အရှေ့တီမောနိုင်ငံ၏ အလံတော်

ဝီကီပီးဒီးယား မှ
တီမောလက်စ်တီ ဒီမိုကရက်တစ်သမ္မတနိုင်ငံ
Democratic Republic of Timor-Leste
Flag of East Timor.svg
အသုံးပြုခြင်း နိုင်ငံတော်အလံ နှင့် အရပ်သားသုံးအလံ
အချိုးအစား 1:2
ရွေးချယ်ခြင်း နိုဝင်ဘာ ၂၈၊ ၁၉၇၅; ၄၇ နှစ် အကြာက (၁၉၇၅-၁၁-28) (ဒီ ဖက်တို)
မေ ၁၉၊ ၂၀၀၂; ၂၀ နှစ် အကြာက (၂၀၀၂-၀၅-19) (ဒီ ဂျူရီ)

အရှေ့တီမောနိုင်ငံ၏ အလံတော် သည် တီမောလက်စ်တီ ဒီမိုကရက်တစ်သမ္မတနိုင်ငံကို ကိုယ်စားပြုသော နိုင်ငံတော်အလံဖြစ်သည်။ အနီရောင်အောက်ခံပေါ်တွင် အနက်ရောင်၊ အဝါရောင် တြိဂံများပါရှိကာ အနက်ရောင်တြိဂံပေါ်တွင် ထောင့်ငါးထောင့်ရှိသည့် ကြယ်ဖြူပါဝင်သည်။[၁]

သမိုင်းကြောင်း[ပြင်ဆင်ရန်]

အရှေ့တီမောနိုင်ငံ၏ လက်ရှိအလံတော်ကို ၂၀၀၂ခုနှစ်တွင် စတင်အသုံးပြုခဲ့သည်။ ဤအလံသည် ၁၉၇၅ခုနှစ်တွင် ပေါ်တူဂီတို့လက်ထက်မှ လွတ်လပ်ရေးရယူချိန်တွင် အသုံးပြုခဲ့သည့် အလံနှင့် တူညီသည်။ သို့ရာတွင် ကိုးရက်အကြာ၌ အင်ဒိုနီးရှား၏ ကျူးကျော်မှုကို ခံခဲ့ရသည်။ အင်ဒိုနီးရှားတို့ အရှေ့တီမောကို လက်လွှတ်ပြီးနောက် ကုလသမဂ္ဂက အုပ်ချုပ်ခဲ့ပြီး ၂၀၀၂ခုနှစ် မေလ (၂၀) ရက်နေ့တွင် လွတ်လပ်သောနိုင်ငံတစ်ခုအဖြစ် စတင်အသွင်ကူးပြောင်းခဲ့သည်။ မေလ (၁၉)ရက်နေ့ညသန်းခေါင်ယံတွင် ကုလသမဂ္ဂအလံကို တိုင်ထိပ်မှလျှော့ချခဲ့ကာ အရှေ့တီမောအလံကို လွှင့်တင်ခဲ့သည်။

အရှေ့တီမောအခြေခံဥပဒေအရ အဝါရောင်တြိဂံသည် အရှေ့တီမောသမိုင်းကြောင်းမှ ကိုလိုနီခေတ်၏ခြေရာများကို ကိုယ်စားပြုသည်။ အနက်ရောင်သည် ကျော်လွှားရန်လိုအပ်သော စိန်ခေါ်မှုကို ကိုယ်စားပြုသည်။ အနီရောင်သည် အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲ၊ အဖြူရောင်ကြယ်သည် ငြိမ်းချမ်းရေးကို ကိုယ်စားပြုသည်။

သမိုင်းတ​လျှောက်အလံများ[ပြင်ဆင်ရန်]

ဆက်စပ်ကြည့်ရှုရန်[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]