အမ်မိုနိုက်

ဝီကီပီးဒီးယား မှ
အမ်မိုနိုက်
Temporal range: 409–66 Ma
DevonianCretaceous
Pleuroceras solare, Little Switzerland, Bavaria, Germany.jpg
Specimen of Pleuroceras solare, from the Lower Jurassic of Bavaria, Germany
မျိုးရိုးခွဲခြားခြင်း ပြင်ဆင်
လောက: Animalia
မျိုးပေါင်းစု: Mollusca
မျိုးပေါင်း: Cephalopoda
မျိုးပေါင်းသေး: Ammonoidea
Zittel, 1884
မျိုးစဉ်

အမ်မိုနိုက် သည် ပင်လယ်ခရုတစ်မျိုးဖြစ်သည်။ ယင်းသည် မိုလပ်စကာမျိုးပေါင်းစု၊ စီဖလိုပိုဒါမျိုးပေါင်းတွင် အမ်မိုနွိုင်ဒီးယမျိုးစဉ်၌ပါဝင်သည်။ ပက်ကျိနှင့်လည်း ဆင်ဆင်တူသည်။ ပစိဖိတ်နှင့် အိန္ဒိယသမုဒ္ဒရာများထဲ၌ တွေ့ရှိရသော နော့တိလပ်ခေါ် ပင်လယ်ခရုမျိုးနှင့် အနွယ်ချင်းနီးစပ်သည်။

အမ်မိုနိုက်တို့သည် ရှေးပဝေဏီကပင် ဤကမ္ဘာ လောကကြီး၌ ပေါ်ပေါက်ခဲ့သော တိရစ္ဆာန်များ ဖြစ်ကြသည်။ ဒုတိယကပ်စတည်သောကျောက်တွင် ယင်းတို့၏ ကျောက်ဖြစ်ရုပ် ကြွင်းများကို အများအပြား တွေ့ရှိရသည်။ ကမ္ဘာပေါ်တွင် အမ်မိုနိုက်အမြောက်အမြား ရှိခဲ့သည်မှန်သော်လည်း ယခုအခါတွင် မျိုးဆက်ပျောက်ပျက် တိမ်ကောသွားကြလေပြီ။ အမ်မိုနိုက်၏ ပုံသဏ္ဌာန်သည် ရှေးအီဂျစ်နတ်သား အမ်မွန်၏ သိုးထီးချိုနှင့်တူသောကြောင့် အမ်မိုနိုက်ဟု ခေါ်သည်ဟုလည်း ဆိုကြသည်။ အမ်မိုနိုက်၏ ကိုယ်အခွံသည် ခွေ၍နေ သောမြွေသဖွယ် ကျောက်များထဲ၌ ကွေးကွေးကလေးဖြစ်နေသည်ကို တွေ့ရသည်။ ရှေးအခါက အမ်မိုနိုက်အကြီးစား ကျောက်ဖြစ်ရုပ်ကြွင်းများကို ကျောက်ဖြစ်နေသာမြွေဟု မှားယွင်းစွာ ယူဆခဲ့ကြဖူးသည်။ ခေါင်းမပါသည်ကိုတွေ့ရှိသောအခါ စိန့်သူတော်စင်များက မြွေတို့၏ခေါင်းကို ဖြတ်ပစ်လိုက်သောကြောင့်ဖြစ်သည်ဟု ဒဏ္ဍာရီပုံပြင်သဖွယ် ယူဆခဲ့ကြသည်။ အမ်မိုနိုက်၏ကိုယ်အခွံတွင် အခန်းငယ်ကလေးပေါင်းမြောက်မြားစွာပါရှိသည်။ သို့ရာတွင် အမ်မိုနိုက်တိရစ္ဆာန် အမှန်ပါရှိသည်မှာ အကြီးဆုံးသော ပထမအခန်းတစ်ခန်းသာဖြစ်သည်။ ယခုတွေ့ရှိရသော ယင်းတို့၏ကျောက်ဖြစ်ရုပ်ကြွင်းများသည် ပဲနောက်စေ့ အရွယ်မှသည် ၁ဝ ပေ အချင်းရှိသော အရွယ်အထိ အမျိုးမျိုးအစားစား ရှိကြလေသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၅)