ဂန္ဓောဒကိယ
ပုံပန်းသွင်ပြင်
(အရှင်ဂန္ဓောဒကိယထေရ် မှ ပြန်ညွှန်းထားသည်)
အရှင်ဂန္ဓောဒကိယထေရ် သည် မြတ်စွာဘုရား၏ သာသနာတော်ရှိ ရဟန်းတစ်ပါး ဖြစ်သည်။[၁]
ဘဝဇာတ်ကြောင်း
[ပြင်ဆင်ရန်]ဝိပဿီမြတ်စွာဘုရား
[ပြင်ဆင်ရန်]ဝိပဿီမြတ်စွာဘုရား လက်ထက်တွင် ဖြစ်၏။ တစ်ခုသောအခါ အရှင်ဂန္ဓောဒကိယထေရ် သည် မြတ်စွာဘုရားအား ဖူးမြင်ရလေ၏။ ထိုအခါ အရှင်ဂန္ဓောဒကိယထေရ် သည် မြတ်စွာဘုရားအား နံ့သာရေကို လှူဒါန်းခဲ့၏။[၁]
အကျိုးခံစားရခြင်း
[ပြင်ဆင်ရန်]ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်တွင် မြတ်စွာဘုရားအား နံ့သာရေလှူဒါန်းခဲ့သည့် အချိန်မှစကာ အပါယ်လေးဘုံသို့ မကျရောက်ခဲ့ရပေ။ သုံးဆယ့်တစ်ကမ္ဘာထက်တွင်လည်း “သုဂန္ဓ” အမည်ဖြင့် စကြဝတေးမင်း ဖြစ်ခဲ့၏။[၁]
ဂေါတမမြတ်စွာဘုရားထက်ထက်
[ပြင်ဆင်ရန်]နောက်ဆုံးဘဝတွင် ဂေါတမမြတ်စွာဘုရား၏ သာသနာတော်တွင် အရှင်ဂန္ဓောဒကိယထေရ် အဖြစ်ဖြင့် အာသဝေါကုန်ခမ်း ရဟန္တာ ဖြစ်တော်မူ၏။[၁]