အမာစိန်

တစ်ချိန်က နာမည်ကျော်သော မန္တလေးအငြိမ့်မင်းသမီး ဖြစ်သည်။ သဘင်ပညာရှင်ကြီး ရွှေဒေါင်းညို၏ တူမ တော်စပ်၍၊ ချစ်ဦးညို ၏ အစ်မဝမ်းကွဲ တော်စပ်သည်။၁၉၅၂ ခုနှစ်၊ မန္တလေး ပန်တျာကျောင်း စပြီးတည်ထောင်တေ အမျိုးသမီးအကနည်းပြ က ဒေါ်သြဘာသောင်း၊ အမျိုးသားအကကိုသင်မယ့် ဆရာ ဦးရွှေဒေါင်းညို။ သင်ပေးမယ့်ဆရာတွေသာရှိတာ ကျောင်းက ဖွင့်စဆိုတေ သင်တန်းသူ၊ သင်တန်းသားက မရှိသေးဘူး။ ဒီတော့ ဦးရွှေဒေါင်းညိုက “အမာစိန်ရော၊ မခင်စိန်ရော၊ မစန်းရီရော” ပန်တာ ကျောင်းလာတက်ကြဆိုပြီး တူမတွေကို တက်ခိုင်းတော့တာပဲ။ ဦးလေးကို ကြောက်ပြီး သုံးယောက်စလုံး လာတက်ရတော့ အမာစိန်နဲ့ မခင်စိန်က အကသင်တန်း၊ မစန်းရီက ပတ္တလားသင်တန်း တက်ကြတယ်။ အမာစိန်ဟာ တတိယနှစ်အရောက်မှာပဲ နိုင်ငံတော်အစိုးရက စေလွှတ် တဲ့ နှစ်နိုင်ငံချစ်ကြည်ရေးဖလှယ်တဲ့ ခရီးစဉ်မှာ ရွေးချယ်ခံရပြီး ယိုးဒယား ကို သွားရောက်ဖျော်ဖြေခွင့်ရတဲ့ တစ်ဦးတည်းသော ကျောင်းသူဖြစ်ပါတယ်။ရွှေမန်းရီရီအငြိမ့်မှာ ရှေ့ထွက်မင်းသမီးအဖြစ် ကပြပြီး တစ်နှစ်ပြည့် ချိန် မင်းသမီးကြီး ဒေါ်အောင်မြသင်း တည်ထောင်ပြီး ဦးကြီးဖြစ်သူ ဦးဘစံ ဦးစီးစီစဉ်တဲ့ အငြိမ့်မှာ ခေါင်းဆောင်မင်းသမီးအဖြစ် ကပြနိုင်ခဲ့ပါတယ်။ လူရွှင်တော်ကြီးများဖြစ်ကြတဲ့ ဦးလိမ္မော်၊ ဦးမြမောင်၊ ဦးငွေတိုးတို့နှင့်အတူ ““ယိုးဒယားပြန် အမာစိန်အငြိမ့်””ဆိုပြီး ၁၉၅၆ ခုနှစ်မှာ စတင်ပေါ်ထွက် လာခဲ့ပါတယ်။အမာစိန်မာ အငြိမ့်လောကမှာ ငါးနှစ်ခန့် ကပြီး အလွန်အောင်မြင်နေဆဲမှာပဲ ရုပ်နှင့် ဒါရိုက်တာများရဲ့ မျက်စိကျခြင်းခံရပြီး ရုပ်ရှင်နယ်ထဲ ဆွဲခေါ်လိုက်တာကြောင့် အစပိုင်းမှာတော့ အငြိမ့်အားရက်တွေမှာ ရုပ်ရှင်ရိုက်နေရာက နောက်ပိုင်းမှာတော့ အငြိမ့်မင်းသမီးဘဝကို လုံးလုံးစွန့်လိုက်ပြီး ရုပ်ရှင် မင်းသမီးဘဝကို ပြောင်းလဲလှုပ်ရှားခဲ့ပါတယ်။
