အရှင်စန္ဒမဉ္စူသာ

ဝီကီပီးဒီးယား မှ

အရှင်စန္ဒမဉ္စူသာ (၁၀၄၉ − ၁၀၈၅) သည် ကျော်အောင်စံထားဆရာတော်၏ ဆရာရင်း ဖြစ်သည်။[၁]

ဘဝ[ပြင်ဆင်ရန်]

သက္ကရာဇ် ၁၀၄၉ ခုနှစ်တွင် ဖွားမြင်ခဲ့သည်။ ဆရာတော်သည် ပုခန်းကြီးမြို့၊ ပိုက်သင်ရွာတွင် သီတင်းသုံးတော်မူသည်။ ငယ်စဉ်အခါက ပုခန်းကြီးမြို့တော်၊ နောင်သငယ်ရွာငယ် နိဗ္ဗာန်ကျောင်းတော် ဓမ္မနန္ဒာလင်္ကာရထံတွင် စာပေများ သင်ယူခဲ့သည်။ ဆရာတော်သည် စန္ဒမဉ္စူသာလင်္ကာရ တိပိဋကဓရ မဟာဓမ္မရာဇာဓိရာဇဂုရု တံဆိပ်တော်ကို ရရှိခဲ့သည်။[၁]

ဘဝနိဂုံး[ပြင်ဆင်ရန်]

ဆရာတော်သည် ၁၀၈၅ ခုနှစ်၊ သီတင်းကျွတ်လဆန်း ၅ ရက်နေ့တွင် ပျံလွန်တော်မူခဲ့သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ လှသမိန် (၁၉၆၁)။ ဂန္ထဝင်ပုဂ္ဂိုလ်ကျော်များ အတ္ထုပ္ပတ္တိပေါင်းချုပ်။ ရန်ကုန်မြို့: ဟံသာဝတီစာအုပ်တိုက်။ pp. ၁၆။