အယ်လ် (အက္ခရာ)

ဝီကီပီးဒီးယား မှ
(အယ်(လ်) (အက္ခရာ) မှ ပြန်ညွှန်းထားသည်)
L
L
အခြေခံ လက်တင်အက္ခရာ
Aa Bb Cc Dd    
Ee Ff Gg Hh
Ii Jj Kk Ll Mm Nn
Oo Pp Qq Rr Ss Tt
Uu Vv Ww Xx Yy Zz

L သည် လက်တင်ဘာသာ၊ အင်္ဂလိပ်အက္ခရာစဉ်တွင် ၁၂လုံးမြောက် အက္ခရာဖြစ်၍ (/ˈɛl/; named el, rarely ell)ဟု အသံထွက်ပါသည်။

သမိုင်း[ပြင်ဆင်ရန်]

အောက်ပါ ဇယားသည် ဤသင်္ကေတ ဆင်းသက်လာပုံဖြစ်သည်။

အီဂျစ်အရုပ်စာသင်္ကေတ
Proto-Semitic
lamd
Phoenician
lamedhh
ဩပ်ရုစကမ်
L
ဂရိ
lambda
S39

အသံထွက်ကိစ္စ[ပြင်ဆင်ရန်]

L တွင် အကြောင်းအချို့ရှိပြီး ၎င်းတို့မှာ သရအက္ခရာပြီးမှ သို့မဟုတ် သရအက္ခရာ မတိုင်ခင် ၎င်းတို့ ဖြစ်ပွားမှု ပေါ်မူတည်သည်။ သင့်တင့်ဘေးတိုက်သွားရင်းဗျည်း(ထိုအသံကို အိုင်ပီအေ က အသုံးပြုပြီး [l]အက္ခရာအသေးကို ကိုယ်စားပြုဖော်ပြသည်။) သည် lip(နှုတ်ခမ်း)၊ နှင့် please(ကျေးဇူးပြုပါ)ကဲ့သို့သော စကားလုံးများတွင် သရက္ခရာတစ်ခုမတိုင်ခင် ဖြစ်ပွားပြီး အာခေါင်ပျော့ သင့်တင့်ဘေးတိုက်သွားရင်းဗျည်းသည် bell နှင့် milk ကဲ့သို့သောစကားလုံးများတွင် မူကား သရအက္ခရာပြီးမှ ဖြစ်ပေါ်သည်။ ထို့ပြင် ဂျပန်လူမျိုးများနှင့် အချို့သော တောင်ပိုင်းသား ဒေသိယစကားပြောသော တရုတ်လူမျိုးများအတွက် L သည် ကြီးမားသော ဘာသာစကား အရေအသွေးကွဲပြားမှု သို့မဟုတ် ကင်းမဲ့မှု တို့ကြောင့် L သည် ခက်ခဲ့သော အသံထွက်မှုကို ပြုလုပ်သည့်အကြောင်းအရင်းတစ်ခုလည်းဖြစ်သော်လည်း အာခေါင်ပျော့ဒုတိယသံ ပြုလုပ်ခြင်းသည် L အသုံးပြုသော ဥရောပ ဘာသာစကားများတွင် မဖြစ်ပွားချေ။

အင်္ဂလိပ်ဘာသာရှိ မည်သည့် ရုန်းပွင်သံ၊ ပွတ်တိုက်ဗျည်းသံ၊ နှင့် ၎င်းတို့နှစ်ခုပေါင်းထားသော ရုန်းပွင့်ပွတ်တိုက်ဗျည်း မတိုင်မီတွင် L ဖြစ်ပွားနိုင်သည်။ အင်္ဂလိပ်ဘာသာတွင် သာမန်တစ်သံတည်းထွက်အောင် တွဲထားသော အက္ခရာတစ်ခုတွင် LL ပါဝင်သည်။ ထိုအက္ခရာသည် L ၏အသံတန်ဖိုး ပါဝင်သည်ကိုတွေ့ရသည်။ သို့သော် ထို Lသည် အသံမဲ့ သင့်တင် ဘေးတိုက်သွားရင်ဗျည်းသံအဖြစ် ဝေးလ်ချ်ဘာသာတွင် ခွဲခြားထားပြီး အစအနေအထား နေရာတွင် ပြသနိုင်သည်ကို တွေ့ရသည်။

သင့်တင့်ဘေးတိုက်အာခေါင်းရင်းသံ သို့မဟုတ် ပလတယ်ကို ဘာသာစကား အတော်များများတွင် ဖြစ်ပေါ်သည် တွေ့ရပြီး အီတာလျံဘာသာတွင် GL၊ ပြင်သစ်ဘာသာနှင့် ကာတလန်ဘာသာတွင် LL အဖြစ်လည်းကောင်း၊ ပေါ်တူဂီနိုင်ငံတွင် LH အဖြစ်လည်းကောင်း၊ Ļ အဖြစ် လတ်ဗီယန်နိုင်ငံကလည်းကောင်း ကိုယ်စားပြု ဖော်ပြကြလေသည်။ အင်္ဂလိပ်ဘာသာတွင်၊ walk သို့မဟုတ် could ကဲ့သို့သော စကားစုများ(၎င်း၏မျက်မှောက်ကာလတွင် အခြားစာလုံးများ၏အသံများ ကိုလည်း ပြုပြင်မွမ်းမံသည်။ ဥပမာ-wakသည် back ကဲ့သို့ အသံထွက်ပိုမိုနီးစပ်စွာ အသံထွက်သည်။)တွင် L သံ ပျောက်နေတတ်သည် သို့မဟုတ် မထွက်ချေ။

အသုံးပြုမှုများ[ပြင်ဆင်ရန်]

ကွန်ပျူတာတွင် L သည် (1)နှင့် တစ်ခါတရံ မှားယွင်းတတ်သည်။ ၎င်း၏ ကွန်ပျူတာ ကုဒ်အမှတ်မှာ U+2113 ဖြစ်သည်။ တစ်ခါတရံတွင် L အား လက်ရေးဖြင့် ℓ အဖြစ် ရေးသား၍ သင်္ချာဘာသာရပ်တွင် အသုံးပြုသည်ကို တွေ့ရသည်။ ASCII ကုဒ်အတွက် အက္ခရာအကြီးအား ၇၆ အဖြစ်ထား၍ အက္ခရာအငယ်အား ၁၀၈ အဖြစ်ထားရှိသည်။

အယ်လ် (အက္ခရာ) ကို အခြားနည်းဖြင့် ဖေါ်ပြချက်များ
NATO phonetic မောရ်စ်၏ သင်္ကေတ
Lima ·–··
⠇
အချက်ပြအလံ Flag semaphore မျက်မမြင် သင်္ကေတ

ကိုးကား[ပြင်ဆင်ရန်]