အမရဝတီကျောက်များ

ဝီကီပီးဒီးယား မှ
Amaravati Collection
The sculptures as displayed in the British Museum.
ပစ္စည်းLimestone
ဖန်တီးခြင်း1st century BCE to 8th century CE
ရှာဖွေတွေ့ရှိခြင်း1797
Amaravathi Mahachaitya
လက်ရှိတည်နေရာBritish Museum, London

အမရဝတီကျောက်များသည် ဗြိတိသျှပြတိုက်ရှိ ပန်းပုနှင့် ကျမ်းစာ ၁၂၀ ခုကို ဆိုလိုသည်။ ၎င်းတို့ကို အိန္ဒိယနိုင်ငံ၊ Andhra Pradesh ပြည်နယ်၊ Guntur, အမရဝတီ (Amaravathi) မှ ရရှိခဲ့သည်။ အမရဝတီရှေးပစ္စည်းများကို ၁၈၈၀ ခုနှစ်များတွင် အမရဝတီပြခန်းသို့ ရောက်ရှိခဲ့သည်။ ပန်းပုရုပ်များကို ၁၈၄၀ ခုနှစ်များက Sir Walter Elliot နှင့် ဆက်စပ်မှုရှိခဲ့သဖြင့် အီးလီးယော့မာဘယ် (Elliot Marbles) ဟု ခေါ်ဆိုသည်။

အရွယ်အစားကြီးမားသည့် ပန်းပုများကို အမရဝတီရှိ ပြတိုက်နှင့် အစိုးရပြတိုက်တို့တွင် ထားရှိသည်။ သေးငယ်သောပန်းပုများကိုမူ အိန္ဒိယနိုင်ငံရှိ အခြားသောပြတိုက်များနှင့် ကမ္ဘာတစ်ဝန်းတွင် ထားရှိသည်။

ဖော်ပြချက်[ပြင်ဆင်ရန်]

Slab of the Great Stupa with a Buddha statue at the entrance

ဗြိတိသျှရှိ အမရဝတီပြခန်းတွင် ထုံးကျောက် (Palnad ကျောက်) မှ ထုဆစ်ထားသည့် ပန်းပု ၁၂၀ ကျော် ပြသထားသည်။ ကျောက်များသည် စကျင်ကျောက်များ လုံးဝဟုတ်ကြပေ။ ကျောက်များ၏ ရင်းမြစ်မှာမူ Palnad ကျောက်တွင်းမှ ဖြစ်သည်ဟု ဆိုကြသည် (ဤသည်မှာလည်း အထောက်အထား မခိုင်လုံပေ)။[၁]

ပန်းပုရုပ်တုများသည် များသောအားဖြင့် ကယ်ဆယ်ခြင်း (relief), ဇာတာဝတ္ထုများကို ရေးဆွဲထားသည်များ၊ ဗုဒ္ဓ၏ ယခင်ဘဝများက စာပေတွင်ပါဝင်သည့် အကြောင်းအရာများကို ထွင်းထုထားသည်။ ချင်နိုင်း (ယခင်က Madras) ရှိ ပြတိုက်တွင် ပြသထားသည်မှာ ကယ်ဆယ်ခြင်းများ ဒုတိယရာစုနှစ် BCE တွင် စတင်ခဲ့သည့် အချိန်ကာလ လေးခုနှင့် ပြန့်ပွားအောင် ပြလုပ်ခဲသည့်ဒုတိယရာစုနှစ် BCE ဟူ၍ ခွဲခြားနိုင်သည်။ အစောပိုင်းကာလတွင် စေတီတော်နှင့် စေတီတော်ရှိ ပန်းပုများသည် အိန္ဒိယနိုင်ငံရှိ အစာပိုင်းကာလ ခရစ်ယာန်ဘာသာအကြောင်းများ ပါဝင်နေသည်ဟု မှားယွင်းစွာ ထင်မြင်ယူဆမှုများ ရှိခဲ့သည်။[၂]

ပန်းပုရုပ်များတည်ရှိနေပုံကို အပိုင်းများစွာ ခွဲခြားကာ ကြည့်ရှုနိုင်သည်။ စေတီ၏ ဂိတ်ဝရှိ အပိုင်း၊ နံရံရှိ အပိုင်း၊ စေတီအမိုးခုံးကို မျက်နှာချင်းဆိုင်တည်ရှိနေကြသည့် အပိုင်း စသည်ဖြင့် ပန်းပုများစွာ တည်ရှိကြသည်။ ကျောက်စာတိုင်များ၊ ကန့်လန့်ဖြတ်တန်းများ၊ တံတိုင်းခိုင်များ၊ တံခါးရွက်များ၊ ပျဉ်ချပ်များ၊ ကျောက်စာတိုင်အပိုင်းအစများ၊ ကာကွယ်စောင့်ရှောက်သည့် ခြင်္သေ့နှစ်ကောင်၊ သောင်းပြောင်းထွေလာ ဖြစ်နေသည့် အပိုင်းအစများ၊ အခြားသော ကာလများက အရာများ စသ်ညတို့ တည်ရှိသည်။ စုပေါင်းလိုက်ပါက ၎င်းတွင် ရှေးခေတ်အိန္ဒိယပန်းပုများနှင့် ဥရောပဒေသများရှိ အရေးပါသည့် အရာများကို တွေ့နိုင်သည်။

အစောပိုင်းသမိုင်းနှင့် အိန္ဒိယမှတ်တမ်းများ[ပြင်ဆင်ရန်]

Dome slab from the 2nd century stupa

အင်္ဂလန်သို့ ရောက်ရှိခြင်း[ပြင်ဆင်ရန်]

၁၈၈၀ ခုနှစ်၌ ဗြိတိသျှပြတိုက်သို့ ပြောင်းရွှေ့ခြင်း[ပြင်ဆင်ရန်]

ဗြိတိသျှပြတိုက်တွင် အမရဝတီပြခန်းအဖြစ် ပြသခြင်း[ပြင်ဆင်ရန်]

စာရင်းနှင့် သုတေသန[ပြင်ဆင်ရန်]

ကိုးကား[ပြင်ဆင်ရန်]

  1. Roy၊ Amit။ "Out of Amatavati"၊ December 1992။ 21 December 2013 တွင် ပြန်စစ်ပြီး 
  2. Buddhist Sculptures, Government Museum, Chennai, retrieved 21 December 2013