အမျိုးသား ထိုင်ဝမ် တက္ကသိုလ်

ဝီကီပီးဒီးယား မှ
အမျိုးသား ထိုင်ဝမ် တက္ကသိုလ်
國立臺灣大學
National Taiwan University
ဆောင်ပုဒ်敦品勵學,愛國愛人
အင်္ဂလိပ်ဘာသာ ဆောင်ပုဒ်
Integrity, Diligence, Patriotism and Philanthropy
အမျိုးအစားပြည်သူပိုင် (အမျိုးသားအဆင့်)
တည်ထောင်Founded 1928[၁]
Reorganized 1945
ဥက္ကဋ္ဌLee Si-Chen (李嗣涔)
ဆရာဦးရေ
1,793 (full time),
1,188 (joint and adjunct)
ဘွဲ့ကြိုဦးရေ17,706
ဘွဲ့လွန်ဦးရေ15,710
တည်နေရာထိုင်ပေမြို့ထိုင်ဝမ်
ပရဝုဏ်Urban,
1.6 km² (Greater Taipei combined),
344 km² (Nantou County combined)
နှီးနွယ်အဖွဲ့အစည်းများASAIHL
ဝဘ်ဆိုဒ်(NTU Home)

အမျိုးသား ထိုင်ဝမ် တက္ကသိုလ် (國立臺灣大學) (အတိုကောက်အားဖြင့် ထိုင်တာ့) သည် ထိုင်ဝမ်ရှိ သုတေသနပြု တက္ကသိုလ်ဖြစ်ပြီး ထိုင်ပေမြို့တွင် တည်ရှိသည်။ ထိုင်ပေအပြင် ထိုင်ဝမ်၏ အခြားဒေသများတွင်လည်း တက္ကသိုလ် နယ်မြေ ၆ ခုရှိသည်။[၂] လက်ရှိတွင် တက္ကသိုလ် လက်အောက်၌ ကောလိပ် ၁၃ ခု၊ တက္ကသိုလ် မေဂျာ ၅၄ ခု၊ မဟာတန်း မေဂျာ ၉၆ ခုနှင့် သုတေသနဌာန ၄ ခုရှိသည်။[၃] ပညာရေး နယ်ပယ် ၁၀၀ ကျော်အတွက် ဘွဲ့များကို အပ်နှင်းလျက်ရှိသည်။ ထိုင်ဝမ်တက္ကသိုလ်သည် ထိုင်ဝမ်တွင် နံပါတ် ၁ အဆင့်ရှိပြီး ကမ္ဘာပေါ်တွင် နံပါတ် ၉၅ မြောက် အကောင်းဆုံး တက္ကသိုလ်ဖြစ်သည်။[၄][၅][၆] ၂၀၁၀ ခုနှစ်တွင် နံပါတ် ၉၄ နေရာသို့ တစ်ဆင့်တိုးလာသည်။[၇].

ထိုင်ဝမ်တက္ကသိုလ်ကို ၁၉၂၈ ခုနှစ်တွင် ဂျပန်ကိုလိုနီခေတ်၌ ထိုင်ဟိုကု တဲအိကိုကု ဒိုင်းဂါ့ကု (臺北帝國大學 - ထိုင်ပေ အင်ပါယာ တက္ကသိုလ်) ဆိုသည့် အမည်ဖြင့် တည်ထောင်ခဲ့သည်။ ထိုစဉ်အခါက ဂျပန်၏ သတ္တမမြောက် အင်ပါယာ တက္ကသိုလ် ဖြစ်သည်။ ဒုတိယ ကမ္ဘာစစ် ပြီးနောက် တရုတ်သမ္မတနိုင်ငံ အစိုးရမှ ဂျပန်တို့ထံမှ လက်လွှဲယူကာ ၁၉၄၅ ခုနှစ် နိုဝင်ဘာ ၁၅ ရက်နေ့တွင် အမျိုးသား ထိုင်ဝမ် တက္ကသိုလ်အဖြစ် အမည် ပြောင်းလဲခဲ့သည်။[၈]

ကိုးကား[ပြင်ဆင်ရန်]

  1. as Taihoku Imperial University
  2. National Taiwan University_Campus Location & Area။ 10 March 2008 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 26 December 2010 တွင် ပြန်စစ်ပြီး။
  3. "National Taiwan University, (2007) Archived 21 February 2009 at the Wayback Machine." About NTU
  4. "Higher Education Evaluation and Accreditation Council of Taiwan, (2007) Archived 2 April 2009 at the Wayback Machine." 2007 Performance Ranking of Scientific Papers for World Universities
  5. မော်ကွန်းတင်ပြီးမိတ္တူ။ 27 August 2011 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 26 December 2010 တွင် ပြန်စစ်ပြီး။
  6. မော်ကွန်းတင်ပြီးမိတ္တူ။ 4 October 2009 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ 26 December 2010 တွင် ပြန်စစ်ပြီး။
  7. QS World University Rankings 2010 Results
  8. "National Taiwan University, (2007) Archived 15 June 2008 at the Wayback Machine." NTU history