အယ်လ်ပီဂျီ (LPG)

ဝီကီပီးဒီးယား မှ

အယ်လ်ပီဂျီ (Liquified petroleum gas) သည် ဓာတ်ငွေ့ရည်ကို အယ်လ်ပီဂက်စ်(autogas) ဟုလည်း ခေါ်ကြသည်။ အယ်လ်ပီဂျီ၏ ဓာတုသင်္ကေတမှာ C3H8 ဖြစ်သည်။ ၎င်းသည် ဟိုက်ဒရိုကာဗွန် အရောအနှောဓာတ်ငွေ့များ ဖြစ်ကြ၍ အိမ်တွင်း အပူပေးစနစ်နှင့် မော်တော်ယာဉ်များတွင် အသုံးပြုကြသည်။ အထူးသဖြင့် ဆေးမှုတ်ဘူးများ၊ ဖိအားပေးထား၍ လေမှုတ်သကဲ့သို့ သုံးရသော ခြင် ဆေး ဘူး များ၊ အမွှေးရနံ့ ထုတ်ပေးသော ဘူးများနှင့် ရေခဲသေတ္တာများတွင် အသုံးပြုကြသည်။ အချို့သော ဓာတ်ငွေ့ရည်များကို ပရိုပိန်းကို အခြေခံ၍လည်းကောင်း၊ ဗျူ တိန်း ကို အခြေခံ၍ လည်းကောင်း သုံးစွဲသည့် ပစ္စည်းများအပေါ်မူတည်၍ အမျိုးမျိုး ထုတ်လုပ်ကြသည်။

