အမွန်း

ဝီကီပီးဒီးယား မှ
အမွန်း
ကိုယ်ရေး အချက်အလက်များ
အမည်ရင်းလန်စစ်လမွန်း
မွေးဖွား၁၉၉၁ (အသက် ၃၂–၃၃)
မြစ်ကြီးနား
ဂီတဟန်ပေါ့
အလုပ်အကိုင်တေးရေး၊ တေးဆို၊ သရုပ်ဆောင်
တက်ကြွသည့်နှစ်များ၂၀၁၀ - ယခုထိ
ဝက်ဘ်ဆိုက်Ah Moon Music

အမွန်း (၁၉၉၁-) သည် မြန်မာ တေးရေး၊ တေးဆိုနှင့် သရုပ်ဆောင် တစ်ဦးဖြစ်သည်။ [၁][၂][၃] မီအန်မာဂဲလ် (Me N Ma Girls) အမျိုးသမီး ပေါ့အဆိုအဖွဲ့တွင် အဆိုရှင်အဖြစ် ပါဝင်ထားသည်။ [၄][၅]

ငယ်ဘဝ[ပြင်ဆင်ရန်]

၁၉၉၁ ခုတွင် မြစ်ကြီးနား၌ မွေးသည်။ အမည်ရင်းမှာ လန်စစ်လမွန်း ဖြစ်သည်။ [၅] ဖခင်မှာ နှစ်ခြင်းဆရာဖြစ်ရာ ဘုရားကျောင်း၌ပင် ဂီတနှင့် ထိတွေ့ခဲ့သည်။ [၆] ငယ်စဉ်က တယောနှင့် စန္ဒရားတီး သင်ဖူးသည်။ [၁][၇]

၂၀၁၂ ခုတွင် ရန်ကုန် နိုင်ငံခြားဘာသာ တက္ကသိုလ်မှ ရုရှားဘာသာ အထူးပြုနှင့် ဘွဲ့ရသည်။ [၂]

မော်ဒယ် ဘဝ[ပြင်ဆင်ရန်]

မော်ဒယ်အဖြစ် ခြေလှမ်းစရာ ၂၀၀၉ ခုတွင် ရန်ကုန်၌ ကျင်းပသည့် ခရစ်စမတ်အလှမယ် (Miss Christmas Pageant) ပြိုင်ပွဲတွင် ပါရမီအရှိဆုံးဆု ရသည်။ အဆိုပါနှစ်တွင်ပင် ပြင်သစ်သံရုံးက ကျင်းပသည့် အလှပြိုင်ပွဲတွင်လည်း ဆုရခဲ့သေးသည်။ [၃]

အဆိုရှင် ဘဝ[ပြင်ဆင်ရန်]

၂၀၁၀ ခုတွင် ဩစတေးလျ အကပညာရှင် နီကိုးမေ (Nicole May) ကမကထပြုသည့် တိုင်းဂါးဂဲလ် (Tiger Girls) အဖွဲ့၏ လူသစ်စုပွဲသို့ ဝင်ပြိုင်ရာ ယှဉ်ပြိုင်သူ ၁၂၀ အနက်မှ ရွေးချယ်ခံရသူ ငါးယောက်အနက် တစ်ယောက် ဖြစ်လာသည်။ [၆][၈]

၂၀၁၁ ခုတွင် အဖွဲ့၏ ပထမဆုံး စီးရီး တိုင်းဂါးဂဲလ်တို့နှစ် (Year of Tiger Girls) ကို ထုတ်ရာ မြန်မာတွင်သာမက နိုင်ငံတကာကပါ စိတ်ဝင်စားကြသည်။ [၅] ထုတ်ဝေသူနှင့် ဇာတ်သိမ်းပြီးနောက် အဖွဲ့ဝင်များက မီအန်မာဂဲလ် အမည်သို့ ပြောင်းသည်။ မြန်မာဂဲလ် ဟူသော ဝေါဟာရနှင့် သံတူယူခြင်းဖြစ်သည်။ အဖွဲ့ အမည်သစ်နှင့် ပထမဆုံးတေးစီးရီးဖြစ်သော မင်္ဂလာပါ (Welcome) ကို ၂၀၁၁ ခုတွင် ထုတ် သည်။ [၁][၈]

