မာတိကာသို့ ခုန်သွားရန်

သဘာဝဓာတ်ငွေ့ရည်

ဝီကီပီးဒီးယား မှ
(အယ်လ်အန်ဂျီ (LNG) မှ ပြန်ညွှန်းထားသည်)

သဘာဝဓာတ်ငွေ့ရည် (အင်္ဂလိပ်: Liquefied natural gas, LNG) သည် စီအန်ဂျီ (CNG) ကဲ့သို့ပင် အသုံးပြုနိုင်သော လောင်စာအမျိုးအစားဖြစ်ပြီး ၎င်း၏ ဓာတုသင်္ကေတမှာ CH4 (မီသိန်း) ဖြစ်သည်။ နိုင်ငံအများစုက ၎င်းကို အလားအလာကောင်းသော လောင်စာအဖြစ် သတ်မှတ်ကြပြီး သိုလှောင်နိုင်မှုတွင် အားသာချက်များ ရှိနေသည်။ LNG သည် အရည်ပြုလုပ်စဉ်ကပင် ကာဗွန်ဒိုင်အောက်ဆိုက်၊ ရေငွေ့၊ ဟိုက်ဒရိုဂျင် ဆာလ်ဖိုက်နှင့် အခြားသော မလိုလားအပ်သော ဒြပ်စင်များကို ဖယ်ရှားထားပြီး ဖြစ်သောကြောင့် စီအန်ဂျီထက် ပိုမိုသန့်စင်ကာ ဟိုက်ဒရိုကာဗွန် ပါဝင်မှု မြင့်မားသည်။ ၎င်းကို သန့်စင်စေရန်နှင့် သယ်ယူပို့ဆောင်ရန် အထူးလုပ်ငန်းစဉ်များဖြင့် ထုတ်လုပ်ကာ ပျမ်းမျှအပူချိန် အနုတ် ၁၆၀ ဒီဂရီစင်တီဂရိတ် (-160°C) တွင် ဖိသိပ်၍ အထူးပြုလုပ်ထားသော သိုလှောင်စည်များ၌ ထည့်သွင်းထားခြင်း ဖြစ်သည်။ [] LNG သည် သဘာဝဓာတ်ငွေ့ အခြေအနေထက် ထုထည်အားဖြင့် အဆ ၆၀၀ ခန့် (၆၀၀ ပုံ ၁ ပုံ) သာ ရှိတော့သဖြင့် ခရီးရှည် သယ်ယူပို့ဆောင်ရေးအတွက် လုံလောက်သော စွမ်းအင်သိပ်သည်းမှုကို ရရှိစေသည်။ ဓာတ်ငွေ့ကို ပိုက်လိုင်းများဖြင့် သယ်ယူရန် ခက်ခဲသော နေရာများသို့ အရည်အဖြစ် ပြောင်းလဲကာ အထူးပြုလုပ်ထားသော သင်္ဘောကြီးများဖြင့် တင်ဆောင်ပို့ဆောင်နိုင်သည်။ သို့သော် LNG သည် ဓာတ်ဆီ သို့မဟုတ် ဒီဇယ်နှင့် စွမ်းအင်တူညီသည်ဟု ဆိုနိုင်သော်လည်း ၎င်းကို ထုတ်လုပ်သည့် စရိတ်နှင့် အအေးခန်း ဆလင်ဒါများဖြင့် သိုလှောင်ရသည့် စရိတ်မှာ မြင့်မားလျက်ရှိသည်။ ထို့အပြင် LNG စက်ရုံများနှင့် ဆိပ်ကမ်းများတွင် အအေးခံစနစ်များအတွက် ကုန်ကျစရိတ် ကြီးမြင့်မှုသည် စီးပွားဖြစ် အသုံးပြုရန် အားနည်းချက်တစ်ခုအဖြစ် ရှိနေခဲ့သော်လည်း မကြာသေးမီနှစ်များအတွင်း နည်းပညာတိုးတက်မှုများကြောင့် အဆိုပါ အားနည်းချက်များကို ပြုပြင်နိုင်ခဲ့သည်။ဘေးအန္တရာယ်ကင်းရှင်းရေးနှင့် ပတ်သက်၍ ကျွမ်းကျင်သူအချို့က LNG သည် အရည်အဖြစ် ပြောင်းလဲစဉ်နှင့် သိုလှောင်ထားစဉ်အတွင်း အလွန်အငွေ့ပြန်လွယ်သော သဘာဝရှိသဖြင့် ခရီးရှည်သယ်ယူရာတွင် အန္တရာယ်ရှိနိုင်သည်ဟု ယူဆကြသော်လည်း ယနေ့တိုင် ဓာတ်ငွေ့ရည်တင်သင်္ဘောများပေါ်တွင် ထိုသို့သောအန္တရာယ်မျိုး ကြုံတွေ့ရခြင်း မရှိသေးပေ။ အခြားလောင်စာဆီများနှင့် နှိုင်းယှဉ်ပါက စီအန်ဂျီထက် ဈေးကြီးသော်လည်း စွမ်းအင်ပိုမို သာလွန်ပြီး ကာဗွန်ဒိုင်အောက်ဆိုက် အထွက်နှုန်း အနိမ့်ဆုံး ဖြစ်သည်။ ၎င်းတွင် ဆာလ်ဖာအောက်ဆိုက်၊ ပြာနှင့် အနယ်အနှစ်များ ထွက်ရှိမှု မရှိသလောက်ဖြစ်သဖြင့် သန့်စင်သော လောင်စာအဖြစ် အသိအမှတ်ပြုထားကြသည်။[][]

