အဘီဂျေးလ် ဂျွန်ဆင်

ဝီကီပီးဒီးယား မှ
အဘီဂျေးလ် ဂျွန်ဆင်
အဘီဂျေးလ် ဂျွန်ဆင်
အမည်ရင်း အဘီဂျေးလ် ပီးယားပွန့်တ် ဂျွန်ဆင်
မွေးသက္ကရာဇ် ဒီဇင်ဘာ ၁၉၊ ၁၉၆၁

နိုင်ငံသား အမေရိကန်
လူမျိုး အမေရိကန်
ပညာရေး ဟားဗတ်စီးပွားရေးတက္ကသိုလ်
ကြွယ်ဝမှု အမေရိကန်ဒေါ်လာ ၁၁.၃ ဘီလျံ

၁၉၆၁ ဒီဇင်ဘာလ ၁၉ ရက်နေ့တွင် မွေးဖွားသော အဘီဂျေးလ် ပီးယားပွန့်တ် ဂျွန်ဆင် သည် အမေရိကန် လုပ်ငန်းရှင် အမျိုးသမီး တစ်ဦးဖြစ်သည်။ ဂျွန်ဆင် သည် ကိုယ်ရေးကိုယ်တာ နှင့် လုပ်ငန်းနေရာများ ရင်းနှီးမြုပ်နှံပေးသော Fidelity ရင်းနှီးမြှုပ်နှံခြင်းဆိုင်ရာ လုပ်ငန်းများ ၏ အကြီးအကဲ သမ္မတ ဖြစ်သည်။ Fidelityသည် သူမ၏ ဖခင် Edward ဂျွန်ဆင် ဦးဆောင်ခဲ့သော လုပ်ငန်းဖြစ်သည်။

ပညာအရည်အချင်းနှင့် လုပ်ငန်းကျွမ်းကျင်မှု[ပြင်ဆင်ရန်]

ဂျွန်ဆင် သည် Buckingham Browne & Nichols school မှ အခြေခံပညာ အထက်တန်းအောင်ပြီး၊ William Smith College တွင် ကောလိပ် တက်ပြီး ၁၉၈၄ ၌ B.A. in art history ကို ရရှိခဲ့သည်။ ၁၉၈၈ တွင် ဟားဒ်ဗတ် စီမံခန့်ခွဲကျောင်းမှ M.B.A ဘွဲ့ကို ရရှိခဲ့သည်။ သူမသည် Massachusetts ပြည်နယ်ရှိ Milton အရပ်တွင် နေထိုင်သည်။ Booz Allen & Hamilton တွင် အတိုင်ပင်ခံရာထူးနှင့် ၁၉၈၅ မှ ၈၆ အထိသူမ၏ MBA ဘွဲ့ကို အကျိုးရှိရှိ အသုံးချ လုပ်ကိုင်ပြီးနောက် အဖေဖြစ်သူ၏ ကုမ္ပဏီ (Fidelity အရင်းအနှီးလုပ်ငန်းများ) တွင် ရှယ်ယာတန်ဖိုး စာရွက်စာတမ်းများ စီမံခန့်ခွဲသူ အဖြစ် ၁၉၈၈ ခုနှစ်မှ ၁၉၉၇ အထိ ဝင်ရောက်လုပ်ကိုင်ခဲ့သည်။ ၁၉၉၇ ခုနှစ်တွင် သူမအား Fidelity ကုမ္ပဏီ၏ စီမံခန့်ခွဲရေးနှင့် သုတေသန အပိုင်းရှိ အုပ်ချူပ်ရေးရာထူး သို့ ရာထူး တိုးပေးခြင်း ခံရပြီး၊ ၎င်းအပိုင်း၏ အုပ်ချူပ်ရေး အကြီးအကဲ သမ္မတ အဖြစ် ၂၀၀၁ မှ ၂၀၀၅ ခုနှစ် လုပ်ကိုင်ခဲ့ပြီး ၂၀၀၈ ခုနှစ်တွင် Fidelity ကုမ္ပဏီ၏ အငြိမ်းစားယူခြင်းနှင့်သက်ဆိုင်သော ဝန်ဆောင်မှုများကို လုပ်ကိုင်သည့် Fidelity Institutional Retirement Services တွင် ဝင်ရောက် လုပ်ကိုင်သည်။ လက်ရှိ အနေအထားတွင် ဂျွန်ဆင်သည် ငွေအရင်းအနှီးဈေးကွက် ထိန်းသိမ်းရေး ကော်မတီ တွင် အသင်းဝင် တစ်ဦး အနေနှင့် ဆောင်ရွက် နေသည်။

ရရှိခဲ့သောဆုများ၊ ဘွဲ့များ နှင့် အသင်းဝင်ခဲ့သောလူမှု အဖွဲ့အစည်းများ[ပြင်ဆင်ရန်]

ဂျွန်ဆင်သည် SIFMA (Securities Industry and Financial Markets Association ) အသင်းကြီး ၏ ဘုတ် အဖွဲ့ဝင် ဒါရိုက်တာ တစ်ယောက်ဖြစ်သည်။

ကြွယ်ဝချမ်းသာမှုများ[ပြင်ဆင်ရန်]

သူမသည် ကမ္ဘာ့ ၂၂ ယောက်မြောက် အချမ်းသာဆုံးနေရာ တွင်ရှိသည်။ လက်ရှိသူမ၏ ပိုင်ဆိုင်မှုမှာ ၂၀၁၀ တွင် အမေရိကန်ဒေါ်လာ ၁၁.၃ ဘီလီယံ အထက် ရှိသည်။ သူမ၏ အဖေသည် အမေရိကန်ဒေါ်လာ ၈ သန်းနှင့် ကမ္ဘာ့အချမ်းသာဆုံး ၈၅ ယောက်မြောက်တွင် ရှိသည်။