အလိုဟာ

ဝီကီပီးဒီးယား မှ

အလိုဟာ (Aloha) ဆိုသည်မှာ ကွန်ပျူတာ ကွန်ယက်စနစ် များတွင် အစောဆုံး အသုံးပြုခဲ့သော နည်းစနစ် တစ်ခု ဖြစ်ပြီး ဟာဝိုင်ယီ တက္ကသိုလ် မှ တီထွင်ခဲ့ခြင်း ဖြစ်သည်။ အလိုဟာ နည်းလမ်းဖြင့် တည်ဆောက်ထားသော ကွန်ပျူတာ ကွန်ယက်သည် ၁၉၇၁ ခုနှစ် ဇွန်လတွင် စတင် အသက်ဝင်ခဲ့ပြီး ပထမဆုံး ကွန်ပျူတာ ကွန်ယက် နှင့် ပထမဆုံး ကြိုးမဲ့ကွန်ယက် ဖြစ်သည်။ အလိုဟာဆိုသည့် အဓိပ္ပာယ်မှာ ဟာဝိုင်အီကျွန်းစုတွင် တစ်ဦးနှင့်တစ်ဦး နှုတ်ဆက်သည့်အခါ Hello(ဟလို)ကို အလိုဟာ ခေါ်ဆိုကြပြီး အလိုဟာမှာ Hello ဟုပြောသည့် အဓိပ္ပာယ်ဖြစ်သည်။

အလိုဟာ ကွန်ယက်သည် အလိုဟာ ကြားခံနယ်မြေ အသုံးပြုနည်းလမ်း ဟုခေါ်သည့် စတေရှင်များ ကျပန်း အချိန်တွင် ကြားခံနယ်ကို ရယူသုံးစွဲသည့် နည်းလမ်းကို အသုံးပြုထားပြီး ယူအိက်ဖ်အက်ဖ် (UHF) ဟု ခေါ်သည့် အလွန်ကြိမ်နှုန်းမြင့်သည့် လျှပ်စစ်သံလိုက်လှိုင်းများကို သုံးစွဲထားကြခြင်း ဖြစ်သည်။

ကြိုးမဲ့ကွန်ယက် အဖြစ် တည်ဆောက်ရသည့် အကြောင်းရင်းမှာ ဟာဝိုင်ယီ တက္ကသိုလ်သည် ကျွန်းပေါ်တွင် တည်ရှိခြင်း ဖြစ်ပြီး အနီးနား တစ်ဝိုက်ရှိ ကျွန်းများတွင် ရှိနေသော ကွန်ပျူတာများနှင့် ကွန်ယက်ကို အသုံးပြု၍ ဆက်သွယ်နိုင်ရန် ရည်ရွယ်တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။