ဓမ္မစက္ကိက

ဝီကီပီးဒီးယား မှ
(အရှင်ဓမ္မစက္ကိကထေရ် မှ ပြန်ညွှန်းထားသည်)

အရှင်ဓမ္မစက္ကိကထေရ် သည် မြတ်စွာဘုရား၏ သာသနာတော်ရှိ ရဟန်းတစ်ပါး ဖြစ်၏။[၁]

ဘဝဇာတ်ကြောင်း[ပြင်ဆင်ရန်]

သိဒ္ဓတ္ထမြတ်စွာဘုရားလက်ထက်[ပြင်ဆင်ရန်]

သိဒ္ဓတ္ထမြတ်စွာဘုရားပွင့်တော်မူစဉ် အခါက ဖြစ်၏။ အရှင်ဓမ္မစက္ကိကထေရ် သည် ထိုမြတ်စွာဘုရား၏ နေရာတော်မြတ်ရှေ့မှောက်တွင် ခြင်္သေ့ရုပ်တပ်ထားသည့် တရားစကြာကို လှူဒါန်းခဲ့၏။ [၁]

အကျိုးခံစားရခြင်း[ပြင်ဆင်ရန်]

ထိုသို့ လှူဒါန်းခဲ့ရသည့် အကျိုးကျေးဇူးကြောင့် တူရိယာ၊ အခြံအရံတို့ဖြင့် အခါခပ်သိမ်း နေခဲ့ရ၏။ ထို့ပြင် ဤဘဒ္ဒကမ္ဘာမှ တစ်ဆယ့်တစ်ကမ္ဘာထက်တွင် သဟဿရာဇ ဟူသောအမည်ဖြင့် စကြဝတေးမင်း ရှစ်ကြိမ်တိုင်တိုင် ဖြစ်ခဲ့၏။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်လေးကမ္ဘာထက်တွင်တရားစကြာကို အလှူပြုခဲ့သည့်အချိန်မှစကာ အရှင်ဓမ္မစက္ကိကထေရ် သည် အပါယ်လေးဘုံသို့ လုံးဝမကျရောက်ခဲ့ရပေ။ [၁]

ဂေါတမမြတ်စွာဘုရားထက်ထက်[ပြင်ဆင်ရန်]

နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်တွင် အရှင်ဓမ္မစက္ကိကထေရ် အဖြစ်ဖြင့် အာသဝေါကုန်ခမ်း ရဟန္တာ ဖြစ်တော်မူ၏။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ ထေရာပဒါန်ပါဠိတော်၊ ကုဏ္ဍဓာနဝဂ်