အမျိုးသားမျက်စိဘဏ်

ဝီကီပီးဒီးယား မှ

အမျိုးသားမျက်စိဘဏ်(ရန်ကုန်)ကို ၁၉၉၃ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သည်။ မြန်မာနိုင်ငံတွင် ရန်ကုန်နှင့် မန္တလေး နှစ်မျိုးတွင်သာ မျက်စိဘဏ်ရှိသည်။ မျက်စိဘဏ်သည် ဆင်းရဲနွမ်းပါးပြီး ဆေးမကုသနိုင်သော် မျက်ကြည်တိမ် ဝေဒနာရှင်များကို ကူညီကုသပေးသည်။ မျက်စိဘဏ်သည် မျက်ကြည်လွှာ စုဆောင်းခြင်း၊ စစ်ဆေးခြင်းနှင့် လိုအပ်သော ဆေးရုံများသို့ ဖြန့်ဝေခြင်းတို့ကို ပြုလုပ်ပေးသည်။

မျက်ကြည်လွှာ အစားထိုးကုသခြင်း[ပြင်ဆင်ရန်]

မျက်ကြည်လွှာ အစားထိုးကုသခြင်း ဆိုသည်မှာ မျက်စိတစ်လုံးလုံးကို အစားထိုးကုသခြင်း မဟုတ်ပါ။ လူမျက်စိ၏ မျက်ကြည်လွှာကိုသာ အစားထိုး ကုသခြင်းဖြစ်သည်။ မျက်ကြည်လွှာလဲလှယ် ခွဲစိတ်ကုသမှု၏ ၉၀ ရာခိုင်နှုန်း အောင်မြင်မှု ရရှိသည်။ မျက်ကြည်လွှာကို မည်သည့်အရွယ်မဆို အစားထိုး ကုသနိုင်သည်။

မျက်ကြည်လွှာ လှူဒါန်းခြင်း အကြောင်း[ပြင်ဆင်ရန်]

လူတစ်ဦး၏ မျက်ကြည်လွှာမကောင်းပါက ကွယ်လွန်သွားသူတစ်ဦးလှူဒါန်းခဲ့သည့် မျက်ကြည်လွှာနှင့်သာ အစားထိုးကုသနိုင်သည်။ လူ့မျက်ကြည်လွှာကို အခြားအစားထိုးကုသနိုင်သည့် ပစ္စည်း တီထွင်နိုင်ခြင်း မရှိသေးပေ။ မျက်ကြည်လွှာကို မျက်ကြည်လွှာ အလှူရှင် ကွယ်လွန်ပြီးနောက်မှ ထုတ်ယူခြင်း ပြုလုပ်သည်။ ကွယ်လွန်ပြီး ၄ နာရီအတွင်း မျက်ကြည်လွှာ အလှူရှင်၏ ကျန်ရစ်သူ မိသားစုက မျက်စိဘဏ်သို့ အကြောင်းကြားပေးရသည်။ မျက်စိအတွင်းတိမ်ရှိသူ၊ မျက်မှန်တပ်သူ၊ ဆီးချိုရောဂါရှိသူ၊ သွေးတိုးရောဂါရှိသူ၊ အသက်အရွယ်ကြီးသူ(၇၅ နှစ်အောက်) များလည်း မျက်ကြည်လွှာ လှူဒါန်းနိုင်သည်။ မျက်ကြည်လွှာ လှူဒါန်းရာတွင် မျက်စိတစ်လုံးလုံးကို ထုတ်ယူခြင်း မဟုတ်ပဲ၊ နာရီမှန်ကဲ့သို့သော အပေါ်ယံအလွှာကိုသာ ထုတ်ယူခြင်းဖြစ်သည်။ မျက်ကြည်လွှာလှူဒါန်းခြင်းဖြင့် ကွယ်လွန်သူ၏ မျက်နှာပုံပန်း သဏန် မပျက်စီးနိုင်ပါ။ မျက်တွင်း ဟောက်ပက် ဖြစ်မသွားပါ။ မျက်ကြည်လွှာကို ဘာသာမရွေး၊ လူမျိုးမရွေး အယုတ်အလတ်၊ အမြတ်မရွေး လှူဒါန်းနိုင်သည်။ မျက်ကြည်လွှာ တစ်စုံပေးလှူခဲ့ခြင်းဖြင့် မျက်ကြည်လွှာ မကောင်းသူနှစ်ဦးအား အလင်းဓာတ်လက်ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။ လှူဒါန်းခဲ့ခြင်းကြောင့် မျက်စိမမြင်သူ နှစ်ဦး၏ ဘဝကို အမြင်အာရုံပြန်လည်ရစေပြီး လူ့လောကထဲတွင် စိတ်ချမ်းသာစွာနှင့် နေထိုင်သွားစေနိုင်မှာဖြစ်သည်။ မျက်စိလှူဒါန်းခြင်းသည် အလွန့်အလွန်မွန်မြတ်သော အလှူဒါန ဖြစ်သည်။ ကြိုတင်လှူဒါန်းသူ ကွယ်လွန်ပြီးပါက ကျန်ရစ်သူ မိသားစုမှ မျက်စိဘဏ်သို့ အကြောင်းကြားပေးရန် လိုအပ်သည်။

မျက်စိဘဏ်၏ ဆောင်ပုဒ်[ပြင်ဆင်ရန်]

  • မျက်စိလှူကြ၊ မျက်ကြည်ရ ၊ မြတ်သည့် လှူဒါန။

မျက်စိဘဏ်၏ လိပ်စာ[ပြင်ဆင်ရန်]

  • အမျိုးသားမျက်စိဘဏ်(ရန်ကုန်)သည် အမှတ်-၃၀၊ နတ်မောက်လမ်း၊ မျက်စိဆေးရုံ၊ ရန်ကုန်မြို့။ ဖုန်း - ၀၁ - ၅၄၉ ၁၇၁၊ ၅၅၇ ၉၅၆၊ ၅၄၁ ၃၀၆
  • အမျိုးသားမျက်စိဘဏ် (မန္တလေး)သည် ၂၃ လမ်း(၈၀ နှင့် ၈၁ လမ်းကြား)၊ မ-န-န-လ ဆေးရုံးကြီး၊ မန္တလေးမြို့။ ဖုန်း - ၀၂ - ၃၉၄၅၀၊ ၀၂ - ၃၁၂၀၀