အမေရိကန်ပြည်ထောင်စု၏ ဒုတိယသမ္မတ
| အမေရိကန်ပြည်ထောင်စု ၏ ဒုတိယသမ္မတ | |
|---|---|
အမေရိကန်ပြည်ထောင်စု ဒုတိယသမ္မတ၏ တံဆိပ် | |
အမေရိကန်ပြည်ထောင်စု ဒုတိယသမ္မတ၏ အလံတော် | |
| |
| ပုံစံ |
|
| လက်ရှိအခြေအနေ |
|
| အဖွဲ့ဝင် |
|
| စံအိမ် | Number One Observatory Circle (အမေရိကန်ပြည်ထောင်စု၏ ဒုတိယသမ္မတ ၏ တရားဝင်နေအိမ်) |
| ရုံးတည်နေရာ | ဝါရှင်တန်ဒီစီမြို့ |
| ခန့်အပ်သူ | အမေရိကန်ပြည်ထောင်စု ရွေးကောက်ပွဲကောလိပ် သို့မဟုတ် လစ်လပ်နေပါက သမ္မတမှတစ်ဆင့် လွှတ်တော်အတည်ပြုချက်ဖြင့် ခန့်အပ်သည် |
| သက်တမ်း | လေးနှစ်၊ သက်တမ်းကန့်သတ်ချက်မရှိပါ |
| ဖွဲ့စည်းပုံ အခြေခံဥပဒေ | အမေရိကန်ပြည်ထောင်စု၏ဖွဲ့စည်းပုံအခြေခံဥပဒေ |
| ဖွဲ့စည်းခြင်း | မတ် ၄၊ ၁၇၈၉ [၁] |
| ပထမဆုံး ထမ်းဆောင်သူ | ဂျွန် အာဒမ်းဇ် |
| ဆက်ခံခြင်း | အမေရိကန်သမ္မတရာထူး ဆက်ခံမှုတွင် ပထမနေရာ |
| အခြားအမည် | VPOTUS, [၂], VP, Veep[၃] |
| လစာ | နှစ်စဉ် အမေရိကန်ဒေါ်လာ ၂၃၅,၁၀၀ |
| ဝက်ဘ်ဆိုဒ် | www.whitehouse.gov |
အမေရိကန်ပြည်ထောင်စု၏ ဒုတိယသမ္မတ သည် အမေရိကန်ပြည်ထောင်စုဖက်ဒရယ်အစိုးရ၏ အုပ်ချုပ်ရေးမဏ္ဍိုင်တွင် ဒုတိယအမြင့်ဆုံးရာထူးဖြစ်ပြီး သမ္မတပြီးနောက် အစိုးရဆက်ခံမှု အစီအစဉ်တွင် ပထမနေရာတွင်ရှိသည်။ ဒုတိယသမ္မတသည် ဥပဒေပြုမဏ္ဍိုင်တွင်လည်း အမေရိကန် အထက်လွှတ်တော် ဥက္ကဋ္ဌ အဖြစ် တာဝန်ယူပြီး အထက်လွှတ်တော်ကို ဥက္ကဋ္ဌအဖြစ် ဦးဆောင်နိုင်သော်လည်း မဲအညီအမျှဖြစ်သည့်အခါမှသာ အဆုံးအဖြတ်မဲပေးနိုင်သည့် အခွင့်အရေးရရှိသည်။
ရွေးချယ်ခန့်အပ်မှု
[ပြင်ဆင်ရန်]ဒုတိယသမ္မတကို အမေရိကန်ပြည်ထောင်စု၏ သမ္မတနှင့်အတူတစ်ချိန်တည်းတွင် လေးနှစ်သက်တမ်းအတွက် Electoral College မှတစ်ဆင့် ပြည်သူများက သွယ်ဝိုက်ရွေးချယ်တင်မြှောက်သည်။သို့သော် သမ္မတနှင့် ဒုတိယသမ္မတအတွက် ရွေးကောက်ပွဲမဲများကို သီးခြားစီထည့်သွင်းပေးကြရသည်။
၁၉၆၇ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု၏ဖွဲ့စည်းပုံအခြေခံဥပဒေ၏ ၂၅ ကြိမ်မြောက် ပြင်ဆင်ချက် ပြဋ္ဌာန်းပြီးနောက် ဒုတိယသမ္မတရာထူး လစ်လပ်သွားလျှင် သမ္မတသည် အမည်စာရင်းတင်သွင်းပြီး လွှတ်တော်နှစ်ရပ်လုံး၏ မဲအများစုအတည်ပြုချက်ဖြင့် ဖြည့်စွက်ခန့်အပ်နိုင်သည်။
ဤစနစ်သည် ၁၈၄၁ ခုနှစ်တွင် သမ္မတကွယ်လွန်ပြီးနောက် ဂျွန် တိုင်လာသည် ပထမဆုံး ဒုတိယသမ္မတမှ သမ္မတရာထူး ဆက်ခံခဲ့သည့် ဝီလျံ ဟင်နရီ ဟယ်ရီဆန် ၏ ကွယ်လွန်မှုဖြင့် ဖြစ်ပေါ်ခဲ့သော တိုင်လာ အစဉ်အလာအပေါ် အခြေခံထားသည်။
ကိုးကား
[ပြင်ဆင်ရန်]- ↑ "The conventions of nine states having adopted the Constitution... Owings v. Speed, 18 U.S. (5 Wheat) 420, 422 (1820)
- ↑ VPOTUS။ Merriam-Webster။ January 25, 2021 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ February 10, 2021 တွင် ပြန်စစ်ပြီး။
- ↑ Veep။ Merriam-Webster။ October 14, 2020 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ February 14, 2021 တွင် ပြန်စစ်ပြီး။