မာတိကာသို့ ခုန်သွားရန်

အမည်မဖော်လိုသူများ

ဝီကီပီးဒီးယား မှ
Anonymous
ခေါင်းမပါသော အနောနီးမစ်ပုံသည် အဖွဲ့အစည်းတွင် ခေါင်းဆောင်မရှိဟု ဆိုလိုသည်[]
အနောနီးမစ်မျက်နှာဖုံး ဝတ်ဆင်ကာ ကိုယ်ရေးအချက်အလက်အား ဖုံးကွယ်ကြသည်
ဖွဲ့စည်းခြင်းc.2004
အမျိုးအစား
  • Multiple-use name/Avatar
  • Virtual community
  • စေတနာဝန်ထမ်း အဖွဲ့အစည်း
ဦးတည်ချက်
  • ဆိုက်ဘာ စောင့်ကြည့်မှုအား ဆန့်ကျင်ခြင်း
  • အင်တာနက်ဆင်ဆာပြုလုပ်ခြင်းအား ဆန့်ကျင်ခြင်း
  • အင်တာနက် တက်ကြွမှု
  • Internet vigilantism
ဝန်ဆောင်မှုဒေသ
ကမ္ဘာတစ်ဝန်း
အဖွဲ့ဝင်များ
ဗဟိုထိန်းချုပ်မှုကင်းမဲ့သော အဖွဲ့

အနောနီးမစ် (အမည်မသိ) သည် နိုင်ငံတကာမှ ဟက်ကင်းနှင့် သက်ဆိုင်သော တက်ကြွသည့် အဖွဲ့အစည်းဖြစ်သည်။ ယင်းအဖွဲ့အစည်းသည် အစိုးရ၊ ဘာသာရေး၊ အဖွဲ့အစည်းတစ်ခုခုတို့၏ ဝဘ်ဆိုဒ်များအား distributed denial-of-service (DDoS) ဖြင့် တိုက်ခိုက်ကာ နာမည်ကျော်ကြားလာခဲ့သည်။[]

ဖွဲ့စည်းမှု

[ပြင်ဆင်ရန်]

၂ဝဝ၃ ခုနှစ်တွင် 4chan ဆိုသော ကွန်ရက်တစ်ခုမှ အနောနီးမစ်သည် အခြေတည်လာခဲ့သည်။[][][] အနောနီးမစ်အဖွဲ့ဝင်များအား Guy Fawkes မျက်နှာဖုံး ဝတ်ဆင်ထားသောအနေအထားဖြင့် လူသိများသည်။[] အနောနီးမစ်သည် အဖွဲ့အစည်းဖြစ်သော်လည်း ခေါင်းဆောင်မရှိပေ။ အဖွဲ့ဝင်များသည် မိမိတို့၏ကိုယ်ရေးအချက်အလက်များအား ဖုံးကွယ်ရန် မျက်နှာအား Guy Fawkes မျက်နှာဖုံးအား တပ်ဆင်ကာ ဆန္ဒပြခြင်း၊ စီတန်းလှည့်ခြင်းများ ဆောင်ရွက်ကြသည်။ ယင်းတို့၏ ရည်ရွယ်ချက်များမှာ အင်တာနက် ဆင်ဆာပြုခြင်းအား ဆန့်ကျင်ခြင်း၊ ဆိုက်ဘာဆင်ဆာလုပ်ခြင်းအား ဆန့်ကျင်ခြင်းများဖြစ်သည်။ အဓိက ပစ်မှတ်ခံရသော အဖွဲ့အစည်းများမှာ အမေရိကန် အစိုးရအေဂျင်စီ၊ အစ္စရေး၊ တူနီးရှား၊ ယူဂန်ဒါနှင့် ISIS စသောအဖွဲ့အစည်းများ ဖြစ်ကြသည်။ ၂ဝ၁၂ ခုနှစ်တွင် ဒါဇင်နှင့်ချီသော အနောနီးမစ်အဖွဲ့သားများသည် ဒယ်ဂျစ်တယ် ရိုဘင်ဟု၊[] သို့မဟုတ် ဆိုက်ဘာ အကြမ်းဖက်သမားများ[] အဖြစ် ယူကေ၊ အမေရိကန်၊ ဩစတျေးလျ၊ စပိန်၊ တူရကီနိုင်ငံများတွင် အဖမ်းခံခဲ့ရသည်။[] ကမ္ဘာကျော် တိုင်းမ် မဂ္ဂဇင်းမှ အနောနီးမအဖွဲ့အစည်းအား ကမ္ဘာ့အလွှမ်းမိုးဆုံး ၁ဝဝ စာရင်းဝင်အဖြစ် သတ်မှတ်ခဲ့သည်။[၁၀]