တကယ်တမ်းမှာတော့ ရုပ်ရှင်ဟာ အမာစိန် ဝါသနာပါတဲ့အလုပ်တစ်ခု မဟုတ်ပါဘူး။ ဒါကို တဖြည်းဖြည်းသိလာတဲ့အခါ ရုပ်ရှင်ကို များများစားစား မရိုက်တော့ဘဲ နှစ်ကား၊ သုံးကားလောက်ရိုက်ပြီးချိန်မှာ ဆက်မရိုက်တော့ ဘူး။ ရန်ကုန်မြို့၊ မြန်မာ့အသံမှာ အစီအစဉ်ကြေညာသူအဖြစ် ဝင်ရောက်ခဲ့ပါတယ် ။ မြန်မာ့အသံမှာ အစီအစဉ်ကြေညာသူအဖြစ်၊ အဆိုတော်အဖြစ်ကျင်လည် နေရင်း အဲ့ဒီအချိန်က ပြန်ကြားရေးနဲ့ ယဉ်ကျေးမှုဝန်ကြီးဌာနကို ပူးတွဲ တာဝန်ယူထားတဲ့ ဗိုလ်မှူးကြီး စောမြင့်က ယဉ်ကျေးမှု ကဇာတ်ဌာနမှာ နည်းပြဆရာမ လိုနေတယ်။ အမာစိန်က မြန်မာ့အသံထက် ယဉ်ကျေးမှု ကဇာတ်မှာ ပိုပြီးသင့်တော်တယ်ဆိုပြီး မြန်မာ့အသံကနေ ယဉ်ကျေးမှုကဇာတ် ဌာနကို ““အကနည်းပြဆရာမ””အဖြစ် ရာထူးတိုးခန့်အပ်လိုက်ပါတယ်။
မြန်မာ့အသံမှာ ခုနစ်နှစ်ခန့်လုပ်ခဲ့ပြီး ၁၉၆၄ ခုနှစ်ကစလို့ ယဉ်ကျေးမှု ကဇာတ်ဌာန အကနည်းပြဆရာမအဖြစ် တာဝန်ယူချိန်မှာ အမျိုးသမီး ယိမ်းပေါင်းများစွာကို သင်ကြားပေးခဲ့ရာ စိန်ကြောင်နီလာယိမ်း၊ လက်အလှ ယိမ်း၊ နန်းကြာညိုကျော့ယိမ်းများကို လူအများ နှစ်သက်တာကြောင့် ထင်ရှား ခဲ့ပါတယ်။
အမာစိန်ဟာ ယဉ်ကျေးမှုကဇာတ်မှာ သင်ကြားပေးရုံသာမက အစိုးရ ပွဲတွေ၊ တော်လှန်ရေးကောင်စီဥက္ကဋ္ဌ ဦးနေဝင်းရဲ့ အိမ်တော်ပွဲတွေ၊ နိုင်ငံခြား ဧည့်သည်တော်များကို အထူးဧည့်ခံတဲ့ပွဲတွေမှာ တစ်ခါတစ်လေ အငြိမ့်၊ တစ်ခါတစ်လေ တပင်တိုင်အကနဲ့ ကိုယ်တိုင်ကပြ ဖျော်ဖြေရပါတယ်။ ယခုအခါမိုးကုတ်ဝိပသနာမှာ ရာသက်ပန်ယောဂီ အဖြစ်တရားအားထုတ်လျက်ရှိပါတယ် ။
| ဤ မြန်မာလူပုဂ္ဂိုလ် အတ္ထုပ္ပတ္တိ ဆောင်းပါးမှာ ဆောင်းပါးတိုတစ်ပုဒ် ဖြစ်သည်။ ဖြည့်စွက်ရေးသားခြင်းဖြင့် မြန်မာဝီကီပီးဒီးယားကို ကူညီပါ။ |