အရိယာတို့၏ ဂုဏ်ကျေးဇူးတော် ၃၀

ဝီကီပီးဒီးယား မှ

အရိယာသာဝကတို့၏ဂုဏ်ကျေးဇူးတော် ၃၀။ အရိယာတို့၏တပည့်တို့၌ မွန်မြတ်သောဂုဏ်ကျေးဇူးတော် ၃၀-တို့နှင့်ပြည့်စုံ၏ဟူလို။

  • (၁) ကောင်းစွာ ပြေပြစ်နူးညံ့သိမ်မွေ့သော မေတ္တာစိတ်ရှိခြင်း၊
  • (၂) ဖျက်ဆီးအပ် ဖျောက်အပ် နှိမ်အပ်သော မာနရှိခြင်း၊
  • (၃) ရတနာသုံးပါး၏ဂုဏ် ကံ ကံ၏အကျိုးကို မတုန်မလှုပ် အမြဲထိုးထွင်း၌ယုံကြည်ခြင်း သဒ္ဓါတရားရှိခြင်း၊
  • (၄) ရွှင်မြူးသောစိတ်ကိုပြည့်စုံစွာဆုံးမခြင်းရှိ၌ ငြိမ်သက်ချမ်းမြေ့သောသမာပတ်ကို ရခြင်း၊
  • (၅) မြတ်သောသီလရှိသည်ဖြစ်၍ ကောင်းသောအနံ့ဖြင့် ထုံမွမ်းခြင်း၊
  • (၆) နတ်လူတို့ ချစ်မြတ်နိုးတတ်ခြင်း၊
  • (၇) နှစ်သက်အပ်သောသူဟူ၍အာသဝကုန်ပြီးသောသူမြတ်တို့ တောင့်တအပ်ခြင်း၊
  • (၈) နတ်လူတို့ ရိုသေအပ် ရှိခိုးအပ်ခြင်း၊
  • (၉) ပညာရှိတို့ချီးမွမ်းအပ်ခြင်း၊
  • (၁၀) လူ့ပြည်နတ်ပြည်၌ လူနတ် အပေါင်းနှင့် မရောနှောခြင်း၊
  • (၁၁) အနည်းငယ်သောအပြစ်၌လည်း ဘေးဟုရှုမြင်ခြင်း၊
  • (၁၂) သမ္ပတ္တိနှင့်ပြည့်စုံသောသူတို့အား မဂ်ဖိုလ်အကျိုးကို ပြီးစေတတ်ခြင်း၊
  • (၁၃) အလိုရှိတောင့်တသော် များမြတ်သောပစ္စည်းကိုရနိုင်ခြင်း၊
  • (၁၄) မြဲသောကျောင်းအိပ်ယာနေရာမရှိခြင်း၊
  • (၁၅) ဈာန်၌ယှဉ်၍ မြတ်သောနေလေ့ရှိခြင်း၊
  • (၁၆) ထွေးယှက်သောကိလေသာကွန်ယက်ကို ဖျက်ဆီးခြင်း၊
  • (၁၇) မြတ်သောမဂ်ဖိုလ်တရားကို လျှို့ဝှက်ဖုံးလွှမ်းခြင်း၊
  • (၁၈) လာလတ္တံ့သောဂတိကို တားမြစ်ခြင်း၊
  • (၁၉) အပ္ပနာသို့ရောက်သော တရားရှိခြင်း၊
  • (၂၀) နှိမ့်ချစွာနခြေင်း၊
  • (၂၁) အပြစ်မရှိသောအသုံး အဆောင်ရှိခြင်း၊
  • (၂၂) ဂတိတရားမှလွတ်ခြင်း၊
  • (၂၃) ယုံမှားသင်္ကာမှ ကူးမြောက်ခြင်း၊
  • (၂၄) ဝိမုတ္တိဈာန်ကို အလိုရှိခြင်း၊
  • (၂၅) မြင်အပ်သောတရားရှိခြင်း၊
  • (၂၆) မတုန်မလှုပ်မြဲသည်ဖြစ်၍ ဘေးကိုတားမြစ်စေသောသူတို့၏ မှီခိုရာသို့ရောက်ခြင်း၊
  • (၂၇) ကောင်းစွာပြတ်အပ်သော အနုသယရှိခြင်း၊
  • (၂၈) အာသေဝါကုန်ခြင်းသို့ ရောက်ခြင်း၊
  • (၂၉) ငြိမ်သက်ချမ်းမြေ့သောသမာပတ်၌ များစွာနေလေ့ရှိခြင်း၊
  • (၃၀) ရဟန်းကျေးဇူးဂုဏ်နှင့် အလုံးစုံပြည့်စုံခြင်း။ [၁]


ကိုးကား[ပြင်ဆင်ရန်]

  1. ဖျာပုံတိုက်သစ်ဆရာတော် အဂ္ဂမဟာပဏ္ဍိတ အရှင်ဩဘာသာဘိဝံသ ရေးသားသော သုတေသန သရုပ်ပြအဘိဓာန်ကျမ်း