အယ်လ်ဘတ် ကမူး

ဝီကီပီးဒီးယား မှ
အယ်လ်ဘတ် ကမူး
၁၉၅၇ခုနှစ်ထုတ် သတင်းစာတစ်စောင်မှ ပုံတူဓာတ်ပုံ
မွေးဖွား(1913-11-07)၇ နိုဝင်ဘာ၊ ၁၉၁၃
ဒရင်န်း၊(နောက်ပိုင်းတွင် မွန်ဒိုးဗီ)၊ ပြင်သစ်အယ်ဂျီးရီးယား။
ကွယ်လွန်၄ ဇန်နဝါရီ၊ ၁၉၆၀(1960-01-04) (အသက် ၄၆)
ဘီးလ်ဘလက်ဗင်၊ပြင်သစ်နိုင်ငံ
မိခင်ကျောင်းအယ်ဂျီးရီးယားတက္ကသိုလ်
ခေတ်၂၀ ရာစု ဒဿနိကဗေဒ
ဒေသအနောက်တိုင်းဒဿနိကဗဒ
ဖီလိုဆိုဖီဂိုဏ်း/ကျောင်း (school)Absurdism၊ ဖြစ်တည်မှုပဓာနဝါဒ
အဓိက စိတ်ဝင်စားရာ
နီတိ၊လူ့သဘာဝ၊တရားမျှတမှု၊နိုင်ငံရေး

အဲလ်ဘတ်ကမူး (ပြင်သစ်: [albɛʁ kamy] ( ); ၁၉၁၃ခု နိုဝင်ဘာလ ၇ ရက်ဖွား- ၁၉၆၀ခု ဇန်နဝါရီလ ၄ ရက်ကွယ်လွန်)သည် ပြင်သစ် တွေးခေါ်ပညာရှင်၊ စာရေးဆရာနှင့် သတင်းစာဆရာတစ်ဦးဖြစ်သည်။ ဒဿနိကဗေဒနယ်ပယ်တွင် သူ၏ Absurdism ကြောင့် ထင်ရှားသည်။ သူ၏ အက်ဆေးတစ်ပုဒ်တွင် ကမူးက သူ့ဘဝတစ်လျောက်လုံးတွင် နတ္ထိကဝါဒီဒဿနအမြင်များကို ဆန့်ကျင်ဖို့ တွေးတောအားထုတ်ခဲ့ကြောင်း ရေးထားသည်။ ၁၉၅၇ခုနှစ်တွင် နိုဘယ်ဆုရရှိခဲ့သည်။[၂]

ကမူးအား အတ္တဘဝအမှန်ဝါဒီအဖြစ် သတ်မှတ်ကြသော်လည်း သူကိုယ်တိုင်ကမူ သူသည် အတ္တဘဝအမှန်ဝါဒီမဟုတ်ကြောင်း ငြင်းပယ်လေ့ရှိသည်။ [၃] ၁၉၄၅ခုနှစ် တွေ့ဆုံမေးမြန်းမှုတစ်ခုတွင် ကမူးသည် သဘောတရားရေးရာအုပ်စုအားလုံးကို ငြင်းပယ်သည်။ "မဟုတ်ပါဘူး။ ကျွန်တော်ဟာ အတ္တဘဝအမှန်ဝါဒီမဟုတ်ပါဘူး။ ယန်းပေါလ်ဆတ်ရော ကျွန်တော်ပါ ကျွန်တော်တို့ နာမည်တွေကို ဆွဲထည့်ပြီးသတ်မှတ်ထားတာကို အံ့ဩမိပါတယ်။..."[၄]

ကမူးကို ပြင်သစ်အယ်ဂျီးရီးယားနယ်တွင် မွေးဖွားခဲ့သည်။ အယ်ဂျီးရီးယားတက္ကသိုလ်တွင် ပညာသင်ယူခဲ့ပြီး၁၉၃၆ခုနှစ်တွင် ဘွဲ့ရခဲ့သည်။[၅]

၎င်း၏ L'Étranger (The Stranger) ကို ထင်လင်း က စည်းအပြင်ကလူ အမည်ဖြင့် ၁၉၇၅ ခုနှစ်က ဘာသာပြန်ခဲ့ပြီး မုတ်သုန်စာပေက ပထမအကြိမ် ဖြန့်ချိခဲ့သည်။ ထိုစာအုပ်ကို ၁၉၈၅ ခုနှစ်တွင် ဘဝတက္ကသိုလ်စာပေက ဒုတိယအကြိမ်၊ ၁၉၉၂ နှင့် ၁၉၉၆ ခုနှစ်များတွင် ပန်းရွှေပြည်စာအုပ်တိုက်က တတိယအကြိမ်နှင့် စတုတ္ထအကြိမ် ဖြန့်ချိခဲ့သည်။ [၆]

ကိုးကား[ပြင်ဆင်ရန်]

  1. Michel Onfray. L'ordre Libertaire: La vie philosophique de Albert Camus. Flammarion. 2012.
  2. The Nobel Prize in Literature 1957။ Nobelprize.org (7 October 2010)။ 8 October 2010 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 7 October 2010 တွင် ပြန်စစ်ပြီး။
  3. Solomon၊ Robert C. (2001)။ From Rationalism to Existentialism: The Existentialists and Their Nineteenth Century Backgrounds။ Rowman and Littlefield။ p. 245ISBN 0-7425-1241-X
  4. "Les Nouvelles littéraires", 15 November 1945
  5. Todd၊ Olivier (2000)။ Albert Camus: A Life။ Carroll & Graf။ pp. 249–250။ ISBN 978-0-7867-0739-3
  6. ထင်လင်း (၁၉၉၆) စည်းအပြင်ကလူ၊ ပန်းရွှေပြည်စာအုပ်တိုက်၊ ရန်ကုန်