အမိ

ဝီကီပီးဒီးယား မှ
Jump to navigation Jump to search

အမိသည် မြန်မာ့ဆွေမျိုးစပ်ဝေါဟာရတစ်ခု ဖြစ်သည်။[၁]

အသုံးပြုခြင်း[ပြင်ဆင်ရန်]

အမိသည် မိမိအားမွေးသည့် ကျေးဇူးရှင်ကို ဖော်ကျူးကာ ခေါ်ဝေါ်သည့် ဝေါဟာရတစ်ခု ဖြစ်သည်။ ရပ်ရွာဒေသကိုလိုက်၍ အမိ၊ အမေကို အမဟု ခေါ်သည်လည်း ရှိသည်။ ထို့အပြင် မြန်မာမိန်းကလေးတို့သည် ကြီးသူက ငယ်သူအားလည်းကောင်း၊ သက်တူရွယ်တူအချင်းချင်းသည်လည်းကောင်း ရင်းနှီးကျွမ်းဝင်သည့် သဘောဖြင့် တဦးကိုတဦး အမိဟု ခေါ်ကြသည်လည်း ရှိသည်။

သွေးသားတော်စပ်မှုမရှိသော်လည်း မြန်မာတို့၏ ယဉ်ကျေးမှုအရ မိခင်အရွယ်ရှိသည့် သူကို လမ်း၊ ဈေး စသည်တို့တွင် ခေါ်ပြောနှုတ်ဆက်ရာ၌လည်း အမေဟူသည့် ဝေါဟာရကို အသုံးပြုလည်း ရှိသည်။[၁]

ဝေါဟာရများ[ပြင်ဆင်ရန်]

ထိုအမိ၊ အမေဟူသည့် ဝေါဟာရကိုပင် အလဲအဖယ်ပြုလုပ်ကာ မအေ၊ မေမေ၊ မိခင်၊ မွေးသမိခင် စသည်ဖြင့် ခေါ်ဝေါ်သုံးစွဲကြသည်လည်း ရှိသည်။ ဤတွင် မအေဟူသည်မှာ အမေကို အက္ခရာဖလှယ်၍ ရွတ်ဆိုအသုံးပြုထားခြင်း ဖြစ်သည်။ မေမေဟူသည့် အသုံးအနှုန်းသည်လည်း မေကိုပင် အသံသာယာပြေပြစ်စွာ ရွတ်ဆိုကြပြီး မေမေဟု ဖြစ်လာသည်။ မွေးသမိခင်ဆိုသည်မှာ မွေးမေမေ၊ မွေးမိခင်၊ မွေးသမိခင် စသည့် စကားတို့မှ ချဲ့ထွင်ကာ သုံးစွဲထားခြင်း ဖြစ်ပြီး မိမိအား မွေးဖွားသည့် သူကို အထူးပြုလိုသဖြင့် သုံးစွဲသည့် ဝေါဟာရ ဖြစ်သည်။

နောင်အခါတွင် မ၊ မိ၊ မေ၊ မယ်တို့သည် အမိကိုသာမက အမျိုးသမီးများ၏ အမည်ရှေ့က ရှေ့ဆက်စကားများအဖြစ် ပြောင်းလဲလာခဲ့သည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. ၁.၀ ၁.၁ ၁.၂ မာလေး (ပထမအကြိမ်ပုံနှိပ်ခြင်း၊ ၁၉၇၇ ခုနှစ်). မြန်မာ့ဆွေမျိုးစပ် ဝေါဟာရများ. ၅၂၉ − ၅၃၁ ကုန်သည်လမ်း၊ ရန်ကုန်မြို့: စာပေဗိမာန်အဖွဲ့။