အလန် ဝတ်သ်ဟိုင်းမား
အလန် ဝတ်သ်ဟိုင်းမား (၁၉၄၉ ခုနှစ်ဖွား)သည် သူ့အစ်ကိုဖြစ်သူ ဂျရတ် နှင့်အတူ House of Chanel ၏ ရင်းနှီးမြှုပ်နှံမှုများကို ထိန်းချုပ်ထားသူ ပြင်သစ်အခြေစိုက် ဂျူး-ပြင်သစ်လူမျိုး စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည်။ Jacques Wertheimer နှင့် Eliane Fischer တို့၏ သားဖြစ်ပြီး Chanel စီးပွားရေးလုပ်ငန်းများကို တည်ထောင်ခဲ့သူ Pierre ၏ မြေးဖြစ်သည်။
တစ်ဦးထဲပိုင် House of Chanel ကို ထိုနာမည်ဖြင့်မဟုတ်ဘဲ Eres Lingerie၊ Tanner Krolle မြင်းကုန်းနှီးနှင့် လယ်သာထုတ်ကုန်များ လုပ်ငန်း၊ Holland &Holland စသည့်အမည်များဖြင့် လုပ်ငန်းများစွာကိုပိုင်ဆိုင်သော အလန် ဝတ်သ်ဟိုင်းမား က စီမံလုပ်ကိုင်နေခြင်းဖြစ်သည်။
ပြင်သစ်တွင် ရုံးထိုင်ကာ Wertheimer ညီအစ်ကိုတို့သည် oenophiles ၏ အထင်ကရ ဝေဖန်ရေးဆုများကို ရထားသော Margaux ရှိ Rauzan-Segla ကဲ့သို့သော စပျစ်ခြံများ၊ Saint-Emilion ရှိ Chate au Canon တို့ကိုပိုင်ဆိုင်ထားသည်။
ညီအစ်ကို နှစ်ယောက်စလုံးပင် မြင်းစီးရာတွင် စိတ်အားထက်သန်ကြပြီး La Presle Farm ဟုအမည်ပေးထားသော အရေးကြီးသည့် မျိုးကောင်းမျိုးသန့်မြင်းများအတွက် ပြိုင်ပွဲဝင် မြင်းကွင်းမြင်းဇောင်းများကို ဖွင့်လှစ်လုပ်ဆောင်ထားသည့် အပြင် အမေရိကန်ပြည်ထောင်စုတွင် ပြိုင်ပွဲများပြုလုပ်ရန်အတွက် Wertheimer Farm နှင့် ပြင်သစ်ပြည်အတွက် Wertheimer et Frere တွဲဖက်လုပ်ငန်းဟု ပြုလုပ်ထားသေးသည်။
အရင်းမြစ်များ
[ပြင်ဆင်ရန်]- Forbes.com Wertheimer, Alain & Gerard 19 August 2010 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .
- Forbes.com: Forbes World's Richest People 22 May 2011 ၌ မော်ကွန်းပြန်ကြည့်စက်တွင် မော်ကွန်းတင်ပြီး .