အယ်လ်ပီဂျီ ဓာတ်ငွေ့ရည်ကို ရေနံစိမ်း ချက်လုပ်စဉ် ထုတ်လုပ်နိုင် သည်။ အဆိုပါ ဓာတ်ငွေ့သည်သာမန်အပူချိန်နှင့် ဖိအားတွင် အလွန် အငွေ့ပျံလွယ်သည်။ သို့ဖြစ်၍ လုံခြုံစိတ်ချရသော အိုး များတွင် ထည့်ထားရခြင်း ဖြစ်သည်။ သို့တိုင် အပူချိန်အပြောင်း အလဲကြောင့် အငွေ့ပျံနိုင်ရန် အိုးများတွင် အပြည့်အဝ ထည့်ခြင်း ကို မပြုလုပ်ရပါ။ ၎င်း ဝင်ဆံ့မှု၏ ၈ဝ သို့မဟုတ် ၈၅ ရာခိုင်နှုန်း ကိုသာ ဖြည့်ရသည်။ အယ်လ်ပီဂျီ ဓာတ်ငွေ့ကို Dr. Walter Snelling က ၁၉၁ဝ ပြည့်နှစ်တွင် စတင် ထုတ်လုပ်နိုင် ခဲ့ပြီး ၁၉၁၂ ခုနှစ်တွင် အများသုံး အဖြစ် ပြုလုပ်နိုင်ခဲ့သည်။ ယခု အခါ အမေရိကန်ပြည်ထောင်စု တွင် လောင်စာဆီ အစားထိုးခြင်း လုပ်ငန်းအဖြစ် အဆိုပါ စွမ်းအင် ၃ ရာခိုင်နှုန်းကို အသုံးပြုနေပါ သည်။ ၎င်းတွင် အောက်တိန်း သတ်မှတ်ချက် ၉ဝ နှင့် ၁၁ဝ အကြား ရှိနေ၍ လောင်ကျွမ်းမှု စွမ်းအား ကောင်းသည်ဟု ဆိုနိုင် ပါသည်။ တစ်နည်းအားဖြင့် အပူ စွမ်းအင် ၂၅.၅ megajoule/liter နှင့် ၂၈.၇ megajoule/liter အကြား ရှိသည်။ တိုယိုတာ ကား ကုမ္ပဏီမှ အယ်လ်ပီဂျီ ဓာတ်ငွေ့ရည်နှင့် မောင်းနှင်နိုင်သည့် အင်ဂျင်များ ကို ထုတ်လုပ်နေပါသည်။ လက် ရှိအားဖြင့် Citroen, Daewoo,Fiat, Ford, Hyundai, Opel,Vauxhall, Peugeot, Renault, Saab, Volvo စသည့် ကားကုမ္ပဏီများသည် လောင်စာ ဆီနှင့် အယ်လ်ပီဂျီ ဓာတ်ငွေ့ရည်တို့ကို ပေါင်းစပ်၍ မောင်းနှင်နိုင်သည့် bi-fuel အမျိုးအစား မော်တော် ယာဉ်များ ထုတ်လုပ်နေပါသည်။ အယ်လ်ပီဂျီ ဓာတ် ငွေ့ ရည် ကို အိန္ဒိယနိုင်ငံ မိသားစုများ၏ ၁၇.၅ ရာခိုင်နှုန်း သို့မဟုတ် မိသားစုဝင် ၃၃.၆သန်းသည် အစားအသောက် ချက်လုပ်သည့် လုပ် ငန်း တွင် အသုံးပြုနေကြ သည်။ ၎င်းတို့တွင် ရ၆.၆ ရာခိုင် နှုန်းသည် မြို့ပြမှ မိသားစုဝင်များ ဖြစ်ကြသည်။ အဆိုပါ အယ်လ်ပီဂျီ သုံးစွဲမှုအပေါ် အစိုးရမှလည်း ကူ ညီထောက်ပံ့မှုများ ပြုလုပ်ပေး သည်။ အကယ်၍ အယ်လ်ပီဂျီ ဓာတ် ငွေ့ရည် ဈေး မြင့်တက်လာခဲ့ပါ ကလည်း ၎င်းသည် နိုင်ငံရေးနှင့် ဆက်စပ်သွားတတ်သည်။ တစ်နည်းအားဖြင့် မြို့ပြမိသားစု အလယ်အလတ်တန်းစား လူထု ၏ မဲကို ဆုံးရှုံးနိုင်သည်အထိ ဖြစ်တတ်သည်။ ထို့အပြင် ဟောင်ကောင်ကဲ့သို့သော မြို့ကြီး များတွင်လည်း အချက်အပြုတ် လုပ်ငန်းများ၌ အယ်လ်ပီဂျီ ဓာတ်ငွေ့ သည် အဓိက ဖြစ်နေသည်။ အယ်လ်ပီဂျီ ဓာတ် ငွေ့ ကို နှစ် ပေါင်း များစွာကပင် သယ်ယူ ပို့ ဆောင်မှု လုပ်ငန်းများတွင် အသုံး ပြုခဲ့ကြသည်။ ကမ္ဘာတစ်ဝန်း အစီးရေ ၅ သန်းမျှ ရှိနေသည်။ အခြား ဓာတ်ငွေ့လောင်စာသုံး ယာဉ်များထက် အရေအတွက် ပိုသည်။ ထက်ဝက်သော ယာဉ်စီး ရေသည် ဥရောပတိုက်တွင် ဖြစ်၍ အာရှတိုက်တွင် ဂျပန်နိုင်ငံ၌ ၃ သိန်း၊ တောင်ကိုရီးယားတွင် ၁၈ဝဝဝဝ၊ ထိုင်ဝမ် ၁ဝဝဝဝ နှင့် ထိုင်းနိုင်ငံတွင် ၁၉ဝဝဝ ရှိသည်။ ၎င်းကို သဘာဝဓာတ်ငွေ့ လုပ် ငန်းစဉ်မှ ထုတ်လုပ်ရရှိ၍ စရိတ် သက်သာပြီး ဒီဇယ်အင်ဂျင်များ တွင်လည်း အသုံးပြုနိုင်သည်။ မော်တော်ယာဉ်များတွင် ပြောင်း လဲ အသုံးပြုရန်အတွက် အထူး ပြင်ဆင် မွမ်းမံမှုများ လိုအပ် သည်။ ဥပမာအားဖြင့် သံမဏိ ကိုယ်ထည် ဓာတ်ငွေ့ ရည်လှောင် ကန်နှင့် လုံခြုံမှုရှိသော အဆို့ရှင် ဗားလ်များ ဖြစ်သည်။ ယခုအခါ လောင်စာဆီနှင့် အဆိုပါ ပရိုပိန်း ဓာတ်ငွေ့ရည်တို့ကို ပြောင်းလဲ မောင်း နှင် နိုင် သော မော်တော် ယာဉ်များကို ထုတ်လုပ်နေသည်။

အခြားလောင်စာဆီများနှင့် နှိုင်းယှဉ်ချက်[ပြင်ဆင်ရန်]

ဓာတ်ဆီနှင့် နှိုင်းယှဉ်လျှင် အလွန် ဈေး သက် သာ သည်။ ဟိုက်ဒရို ကာဗွန်၊ ကာဗွန်မို နောက်ဆိုက်နှင့် အခြား ဘေး ထွက်ဓာတ်များ အလွန် နည်း သည်။ လောင်စာဆီအားလုံး ထက် အဆိပ်ငွေ့ ကဲ့သို့သော ဓာတ်ငွေ့များ ပါဝင်မှု အလွန် နည်းသည်။ အင်ဂျင် ပျက်စီးခြင်းကို သက်သာစေသည်။ သို့ရာတွင် ဓာတ်ဆီနှင့်နှိုင်းယှဉ်လျှင် စွမ်း အင် အနည်းငယ်နိမ့်၍ အခြေခံ တည်ဆောက်မှု အားနည်းနေ သည်။ ၎င်းသည် စီအန်ဂျီ ထက် လေထုအတွင်း ပေါက်ကွဲနိုင်မှု မြင့်မားသောကြောင့် အန္တရာယ် ဖြစ်စေနိုင်သည်။ [၁]

ကိုးကား[ပြင်ဆင်ရန်]

  1. သိပ္ပံနှင့်နည်းပညာဂျာနယ်၊ အမှတ်(၂)၂၀၀၅-ခုနှစ်၊ နိုဝင်ဘာလ