အရေးကြီးပုဂ္ဂိုလ်
ပုံပန်းသွင်ပြင်
အရေးကြီးပုဂ္ဂိုလ်(VIP) ဆိုသည်မှာ နေရာဒေသအလိုက် လူတစ်ဦး၏ အရေးပါမှု၊အဆင့်အတန်းကိုလိုက်၍ ခေါ်ခံရသော ပုဂ္ဂိုလ်ဖြစ်သည်။[၁][၂]
ဥပမာ-နာမည်ကျော်များ၊နိုင်ငံတော်ခေါင်းဆောင်များ၊အစိုးရခေါင်းဆောင်များ၊နိုင်ငံရေးသမားများ၊ထိပ်တန်းလုပ်ငန်းရှင်များ၊အဆင့်မြင့်အရာရှိများ၊လူချမ်းသာများ စသည်ဖြင့်အခြေအနေပေါ်မူတည်၍ ကွဲပြားနိုင်သည်။
အချို့အသုံးအနှုန်းများ ဥပမာ-လက်မှတ် များတွင် "VIP Tickets"တို့တွင် ထိုလက်မှတ်ကိုလူတိုင်းဝယ်ယူနိုင်သော်လည်း အခြားဝယ်ယူသူများထက်တော့ထူးခြားသည်။
အလွန်အရေးကြီးပုဂ္ဂိုလ်(VVIP) ဟူသော အသုံးကိုလည်း တစ်ခါတစ်ရံတွင်တွေ့နိုင်သည်။ အထူးသဖြင့် အရေးကြီးပုဂ္ဂိုလ်များစွာရှိသောနေရာတွင် အမြင့်ဆုံးသောအရေးကြီးပုဂ္ဂိုလ်များကို ဆိုလိုသည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ Very Important Person။ The Trustees of Princeton University။
- ↑ VIP definition and meaning | Collins English Dictionary (in en)။