တိုက်ခိုက်မှုများ

[ပြင်ဆင်ရန်]

ဆွီဒင်အစိုးရဝဘ်ဆိုဒ်များအား Anonymous တို့တိုက်ခိုက်ခဲ့ပြီး ကမ္ဘာ့အလိုရှိဆုံး အင်တာနက်ပေါ်မ ရာဇဝတ်မှုကျူးလွန်သူများ ဖြစ်သည့် Anonymous ဟက်ကာ အဖွဲ့သည် အောက်တိုဘာလ ၅ ရက်နေ့တွင် ဆွီဒင်အစိုးရဝဘ်ဆိုဒ်များကို တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ယင်းတိုက်ခိုက်မှုကြောင့် ဆွီဒင် ဗဟိုဘဏ်၊ တရားသူကြီးရုံးချုပ် ဝဘ်ဆိုဒ် အပါအဝင် အစိုးရဝဘ်ဆိုဒ် အခု ၂၀ ကျော် ယာယီ ပိတ်ပင်မှုခံခဲ့ရသည်။ ဗဟိုဘဏ်ဝဘ်ဆိုဒ်ကို ၅ နာရီကြာမှ ပြန်လည်ကြိုးစားရယူ မှုကြောင့် အောင်အောင်မြင်မြင်ရရှိခဲ့သည်။ ကျန်သည့် ဝဘ်ဆိုဒ်များမှာ အချိန်အနည်းငယ်ဆီကြာပြီး ပြန်လည် ဖွင့်လှစ်နိုင်ရန် ခက်ခဲနေသေးသော ဝဘ်ဆိုဒ်များလည်း ကျန်ရှိနေသေးကြောင်းသိရသည်။

ယင်းတိုက်ခိုက်မှုကို Anonymous ဟက်ကာတို့မှ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း တရားဝင်ထွက်ဆိုထားသည်။ တိုက်ခိုက်မှု မပြုလုပ်စဉ် အောက်တိုဘာလ ၁ ရက်နေ့ကလည်း ဆွီဒင်အစိုးရဝဘ်ဆိုဒ်များ ကျရန် ဖျက်ဆီးသွားမည်ဖြစ်ကြောင်း ကြိုတင်ကြေညာခဲ့သည်။ ထို့ကြောင့် အောက်တိုဘာလ ၅ ရက်နေ့ (သောကြာနေ့) မွန်းလွဲပိုင်းတွင် ဆွီဒင်အစိုးရဝဘ်ဆိုဒ်များ ပြတ်တောက်ခဲ့ရသည်။ ယင်းတိုက်ခိုက်မှုကို ပြုလုပ်ရန် ဆွီဒင်နိုင်ငံတွင်းမှ ဟက်ကာ အချို့နှင့်လည်း ပူးပေါင်းခဲ့ကြောင်း သိရသည်။ သံသယရှိဖွယ်ဟက်ကာများကို ဆွီဒင်တို့လိုက်လံဖမ်းဆီးနေပြီး Anonymous အား အပြစ်ပေးအရေး ယူသွားမည် ဖြစ်ကြောင်း ဆွီဒင်မှ ပြောရေးဆိုခွင့်ရှိသူ နည်းပညာအရာရှိတစ်ဦးမှ ပြောဆိုခဲ့သည်။ “ဆွီဒင်နိုင်ငံရဲ့ ဥပဒေအရဆိုရင် ဒီလို အစိုးရ အင်တာနက်စာမျက်နှာများ တားဆီးနှောင့်ယှက်ခြင်းဟာ အနည်းဆုံး ထောင်ဒဏ် ၂ နှစ်ဖြစ်ပါတယ်” ဟု ဆက်လက်ပြောဆိုခဲ့သည်။

