဦးဘထွေး နှင့် ဦးညွန့်လွင်တို့အား ရွေးချယ်တင်မြောက်0x100ကသည်။

ဗဟိုအလုပ်မှုဆောင် ကော်မတီဝင်(အချိန်ပြည့်) ၁၉ ဦး အဖြစ် ဦးထွန်းရှိန်၊ ဦးသာထွန်းအောင်၊ ဦးတင်အေး၊ ဦးမြ အောင်၊ ဦးသာနိုး၊ ဒေါ်မြင့်မြင့်ဆွေ၊ ဦးခင်စိုး၊ ဦးအောင်ခင်၊ ဦးမင်းဇင်၊ ဦးသန်းစိုးလေး၊ ဦးလကွယ်တူး၊ ဒေါ်တင်ရီ၊ ဦးဘတူး၊ ဦးအောင်ဝင်း၊ ဗိုလ်မှူးအောင်0x100ကည်၊ ဦးမျိုးဆွေ၊ ဦးမင်းအောင်၊ ဦးဝင်းဖေနှင့် ဦးလှမြင့်တို့အား ရွေးချယ်တင် မြေ|ာက်0x100ကသည်။

ဗဟိုအလုပ်မှုဆောင် ကော်မတီဝင်(အချိန်ပိုင်း) ၁ဝ ဦး အဖြစ် ဒေါက်တာ မောင်ရှိန်၊ ဦးတင်ထွန်း၊ ဦးသိန်းမြင့်၊ ဦးသန်းညွန့်၊ ဦးကျင်လှိုင်၊ ဦးမျိုးမြင့်၊ ဗိုလ်မှူး0x100ကီးတင်0x100ကီး၊ ဦးပေါ်ခန်သန်း၊ ဦးတင်လှနှင့် ဦးမြမောင်တို့အား ရွေးချယ်တင် မြေ|ာက်0x100ကသည်။

တတိယအ0x100ကိမ် အလုပ်သမားအစညး်အရုံး ညီလာခံက ချမှတ်ပေးလိုက်သော ရှေ့လုပ်ငန်းစဉ်များမှာ စည်းရုံးရေးဆိုင်ရာ ရှေ့လုပ်ငန်းစဉ် သုံးရပ်၊ စည်းကမ်းထိန်းသိမ်းစောင့်ရှောက်ရေး ဆိုင်ရာ ရှေ့လုပ်ငန်းစဉ် နှစ်ရပ်၊ ကုန်ထုတ်လုပ်မှု တိုးတက်ရေး ဆိုင်ရာ ရှေ့လုပ်ငန်းစဉ် လေးရပ်နှင့် ရပိုင်ခွင့်နှင့် သက်သာ ချောင်ချိရေးဆိုင်ရာ ရှေ့လုပ်ငန်းစဉ်သုံးရပ် အပါအဝင် ရှေ့လုပ် ငန်းစဉ် ၁၂ ရပ်ဖြစ်သည်။

စည်းရုံးရေးဆိုင်ရာ ရှေ့လုပ်ငန်းစဉ် သုံးရပ်မှာ- - အလုပ်သမား အစညး်အရုံး အဆင့်ဆင့်ဖွဲ့စည်းမှု ခိုင်မာ ကျယ်ပြန့်ရေးအတွက် ဆက်လက်ဆောင်ရွက်ရန်၊ - အလုပ်သမား အစည်းအရုံးအဆင့်ဆင့်၏ ဦးဆောင်မှုအခန်း မြင့်မားရေးအတွက် ဆက်လက်ဆောင်ရွက်ရန်၊ - မိမိကိုယ်ပိုင် ရန်ပုံငွေဖြင့် ရပ်တည်နိုင်ရေးအတွက် အစည်း အရုံးအဆင့်ဆင့်က ဆက်လက်ဆောင်ရွက် ရန်တို့ဖြစ်သည်။