တစ်ကိုယ်တော် လှုပ်ရှားမှု[ပြင်ဆင်ရန်]

၂၀၁၄ ခုတွင် ပထမဆုံး တစ်ကိုယ်တော် တေးစီးရီး မင်းပေးတဲ့ အချစ် ကို ထုတ်ဝေသည်။ မြန်မာဘာသာရော အင်္ဂလိပ်ဘာသာနှင့်ပါ သီချင်းထားသော သီချင်းများ ဖြစ်သည်။[၁]

၂၀၁၈ ခု၊ ကမ္ဘာ့ဖလား ဂုဏ်ပြုသီချင်းအဖြစ် ကိုကာကိုလာမှ ရွေးချယ်ထားသော အဆိုတော် ဂျေဆန် ဒရူလို (Jason Derulo) ၏ ကာလာ (Colors) သီချင်းကို အားတီနှင့် တွဲကာ မြန်မာနိုင်ငံအတွက် သီဆိုခဲ့သည်။ [၉]

သရုပ်ဆောင် ဘဝ[ပြင်ဆင်ရန်]

၂၀၁၈ ခုတွင် ဒုတ္ထဝတီကို လွန်၍ ဇာတ်ကား၌ သရုပ်ဆောင်သည်။ [၁၀][၁၁]

တေးစီးရီးများ[ပြင်ဆင်ရန်]

အဖွဲ့လိုက်[ပြင်ဆင်ရန်]

ခေါင်းစဉ် ထုတ်ဝေနှစ် ထုတ်ဝေသူ မှတ်ချက်
Year of Tiger Girls ၂၀၁၁ Tiger Girls အဖွဲ့ ဖြင့်
မင်္ဂလာပါ ၂၀၁၁ Me N Ma Girls အဖွဲ့ အမည်ဖြင့်

တစ်ကိုယ်တော်[ပြင်ဆင်ရန်]

ခေါင်းစဉ် ထုတ်ဝေနှစ် ထုတ်ဝေသူ မှတ်ချက်
မင်းပေးတဲ့ အချစ် ၂၀၁၄
Automatic ၂၀၁၅
Very Dangerous ၂၀၁၇

ပါဝင်သော ဇာတ်ကားများ[ပြင်ဆင်ရန်]

ခေါင်းစဉ် ထုတ်ဝေနှစ် ဒါရိုက်တာ ထုတ်ဝေသူ မှတ်ချက်
ဒုတ္ထဝတီကို လွန်၍ ၂၀၁၈

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ ၁.၃ Lwin Mar Htun (May 18, 2014)။ California Dreamin'။ MyanmarTimes။
  2. ၂.၀ ၂.၁ Simon Roughneen (June 29, 2012)။ After Aung San Suu Kyi, girl band symbolizes a changing Myanmar?။ The Christian Science Monitor။
  3. ၃.၀ ၃.၁ Charity ambassadors။ Yoma Yangon International Marathon ‘15 (2015)။ 18 December 2018 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 March 2019 တွင် ပြန်စစ်ပြီး။
  4. Alexis Stephens (November 21, 2013)။ Myanmar’s Me N Ma Girls fight all of the -isms။ MTV IGGY။
  5. ၅.၀ ၅.၁ ၅.၂ Nyein Nyein (January 28, 2014)။ After split, Me N Ma Girls continue with US-recorded album။ The Irrawaddy။
  6. ၆.၀ ၆.၁ Myanmar’s first girl band pushes limits of censors, and parents။ New York Times (January 4, 2012)။
  7. International sensation singer ‘Ah Moon’ beats the odds။ Indie Artist Radio (2014)။
  8. ၈.၀ ၈.၁ Don't call them M-pop။ The Nation (July 14, 2012)။ 18 July 2012 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 5 March 2019 တွင် ပြန်စစ်ပြီး။
  9. Ah Moon အမြန္း၊ Jason Derulo Feat. Ah Moon & Ar T - COLORS ( Coca-Cola Anthem for the 2018 FIFA World Cup )2018-12-17 တွင် ပြန်စစ်ပြီး
  10. Mystery of Burma: Beyond The Dotehtawady2018-12-17 တွင် ပြန်စစ်ပြီး
  11. Mystery of Burma: Beyond The Dotehtawady2018-12-17 တွင် ပြန်စစ်ပြီး