မြန်မာနိုင်ငံ၏ အခြေအနေ

[ပြင်ဆင်ရန်]

လက်ရှိတွင် မြန်မာနိုင်ငံသည် ပြည်တွင်းစွမ်းအင် လိုအပ်ချက်ကို ဖြည့်ဆည်းရန်အတွက် ပြည်ပမှ LNG တင်သွင်းမှုကိုလည်း စဉ်းစားဆောင်ရွက်နေရပြီး ရုရှားကဲ့သို့သော နိုင်ငံများနှင့်လည်း တင်ပို့ရောင်းချနိုင်ရေး ဆွေးနွေးမှုများ ရှိနေသည်။[]

သီလဝါဆိပ်ကမ်းက သဘာဝဓာတ်ငွေ့ရည် (LNG) သုံး ဓာတ်အားပေးစက်ရုံကနေ ကနဦးအနဖြင့် လျှပ်စစ်ဓာတ်အား ၁၅၀ မဂ္ဂါဝပ် ထုတ်လုပ်ပေးလျက်ရှိသည်။ []

ကိုးကား

[ပြင်ဆင်ရန်]
  1. အယ်လ်အင်န်ဂျီဟူသည့် သဘာဝဓာတ်ငွေ့ရည် (in my)။ 20 October 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 2026-03-13 တွင် ပြန်စစ်ပြီး။
  2. Engineering World (2017-07-29)။ What is Liquefied Natural Gas? (Complete Process) 2026-03-13 တွင် ပြန်စစ်ပြီး။
  3. Bluesky (2025-04-14)။ သဘာဝဓာတ်ငွေ့၏ အဓိပ္ပါယ်ဖွင့်ဆိုချက် (in my)။ 2026-03-13 တွင် ပြန်စစ်ပြီး။
  4. ကြည့်ရှုမှု ၈.၁ သောင်း ကြိမ် · တုံ့ပြန်မှု ၅.၆ ထောင် ခု | မြန်မာနိုင်ငံကို သဘာဝဓာတ်ငွေ့ရည် (LNG) တင်ပို့ရောင်းချနိုင်ဖို့ မော်စကိုအစိုးရက ဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပြောဆိုရေးဆိုခွင့်ရှိသူက ပြောပါတယ်။ ဇူလိုင်လကုန်ပိုင်းက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံလုပ်ကိုင်နေတဲ့ တရုတ်စွမ်းအင်ကုမ္ပဏီအချို့က ရုရှားကနေ LNG ဓာတ်ငွေ့ရည် တင်သွင်းဖို့ နစကထံ တောင်းဆိုခဲ့ပြီး အဲ့ဒီအထဲမှာ ဟောင်ကောင်စာရင်းဝင်ကုမ္ပဏီ V Power ၊ တရုတ်အစိုးရပိုင် CNTIC နဲ့ Genertec တို့ ပါဝင်ခဲ့ပါတယ်။ MOPE ညွှန်ကြားရေးမှူးချုပ် ဦးစိုးမြင့်က