ဆွီဒင်အစိုးရရုံးတို့၏ အစိုးရဆိုင်ရာ သတင်းအချက်အလက်များအား ပွင့်လင်းမြင်သာစွာ ထွတ်ဆိုခြင်း မရှိသောကြောင်း Anonyomous အဖွဲ့မှ ပညာပေးခြင်း တစ်ခုဖြစ်ကြောင်း သိရသည်။ ယင်းကဲ့သို့ အလားတူ တိုက်ခိုက်မှုမျိုးများကို ၂၀၀၃ ခုနှစ်မှ စတင်ခဲ့ခြင်း ဖြစ်ပြီး အမေရိကန် ပင်တဂွန် စစ်ဌာနချုပ်၊ အစိုးရဝဘ်ဆိုဒ်၊ ဟောင်ကောင်၊ တရုတ်ပြည်မ အပါအဝင် ကမ္ဘာတစ်လွှားမှာ အစိုးရဝဘ်ဆိုဒ်၊ စီးပွားရေး၊ ကုမ္ပဏီဝဘ်ဆိုဒ် အများအပြားကို တိုက်ခိုက်ခဲ့ဖူးသည်။ ယင်းသို့ တိုက်ခိုက်မှုများကြောင့် Anonymous အဖွဲ့အား ကမ်ဘာ့တစ်လွှားမှ ဝရမ်းထုတ်ထားပြီး သံသယရှိသူ မှန်သမျှအား လိုက်လံဖမ်းဆီးလျက်ရှိသည်။ အိုင်တီခေတ်တွင် နည်းပညာအားအလွဲသုံးစားလုပ်၍ ဖျက်လိုဖျက်ဆီးပြုနေ သည်ဟု နိုင်ငံတကာအစိုးရတို့က ယူဆနေချိန်တွင် Anonymous တို့အနေဖြင့် ၎င်းတို့လုပ်ဆောင်ချက်များက အကြောင်းမဲ့မဟုတ်ကြောင်း ရှင်းလင်းပြောကြားထားသည်။ Anomymous အဖွဲ့သည် 2015 ခုနှစ်တွင် အစရှာမရအောင် ခဏငြိမ်သက်သွားပြီး 2020 ခုနှစ် black lives matter ပြန်လည်ပေါ်ပေါက်လာပြီး ပြည်သူနှင့်တစ်သားတည်း ရပ်တည်ခဲ့သည်

ကိုးကား

[ပြင်ဆင်ရန်]
  1. Gabriella Coleman on Anonymous Brian Lehrer Live Vimeo (February 9, 2011)။ March 24, 2011 တွင် ပြန်စစ်ပြီး။
  2. 10 Things Everyone Should Know About Anonymous Anonews။ 7 February 2016 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ February 2016 တွင် ပြန်စစ်ပြီး။
  3. Anonymous Official - YouTube
  4. Landers၊ Chris (April 2, 2008)။ Serious Business: Anonymous Takes On Scientology (and Doesn't Afraid of Anything) Baltimore City Paper။ June 8, 2008 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ July 3, 2008 တွင် ပြန်စစ်ပြီး။
  5. Oltsik၊ Jon။ "Edward Snowden Beyond Data Security"၊ Network World၊ December 3, 2013 December 4, 2013 တွင် ပြန်စစ်ပြီး Archived from the original on 7 April 2014။
  6. Waites၊ Rosie။ "V for Vendetta masks: Who"၊ BBC News၊ October 20, 2011 October 20, 2011 တွင် ပြန်စစ်ပြီး
  7. Carter, Adam။ "From Anonymous to shuttered websites, the evolution of online protest"၊ CBC News၊ March 15, 2013 May 6, 2013 တွင် ပြန်စစ်ပြီး Archived from the original on 6 May 2013။
  8. Rawlinson, Kevin; Peachey, Paul (April 13, 2012)။ Hackers step up war on security services The Independent   via HighBeam Research (အသင်းဝင်ရန် လိုအပ်သည်။) 29 June 2013 တွင် မူရင်းအား မော်ကွန်းတင်ပြီး။ May 5, 2013 တွင် ပြန်စစ်ပြီး။
  9. Krupnick, Matt (August 15, 2011)။ Freedom fighters or vandals? No consensus on Anonymous Oakland Tribune MercuryNews.com။ July 10, 2013 တွင် ပြန်စစ်ပြီး။
  10. Gellman, Barton။ "The 100 Most Influential People In The World"၊ Time၊ April 18, 2012 10 February 2016 တွင် ပြန်စစ်ပြီး Archived from the original on 25 August 2013။