အလစ်သုတ်ခြင်း
ဤ ဆောင်းပါးသည် မည်သည့် ကျမ်းညွှန်း (သို့) အကိုးအကား ကိုမှ ရည်ညွှန်းထားခြင်းမရှိပေ။ |
အလစ်သုတ်ခြင်း သည် ရာဇဝတ်မှုမြောက်သော လုပ်ဆောင်ချက်တမျိုးဖြစ်ပြီး အရှေ့တောင်အာရှ၊ တောင်အမေရိကနှင့် ဥရောပတောင်ပိုင်းတို့တွင် အဖြစ်များသည်။ လမ်းသွားလမ်းလာများ၏ ပုဂ္ဂလပိုင်တို့အား လုပြေးသည့်နည်းဖြင့် အဓမ္မခိုးယူခြင်းတည်း။
ပုံမှန်အားဖြင့် ခိုးသား ၂ ယောက်တို့ ပေါင်းလုပ်တတ်သည်။ ရှောင်ရတိမ်းရလွယ်စေရန် ဆိုင်ကယ် သို့ အင်ဂျင်တပ်စက်ဘီးဖြင့် လှုပ်ရှားလေ့ရှိသည်။ တဦးက ယာဉ်ကိုမောင်းပြီး ကျန်တဦးက အလစ်သုတ်ခြင်းကို ဆောင်ရွက်သည်။ အာရုံပြောင်းနိုင်သော လူစုလူဝေးများသည့်နေရာတွင် တဦးတည်းလည်း လှုပ်ရှားတတ်သည်။ ယာဉ်မလို။
အာဂျင်တီးနား
[ပြင်ဆင်ရန်]အာဂျင်တီးနား၌ ဤနည်းဖြင့် ရာဇဝတ်မှုကျူးလွန်သည်မှာ ၂၀၀၈-၀၉ ကာလ၌ ၁၁၈% အထိ မြင့်လာသည်။ ဆိုင်ကယ်များ အလွယ်ဝယ်နိုင်ခြင်းသည်လည်း အကြောင်းတချက်ပင်။
မလေးရှား
[ပြင်ဆင်ရန်]မလေးရှား၌ အလစ်သုတ်သမားတို့ကြောင့် အသက်အန္တရာယ်ရသည်ပင် ရှိသည်။ လက်ပွေ့အိတ်ကို ကိုင်ထားပါက ဆိုင်ကယ်ဖြင့် အတင်းလုသောကြောင့် ဒရွတ်တိုက်ပါကာ ထိခိုက်ဒဏ်ရာရခြင်း၊ အခြားယာဉ်တို့နှင့်တိုက်ကာ အသက်အန္တရာယ်ဖြစ်ခြင်းတို့တည်း။ အလစ်သုတ်သမားတို့ကို ဖမ်းမိပါက ဥပဒေဘက်တော်သားတို့ အနီး၌မရှိလျှင် ပတ်ဝန်းကျင်လူထုက ကိုယ်ထိလက်ရောက် စီရင်တတ်သည်။