စည်းကမ်းထိန်းသိမ်း စောင့်ရှောက်ရေးဆိုင်ရာ ရှေ့လုပ်ငန်း စဉ်နှစ်ရပ်မှာ-

- အလုပ်သမားများ၏ စည်းကမ်းလိုက်နာမှု ပိုမိုကောင်းမွန် ရေးအတွက် ဆောင်ရွက်ရန်နှင့် - တည်ဆဲ အလုပ်သမားရေးရာ ဥပဒေနှင့် နည်းဥပဒေများကို ဆိုရှယ်လစ် အနှစ်သာရနှင့်အညီ ဖြစ်စေ ရေးအတွက် ဆက်လက် ဆောင်ရွက်ရန်တို့ ဖြစ်သည်။

ကုန်ထုတ်လုပ်မှုဆိုင်ရာ ရှေ့လုပ်ငန်းစဉ် လေးရပ်မှာ-

- ပဥ0x038မလေးနှစ် စီးပွားရေး စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အလုပ်သမားများ တက်0x100ကွစွာ ပါဝင်ရေး အတွက် အလုပ်သမား အစည်းအရုံးအဆင့်ဆင့်က စည်းရုံး ဆောင်ရွက်ရန်၊ - လေလွှင့်မှုများ၊ ပျက်စီးဆုံးရှုံးမှုများ လျော့နည်းပပျောက်ရေး နှင့် စွန့်ပစ0x038ည်းများ အသုံးချရေးကို တိုးချဲ့ဆောင်ရွက်ရန်၊ - စက်စွမ်းအားပြည့် ထုတ်လုပ်နိုင်ရန်အတွက် စက်များသန့် ရှင်းရေး၊ ပြုပြင်ရေး၊ ထိန်းသိမ်းရေးနှင့် 0x100ကံ့ခိုင်ရေးလုပ်ငန်း များတွင် အလုပ်သမားများက တာဝန်သိသိ ပါဝင်ရေး အတွက် စညး်ရုံးဆောင်ရွက်ရန်၊ - သယ်ယူ ပို့ဆောင်ရေးလုပ်ငန်းများတွင် အလုပ်သမားများက တာဝန်ကျေပြွန်စွာ ဆောင်ရွက်ရေးအတွက် အစည်းအရုံး အဆင့်ဆင့်က ဆက်လက်0x100ကိုးပမ်းရန်တို့ ဖြစ်သည်။

ရပိုင်ခွင့်နှင့် သက်သာချောင်ချိရေးဆိုင်ရာ ရှေ့လုပ်ငန်း စဉ်သုံးရပ်မှာ-

- အလုပ်သမားများ၏ ဥပဒေပါ ရပိုင်ခွင့်များထိရောက်စွာ ရရှိခံစားနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်ရန်၊ - အလုပ်သမားများ၏ လုပ်ငန်းခွင် ဘေးအ0x1150x048ရာယ်ကင်းရှင်းရေး နှင့် ကျန်းမာရေးလုပ်ငန်းများကို ကျယ်ပြန့်စွာ အကောင် အထည်ဖော်လာနိုင်ရေးအတွက် ဆက်လက်ဆောင်ရွက်ရန်၊ - အလုပ်သမား သက်သာချောင်ချိရေးအဖွဲ့များ ရှင်သန်တိုးတက် ရေးအတွက် အစည်းအရုံး အဆင့်ဆင့်က ဆက်လက်စည်းရုံး အကောင်အထည်ဖော်ရန်တို့ဖြစ်သည်။

တတိယအ0x100ကိမ် အလုပ်သမား အစည်းအရုံးညီလာခံ ကျင်းပချိန်အထိ မြို့နယ်အလုပ်သမား အစညး်အရုံးပေါင်း ၂၇၃ မြို့နယ်၊ မြို့နယ်အလုပ်သမား စည်းရုံးရေးကော်မတီ ၂၄ ခု၊ အခြေခံဌာနခွဲပေါင်း ၅၆၅၁၈ ခု၊ အခြေခံအလုပ်သမား စည်း ရုံးရေးကော်မတီ ၁၈ ခု၊ အခြေခံအလုပ်သမား အစည်းအရုံး ပေါင်း ၁ဝ၅၁၈ ခုနှင့် အစညး်အရုံးဝင်ပေါင်း ၁၈၄၅၁၈၂ ဦး ရှိခဲ့ပြီ ဖြစ်ပေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၄)