အမေ (ကဗျာ)

ဝီကီပီးဒီးယား မှ

အမေ ကဗျာကို ငွေတာရီ ရေးဖွဲ့ခဲ့သည်။ အချိုး ကဗျာအမျိုးအစား ဖြစ်သည်။

အမေ[ပြင်ဆင်ရန်]

မိုးယံမှာ ကြယ်တစ်ပွင့်
ပြုံးဝင့်လို့ စိန်သဖွယ်
ဝင်းလက်လှတယ်။

မိုးပေါ်ကကြယ် မထယ်လားမောင်မေး။

သားတော်မောင် သူ့မျက်လုံးနဲ့
ပြိုင်ဦးတဲ့လေး။

လစန္ဒာ ငွေရည်မှုန်းလို့
အပြုံးနဲ့ သူကြိုဆို
နူးညွတ်ဖွယ်ကို။

လဝန်းပျို၊ မချိုလားမောင်မေး။

သားမျက်နှာ ချိုချိုပြုံးနဲ့
ပြိုင်ဦးတဲ့လေး။

လရောင်နဲ့ ကြယ်ရောင်
ငွေနှင်းရည် မြလွှာထက်က
ဝင်းလက်ပုံဆောင်။

နှင်းငွေဥရောင်၊ မပြောင်လားမောင်မေး။

သားလူညို သူငိုတုန်းကို
ပြိုင်ဦး တဲ့လေး။

ခက်ဆစ်[ပြင်ဆင်ရန်]

၁။ ထယ် = ထည်ဝါသည်။

၂။ စန္ဒာ = လ။

၃။ ငွေရည်မှုန်း = ငွေရောင်ခြယ်သည်။

ကိုးကား[ပြင်ဆင်ရန်]

  1. မြန်မာကဗျာလက်ရွေးစင် − သတ္တမတန်း