အဘဲရေတံခွန်ကြီး
ပုံပန်းသွင်ပြင်
အဘဲရေတံခွန်ကြီး | |
---|---|
Abe-no-Ōtaki | |
တည်နေရာ | Aoi-ku, Shizuoka Shizuoka Prefecture, Japan |
ကိုဩဒိနိတ် | 35°17′59″N 138°21′06″E / 35.29972°N 138.35167°Eကိုဩဒိနိတ်: 35°17′59″N 138°21′06″E / 35.29972°N 138.35167°E |
အမျိုးအစား | cascade |
စုစုပေါင်း အမြင့် | 80 m |
ပျမ်းမျှ အလျား | 4 m |
ရေလမ်း | Abe River |
အဘဲရေတံခွန်ကြီး (安倍の大滝, Abe-no-Ōtaki)သည် ဂျပန်နိုင်ငံ၊ ရှိဇုအိုခ၊ အအိုအိရပ်ကွက်မြောက်ပိုင်းတွင် တည်ရှိသည့် ရေတံခွန်တစ်ခု ဖြစ်သည်။ အဘဲမြစ်၏ အထက်ဘက်အပိုင်းတွင် တည်ရှိသည်။ တစ်ခါတရံ ဆုရဂရေတံခွန်ကြီး (駿河大滝, Suruga-no-Ōtaki) သို့မဟုတ် အိုတိုမဲရေတံခွန် (乙女の滝, Otome-no-taki) စသည်ဖြင့် ခေါ်ဆိုကြသည်။ ရေတံခွန်သည် အုမဲဂရှိမရေပူစမ်းအပန်းဖြေစခန်း၏ အနီးအနားတွင် တည်ရှိသည်။
ဤရေတံခွန်သည် ၁၉၉၀ ခုနှစ် ဂျပန်နိုင်ငံ သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည့် “ဂျပန်နိုင်ငံရှိ အကောင်းဆုံး ရေတံခွန် ၁၀၀” တွင် ပါဝင်သည်။