ဒီကိစ္စရပ် အားလုံးအတွက် ဆွေးနွေးမှုတွေ လုပ်ဆောင်နေတာ ဟုတ်မှန်ကြောင်း အတည်ပြုထားပြီး LNG ဓာတ်ငွေ့ရည်နဲ့ US ဒေါ်လာရဖို့ အခက်တွေ့နေတယ်လို့ ကုမ္ပဏီတွေဘက်က ပြောဆိုခဲ့ပါတယ်။ ယခု မော်စကိုအစိုးရက ပြုလုပ်နေတဲ့ ဆွေးနွေးမှုအတွင်း LNG ဓာတ်ငွေ့ရည် တင်ပို့ရောင်းချမှုအပြင် မြန်မာနိုင်ငံရဲ့ ရေနံသန့်စင်ရေးအဆောက်အအုံတွေကို ခေတ်မီအောင် လုပ်ဆောင်ရာတွင် ရုရှားကုမ္ပဏီတွေ ပါဝင်နိုင်ခြေကို ရှာဖွေဖော်ထုတ်နေတယ်လို့ ပြောရေးဆိုခွင့်ရှိသူက ဆိုထားပါတယ်။ (သတင်းအပြည့်အစုံကို ရုပ်သံတွင် ကြည့်ရှုပါ) | BETV Business (in my)။ 2026-03-13 တွင် ပြန်စစ်ပြီး။
  5. ကြည့်ရှုမှု ၁.၄ သိန်း ကြိမ် · တုံ့ပြန်မှု ၄.၅ ထောင် ခု | သီလဝါ LNG စီမံကိန်းမှ ဓာတ်အား ၁၅၀ မဂ္ဂါဝပ် ထုတ်လုပ်ပေးနေ +++++ သီလဝါဆိပ်ကမ်းက သဘာဝဓာတ်ငွေ့ရည် (LNG) သုံး ဓာတ်အားပေးစက်ရုံကနေ ကနဦးအနေနဲ့ လျှပ်စစ်ဓာတ်အား ၁၅၀ မဂ္ဂါဝပ် ထုတ်လုပ်ပေးလျက်ရှိကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဖွံ့ဖြိုးရေးကော်မရှင်ကနေ သိရပါတယ်။ ဒီဇင်ဘာလ ၁၇ ရက်မှ စတင်ထုတ်လုပ်ပေးနေတာဖြစ်ပြီး LNG သုံး စက်ရုံတွေဖြစ်တဲ့ သီလဝါနဲ့ သာကေတ စီမံကိန်းတွေကနေ စုစုပေါင်း ဓာတ်အားပမာဏ ၅၀၀ မဂ္ဂါဝပ်အထိ တိုးမြှင့်ထုတ်လုပ်သွားမယ်လို့ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အောင်စန်းက ပြောပါတယ်။ (သတင်းအပြည့်အစုံကို ရုပ်သံတွင် ကြည့်ရှုပါ) ▶BETV Youtube: https://www.youtube.com/@BETVBusiness #Myanmar_Business_News #BETV_Business_News #Myanma_Electricity #LNG_to_Power #CNTIC_VPOWER_ENERGY #MOEP #Thilawa | BETV Business (in my)။ 2026-03-13 တွင် ပြန်စစ်ပြီး။