အရွက်ဝန်

ဝီကီပီးဒီးယား မှ

အရွက်ဝန်[ပြင်ဆင်ရန်]

အရွက်ဝန်သည် ရွှေမြို့တော် မြို့တွင်းမြို့ပြင် ရပ်စု၊ ကွက်စုများအတွင်း ကိုယ်ရေပြားရောဂါ ဖြစ်ပွားနေသူများအား ကူးစက်ပြန့်ပွားမှုမရှိစေရေး၊ ရွှေကြက်ယက်ပင်လယ်ပြင်၊ အရှေ့ဖျားကျေးရွာတို့၌ စုစည်းနေရာချထားရေး စသည့်တာဝန်များကို လုပ်ဆောင်ရသူဖြစ်သည် ။ အရွက်ဝန်သည် လုပ်ငန်းဆောင်တာများကို အလုပ်ခေါင်း၊ အကွက်ခေါင်းတို့နှင့် ညှိနှိုင်းတိုင်ပင် လုပ်ဆောင်ရသည်။

ဗဒုံမင်း လက်ထက်[ပြင်ဆင်ရန်]

အရွက်ဝန်ရာထူးနှင့် ပက်သက်၍ အထောက်အထားများစွာ မတွေ့ရှိရပါ ။ ဗဒုံမင်း( ဘိုးတော်ဘုရား ) (၁၇၈၂ - ၁၈၁၉ ) လက်ထက်တွင် အရွက်ဝန် အဖြစ် နေမျိုးနန္ဒသူရကို ခန့်အပ်ခဲ့ကြောင်း သိရှိရ၏ ။ အရွက်ဝန် နေမျိုးနန္ဒသူရသည် ၁၁ နိုဝင်ဘာ ၁၇၈၅ ခုနှစ်တွင် ယိုးဒယားသို့ စစ်ချီရာတွင် တပ်တစ်တပ်အား အုပ်ချုပ်လိုက်ပါ စစ်မှုထမ်းခဲ့ရကြောင်း တွေ့ရှိရသည် ။

စစ်ကိုင်းမင်းနန်းတက်စ[ပြင်ဆင်ရန်]

စစ်ကိုင်းမင်း ( ဘကြီးတော် ) နန်းတက်စ ၁၈၁၉ ခုနှစ်တွင် ကျော်သူနရာအား အရွက်ဝန် ရာထူးပေးအပ်ခဲ့သည် ။ သို့သော် ၅ စက်တင်ဘာ ၁၈၁၉ ခုနှစ်တွင် အရွက်ဝန် ကျော်သူနရာအား ရာထူးမှထုတ်ပယ်ကာ ဂုတ္တပုဏ္ဏယက္ခအာဠာဝကကဝေအား အရွက်ဝန်အရာ ခန့်အပ်ခဲ့၏ ။ ယင်းနောက်ပိုင်းတွင် အရွက်ဝန်ရာထူးနှင့် ပက်သက်၍ အထောက်အထားမတွေ့ရတော့ပေ။

အရွက်ဝန် ဦးအုံ[ပြင်ဆင်ရန်]

သီပေါမင်း ( ၁၈၇၈ - ၁၈⁠၈၅ ) လက်ထက်တွင် အရွက်ဝန်အဖြစ် သံတောင်ဆင့် ဦးအုံအား ခန့်အပ်ခဲ့ကြောင်း သိရှိရ၏ ။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. တင်နိုင်တိုး၏ ဝန်တစ်ရာ စာအုပ် ၂၇-၅-၂၀⁠၀၉